ဖမ်းဆီးထားသည့် ရေနံတင်သင်္ဘော သင်္ဘောသား လဲလှယ်ရန် အီရန် သဘောတူ


09 March, 2024

ဖမ်းဆီးထားသည့် ရေနံတင်သင်္ဘော သင်္ဘောသား လဲလှယ်ရန် အီရန် သဘောတူ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

၂၀၂၄ ခုနှစ် ဇန်န၀ါရီလတွင် အီရန်က ဖမ်းဆီးထားသည့်  ရေနံတင်သင်္ဘော St Nikolas တွင် သင်္ဘောသားများကို လဲလှယ်ရန် အီရန်က သဘောတူညီခဲ့သည်။

 

158,000 dwt ရေနံတင်သင်္ဘော St Nikolas ကို ဂရိမှ Empire Navigation က စီမံခန့်ခွဲသည်။

ဖိလစ်ပိုင် ၁၈ ဦးနှင့် ဂရိအလုပ်သင်အရာရှိ ၁ ဦးတို့ တာဝန်ထမ်းဆောင်သည်။

 

ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန၏အဆိုအရ ပထမအသုတ် သင်္ဘောသားများကို ယခုသီတင်းပတ်ကုန်တွင် အိမ်ပြန်ခွင့်ပြုမည့် သဘောတူညီချက်တစ်ရပ်ရရှိပြီးဖြစ်ကာ ၎င်းနောက် မတ်လနှောင်းပိုင်းတွင် နောက်ထပ် ဒုတိယအသုတ် သင်္ဘောသားများ အိမ်ပြန်ခွင့် ရရှိမည် ဖြစ်သည်။ 

ထိုသို့ အိမ်ပြန်မည့် သင်္ဘောများနေရာကို အစားထိုးရန် သင်္ဘောသားများကို ကုမ္ပဏီက ရေနံတင်သင်္ဘော St Nikolas ထံ မဖြစ်မနေ ပို့ပေးရမည် ဖြစ်သည်။ 

 

ပထမအသုတ်တွင် St Nikolas မှ ဖိလစ်ပိုင်သင်္ဘောသား ကိုးဦးသည် ဖိလစ်ပိုင်သို့ ပြန်လာကြမည် ဖြစ်သည်။

မတ်လ ၁၃ ရက်တွင် နောက်ထပ် ၂ ဦး  ဖိလစ်ပိုင်သို့ ပြန်လာကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် တဦး ပြန်ခွင့် ရရှိခဲ့သည်။

 

နောက်ဆုံး၌ ဖိလစ်ပိုင်သင်္ဘောသား ၆ ဦး သင်္ဘောပေါ်တွင် ကျန်ရစ်မည် ဖြစ်သည်။ ၎င်းတို့သည်လည်း များမကြာခင် အိမ်ပြန်ခွင့်ရမည်ဟု ယူဆရသည်။

 

သင်္ဘောသားများကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်း မဟုတ်ဘဲ တရားရုံးအမိန့်ဖြင့် တရားဝင်ဖမ်းဆီးရမိခဲ့သည့် ရေနံတင်သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်သူများဖြစ်ကြောင်း အီရန်က အခိုင်အမာ ပြောကြားခဲ့သည်။

သင်္ဘောသားများကို ၎င်းတို့၏ စာချုပ်များ ပြီးဆုံးချိန်တွင် သင်္ဘောမှ ထွက်ခွာခွင့် ပေးမည်ဖြစ်ကြောင်း အီရန်က သဘောတူထားသည်။

 

သင်္ဘောသည် အီရန်တွင် ရှိနေစဉ် သင်္ဘောသားများ၏ လစာ နှစ်ဆတိုးပေးရန် ကမ်းလှမ်းထားကြောင်း သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက ပြောကြားသည်။

 

သင်္ဘောသားတစ်ဦးသည် အဆိုပါကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပြီး ဖေဖော်ဝါရီတွင် ဖိလစ်ပိုင်သို့ ပြန်ရန် သင်္ဘောမှ ထွက်ခွာရန် ခွင့်ပြုခဲ့သည်။ ၎င်းသည် ဖိလစ်ပိုင်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

 

သင်္ဘောကို ဖမ်းဆီးပြီး မကြာခင်မှာပင် ဂရိနိုင်ငံသား အလုပ်သင်အရာရှိတဦးကို အိမ်ပြန်ရန် ခွင့်ပြုခဲ့ပါသည်။ 

အစားထိုးရန်အတွက် ဖိလစ်ပိုင်သင်္ဘောသားများကို အလုပ်ခန့်မည် မဟုတ်ဘဲ အခြားနိုင်ငံသားများကိုသာ ရွေးချယ်ထားကြောင်း သင်္ဘောသား အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီက ပြောကြားသည်။

 

လက်ရှိတွင် သင်္ဘောသား ၉၀ ခန့် ပါသော ရေနံတင်သင်္ဘော ငါးစင်းကို အီရန်က ဖမ်းဆီးထားသည်။

Source marineinsight 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Port Read 341 times