ထိုင်းနိုင်ငံ အနည်းဆုံးလုပ်ခ ဧပြီမှာ နောက်တကြိမ် ထပ်တိုးမည်


25 December, 2023

ထိုင်းနိုင်ငံ အနည်းဆုံးလုပ်ခ ဧပြီမှာ နောက်တကြိမ် ထပ်တိုးမည်

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

မျှတသောနှုန်းထားများကို တွက်ချက်ရန် နည်းလမ်းအသစ်များကို ရှာဖေွသုံးစွဲရန် အမျိုးသားလုပ်ခလစာ စိစစ်ရေးအဖွဲ့ကို အလုပ်သမားဝန်ကြီးက တောင်းဆိုမည်ဟု ဆိုသည်။

 

သုံးပွင့်ဆိုင် နေ့စား အနည်းဆုံး လုပ်ခ ကော်မတီကို ဧပြီလတွင် နောက်တကြိမ် တိုးမြှင့်ပေးရန် ထိုင်းအစိုးရက တောင်းဆိုသည့်အခါတွင် လစာနှုန်းထားများကို ပြန်လည်သုံးသပ်ရန် တောင်းဆိုမည် ဖြစ်သည်။

ဧပြီလလယ်တွင် သင်္ကြန်ပွဲတော်အားလပ်ရက် မတိုင်မီ လုပ်ခတိုးပေးနိုင်ဖို့ မျှော်လင့်ကြောင်း အလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn က ပြောကြားသည်။

အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ပါဝင်သည့် သုံးပွင့်ဆိုင် ကော်မတီက ဒီဇင်ဘာ ၈ ရက်က အတည်ပြုခဲ့သည့် လုပ်ခလစာ တိုးမြှင့်မှုအပေါ် တညီတညွတ်တည်း သဘောတူကြောင်းဆုံးဖြတ်ခဲ့သည်။
၎င်းလုပ်ခလစာ တိုးမြှင့်မှုအရ နှုန်းထားအသစ်သည် ဘတ် ၃၃၀ မှ ၃၇၀ အထိ ရှိသည်။ ပြည်နယ်အပေါ် မူတည်ပြီး အနည်းအများ ကွာခြားသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင်သက်ရောက်မည် ဖြစ်သည်။ 


ယခင်တင်ပြချက်
ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာ ဇန်နဝါရီ ၁ ရက်မှာ တိုးမြှင့်မည်
https://www.industrialdirectory.com.mm/article/thailandraise-minimum-wage-jan-1.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

 လက်ရှိနှုန်းထားများမှာ ၃၂၈ ဘတ်နှင့် ၃၅၄ ဘတ်ကြား ရှိသည်။ သို့ဖြစ်ရာ ပြည်နယ်အပေါ် မူတည်ပြီး  ၂ ဘတ် မှ ၁၆ဝ ဘတ် အထိ တိုးမည်ဖြစ်သည်။ ပျမ်းမျှ ၂.၄% တိုးမည် ဖြစ်သည်။ သုံးပွင့်ဆိုင် ကော်မတီမှ ယခင် နောက်ဆုံး တိုးမြှင့်သတ်မှတ်ပေးခဲ့သည်မှာ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင်ဖြစ်ပြီး ပျမ်းမျှ ၅% တိုးပေးခဲ့သည်။

ယခုတကြိမ်တိုးသည်မှာ နည်းလွန်းသည်ဟု ဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး ဆရက်သာ သာဝီစင်က အပြင်းအထန် ဝေဖန်ခဲ့သည်။ ရွေးကောက်ပွဲတွင် ကတိပေးခဲ့သည့် ဘတ် ၄၀၀ ထက် နည်းနေသည်။ 


ယခင်တင်ပြချက်
အနိမ့်ဆုံးလုပ်ခ တိုးမြှင့်မည့် ပမာဏ နည်းပါးလွန်းသဖြင့် မကျေနပ်ကြောင်း  ထိုင်းဝန်ကြီးချုပ် ထုတ်ဖော်ပြောကြား
https://www.industrialdirectory.com.mm/article/thai-pm-on-min-wage.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

အလုပ်သမားဝန်ကြီး Mr Phiphat က သုံးပွင့်ဆိုင် ကော်မတီကို ပြန်စဉ်းစားပေးရန် တောင်းဆိုခဲ့သည်။

အမှီအခိုကင်းသော သုံးပွင့်ဆိုင်ကော်မတီက နိုင်ငံရေးအရ ဖိအားများ ပေးလာသည်ကို ငြင်းဆိုထားသော်လည်း စီးပွားရေးအခြေအနေများပေါ်မူတည်၍ နှုန်းထားများကို တွက်ချက်ရာတွင် ၎င်း၏နည်းလမ်းသည် ချိန်ညှိရန် လိုအပ်သည်ကို အသိအမှတ်ပြုပါသည်။ ဧပြီလ သို့မဟုတ် မေလတွင် နောက်ထပ်လုပ်ခလစာတိုးခြင်းအတွက်လည်း လမ်းဖွင့် ပေးထားပါသည်။

ပြည်နယ်တစ်ခုလုံးအတွက် တပြေးညီ သတ်မှတ်ပေးခြင်းအစား၊ ခရိုင်၊ စည်ပင်သာယာရေးနယ်နိမိတ် သို့မဟုတ် အသက်မွေးဝမ်းကျောင်းမှု အမျိုးအစားပေါ်မူတည်၍ လုပ်ခနှုန်းထားများ ကွဲပြားနိုင်ခြေကို လေ့လာရန် ကော်မတီအား တောင်းဆိုမည်ဖြစ်ကြောင်း မစ္စတာ Mr Phiphat က ပြောကြားသည်။

အချို့သော ပြည်နယ်များတွင် အလုပ်သမားများအတွက် တပြေးညီနှုန်းထားမှာ မမျှတကြောင်း ၎င်းက ပြောသည်။


“တချို့ အလုပ်သမားတွေက နေထိုင်စရိတ်ကြီးမြင့်တဲ့ မြို့လယ်မှာ အလုပ်လုပ်ကြတယ်။ ဒါပေမဲ့ နေထိုင်စရိတ်နည်းပါးတဲ့ ဧရိယာမှ အလုပ်သမားများနဲ့ အတူတူပဲ ဖြစ်နေတယ်" ဟု ၎င်းက ပြောကြားသည်။


လေ့လာမှုမှ တွေ့ရှိချက်များကို ကိုးကား၍ Mr Chai က အလုပ်သမားတစ်ဦးနှင့် ၎င်း၏ မိသားစုကို ထောက်ပံ့ရန် သင့်လျော်သော ပမာဏမှာ တစ်ရက်လျှင် ဘတ် ၅၆၀ ဖြစ်သည်ဟု ပြောကြားသည်။

Source bangkokpost 

TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U

Labour Affairs Read 279 times