အာရှတွင် အကြီးမားဆုံး ဘဏ်ငွေကြေးလိမ်လည်မှု ဗီယက်နမ်တွင် စစ်ဆေးကြားနာ


09 March, 2024

အာရှတွင် အကြီးမားဆုံး ဘဏ်ငွေကြေးလိမ်လည်မှု ဗီယက်နမ်တွင် စစ်ဆေးကြားနာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဗီယက်နမ်နိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၅ ဘီလီယံ ပါဝင်ပတ်သက်နေသော ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံး ငွေကြေး မသမာမှုဖြင့်  ဗီယက်နမ် အိမ်ခြံမြေ တိုင်ကွန်း အမျိုးသမီး ထရုန်မိုင်လန်းအား ရုံးတင်စစ်ဆေးကြားနာလျက်ရှိသည်။

လန်းသည် ရှယ်ယာ ၉၀ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် Saigon Commercial Bank (SCB)မှ ငွေသားများကို လိမ်လည်မှုဖြင့် စွပ်စွဲခံထားရသည်။

ဗီယက်နမ်မှ အဓိက အိမ်ရာဖွံ့ဖြိုးရေး လုပ်ငန်းကြီး  Van Thinh Phat ၏ ဥက္ကဋ္ဌ Lan သည် Saigon Commercial Bank (SCB) မှ ငွေများကို ဆယ်စုနှစ်တစ်ခုကြာ ချေးငွေ လျှောက်လွှာများဖြင့် လျှောက်ထားပြီး လိမ်လည်ရယူခဲ့သည်။

ဗဟိုဘဏ် ဝန်ထမ်းဟောင်းများ၊ အစိုးရအရာရှိဟောင်းများနှင့် SCB ၏ အမှုဆောင်ဟောင်းများ အပါအဝင် ၈၅ ဦးကိုလည်း ၎င်းအမှုဖြင့် အမှုဖွင့်ထားသည်။ 

 

၎င်းတို့သည် လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားမှု၊ ပိုင်ဆိုင်မှုတန်ဖိုး လိမ်လည်စာရင်းပြမှုနှင့် ဘဏ်လုပ်ငန်းဥပဒေချိုးဖောက်မှုများ အပါအဝင် စွဲချက်များနှင့် ရင်ဆိုင်နေရသည်။

 

လန်းနှင့် အပေါင်းပါ ဘဏ်ဝန်ထမ်းတို့သည် SCB ဘဏ္ဍာရေး အခြေအနေ ဆိုးဝါးနေသည်ကို ဖုံးဖိပေးထားရန်နှင့် ဘဏ်စည်းမျဉ်း ဥပဒေများ ချိုးဖောက်နေသည်ကို မသိကျိုးကျွန်ပြုရန် အစိုးရ အရာရှိများအား ကန်ဒေါ်လာ ၅ ဒသမ ၂ သန်းရှိသော ပမာဏဖြင့် လာဘ်ထိုးခဲ့ကြသည်။

 

SCB ငွေချေးစာချုပ် ကိုင်ဆောင်သူ ၄၂,၀၀၀ ဦး ဝန်းကျင်သည် အတိုးလည်း မရ၊ အရင်းလည်း ပြန်ထုတ်မပေးသည့် အဖြစ်ကို ကြုံနေရသည်။ 

ဆန္ဒပြသည်ကို ပြင်းထန်စွာ အရေးယူသည့် ဗီယက်နမ်နိုင်ငံတွင် ၎င်းအမှုမှာ ငွေကြေးဆုံးရှုံးထားသူများက ဟနွိုင်းနဲ့ ဟိုချီမင်းမြို့မှာ ရှားရှားပါးပါးဆန္ဒပြခဲ့ကြရာ လူရာပေါင်းများစွာ တညီတညွှတ်တည်း ပါဝင်ဆန္ဒပြခဲ့ကြသည်။

လန်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ဖမ်းဆီးခဲ့သည်။

 

 အဆိုပါအမှုကို မတ်လ ၅ ရက်တွင် တရားရုံးတွင် ကြားနာခဲ့ရာ၌ တရားခံများ များပြားသဖြင့် ၎င်းတို့ကို  ဗင်ကားများ တသီတတန်း ယာဉ်တန်းဖြင့်  တရားရုံးသို့ ခေါ်ဆောင်ခဲ့သည်။  တရားရုံး အတွင်းနှင့် အပြင် ပတ်ပတ်လည်ကို လုံခြုံရေး ထူထပ်စွာ စောင့်ကြပ်ထားသည်။

 

လန်း အပါအဝင် စုစုပေါင်းတရားခံ ၇၈ ဦးကို တရားရုံးတွင် စစ်ဆေးခဲ့ပြီး ရှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်‌ေနသည်ဟု ရဲဌာနက ပြောကြသည်။

တရုတ်နိုင်ငံသား ၂ ဦးမှာ တိမ်းရှောင်နေဆဲ ဖြစ်သည်။

ရဲတပ်ဖွဲ့သည် တရားခံပြေးများကို နိုင်ငံတကာ ဖမ်းဝရမ်းထုတ်ထားသည်။

 

လန်း လိမ်လည်ရယူခဲ့သည့် ငွေပမာဏသည် ၂၀၂၂ ခုနှစ် ဗီယက်နမ် ဂျီဒီပီ၏ ၃% နှင့် ညီမျှသည်။

 

လာဘ်ထိုးခဲ့သည့် ပမာဏ ကန်ဒေါ်လာ ၅.၂ သန်းသည် ဗီယက်နမ်တွင် အကြီးမားဆုံး လာဘ်ပေးလာဘ်ယူ ပမာဏအဖြစ် မှတ်တမ်းတင်သည်။

 

အစိုးရရှေ့နေ ၁၀ ဦးနှင့် တရားခံများ၏ ရှေ့နေ ၂၀၀ နီးပါး အမှုတွင် ပါဝင်လုပ်ဆောင်ကြသည်။

 

သက်သေအထောက်အထား စာရွက်စာတမ်းများ အလေးချိန် စုစုပေါင်းသည် ၆ တန် ရှိသည်။ 

 

လိမ်လည်ရယူသည့် ကန်ဒေါ်လာ ၁၂.၅ ဘီလီယံသည် အာရှတွင် အကြီးမားဆုံးငွေကြေးလိမ်လည်မှု ဖြစ်ပါသည်။

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 523 times