Batik Air မှ လေယာဉ်မှူးများ ဝေဟင်မှာ ပျံသန်းစဉ် ပြိုင်တူအိပ်ခဲ့သည့်ဖြစ်ရပ်  စုံစမ်းစစ်ဆေးမှုဖွင့်


09 March, 2024

Batik Air မှ လေယာဉ်မှူးများ ဝေဟင်မှာ ပျံသန်းစဉ် ပြိုင်တူအိပ်ခဲ့သည့်ဖြစ်ရပ်  စုံစမ်းစစ်ဆေးမှုဖွင့်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

မကြာသေးမီက ပျံသန်းစဉ်အတွင်း လေယာဉ်မှူးနှစ်ဦး အိပ်ပျော်သွားသည့် ဖြစ်ရပ်ကို သိရှိပြီးနောက် ပြည်တွင်းလေကြောင်းလိုင်း Batik Air တွင် စုံစမ်းစစ်ဆေးမှုကို စတင်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက မတ်လ ၉ ရက်တွင် ပြောကြားပါသည်။

 .

လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့သည် ဇန်နဝါရီ ၂၅ ရက်က အနောက်တောင်ပိုင်းရှိ ဆူလာဝေစီမှ မြို့တော်ဂျကာတာသို့ ပျံသန်းစဉ် ၂၈ မိနစ်ခန့် တပြိုင်နက် အိပ်ပျော်ခဲ့ကြောင်း အမျိုးသားသယ်ယူပို့ဆောင်ရေး ဘေးကင်းရေးကော်မတီ (KNKT) ၏ ပဏာမအစီရင်ခံစာတွင် ဖော်ပြထားသည်။

.

ထိုသို့ အိပ်စက်ခဲ့ကြသဖြင့် လေယာဉ် ပျံသန်းသွားလာမှုတွင် အမှားအယွင်းများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ကံကောင်းထောက်မသဖြင့် ၎င်းလေယာဉ် Airbus A320 ပေါ် လိုက်ပါလာကြသည့် ခရီးသည်များနှင့် ဝန်ထမ်းများသည် ၂ နာရီနှင့် ၃၅ မိနစ် ကြာမြင့်သည့် ခရီးစဉ်တလျှောက် ထိခိုက်မှု မရှိခဲ့ပါ။ 

 

သယ်ယူပို့ ဆောင်ရေး ဝန်ကြီးဌာနသည် အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ Batik Air ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချခဲ့သည်။

လေကြောင်း ပို့ဆောင်ရေး ညွန်ကြားရေးမှူးချုပ် M Kristi Endah Murni က လေကြောင်းလိုင်းများသည် ၎င်းတို့၏ လေယာဉ်အမှုထမ်းများ၏ အနားယူချိန်ကို ပိုမိုအ‌လေးပေးရန် ညွှန်ကြားခဲ့သည်။

.

"ကျွန်ုပ်တို့သည် Batik Air နှင့် လေကြောင်းအော်ပရေတာများ အားလုံးအတွက် အင်ဒိုနီးရှားတွင် ညပျံသန်းမှုများကို  ပင်ပန်းနွမ်းနယ်မှု အန္တရာယ် စီမံခန့်ခွဲမှုနှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှုနှင့် ပြန်လည်သုံးသပ်ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။"ဟု Kristi က ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

Batik Air က တုံ့ပြန်သည့် ထုတ်ပြန်ချက်တွင် "Batik Air သည် လုံလောက်သော အနားယူမှု မူဝါဒဖြင့် ကျင့်သုံးသည်။ ဘေးကင်းရေး အကြံပြုချက် အားလုံးကို ကျင့်သုံးရန် သံန္နိဋ္ဌာန် ချထားပါသည်။"ဟု ဖော်ပြထားသည်။

.

ဇန်န၀ါရီလ ၂၅ ရက်က ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ပါဝင်ခဲ့သည် လေယာဉ်မှူးများကို တာဝန်မှ ယာယီ ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။ 

.

.

လေယာဉ်မှူးတစ်ဦးသည် လေယာဉ်မပျံသန်းမီ ညတွင် လုံလောက်စွာ အနားယူခြင်း မရှိဟု စစ်ဆေးသိရှိခဲ့သည်။ 

.

လေယာဉ်တက်ပြီး နာရီဝက်ခန့်အကြာတွင် လေယာဉ်မှူးသည် ခေတ္တအနားယူရန် တွဲဘက်လေယာဉ်မှူးထံ ခွင့်ပန်ခဲ့သည်။

တွဲဘက်လေယာဉ်မှူးက သဘောတူ ခွင့်ပြုသည်။

ထို့နောက် တွဲဖက်လေယာဉ်မှူးသည် လေယာဉ် ကွပ်ကဲမှုကို တာဝန် လွှဲပြောင်း ရယူလိုက်သည်။ ထို့နောက်တွင် တွဲဖက်လေယာဉ်မှူးသည် အမှတ်မထင် အိပ်ပျော်သွားခဲ့သည်။

.

“တွဲဖက်လေယာဉ်မှူးမှာ တစ်လသား အမြွှာကလေး ရှိနေတယ်။ သူ့မိန်းမက ကလေးတွေကို ပြုစုစောင့်ရှောက်ပြီး သူက အိမ်မှာနေတဲ့အခါ ကူညီပေးတယ်" ဟု စုံစမ်းစစ်‌ဆေးရေးမှူးက ပြောကြားသည်။

.

တွဲဖက်လေယာဉ်မှူးမှ နောက်ဆုံး ဆက်သွယ်မှု မှတ်တမ်းတင်အပြီး မိနစ်အနည်းငယ်အကြာတွင် ဂျာကာတာရှိ ဧရိယာထိန်းချုပ်ရေးစင်တာမှ လေယာဉ်ကို ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ တုံ့ပြန်မှု မရရှိခဲ့ပါ။

.

နောက်ဆုံး မှတ်တမ်းတင်ထားသော ဆက်သွယ်မှုအပြီး နှစ်ဆယ့်ရှစ်မိနစ်အကြာတွင် လေယာဉ်မှူးသည် နိုးလာပြီး ၎င်း၏ တွဲဖက်လေယာဉ်မှူး အိပ်ပျော်နေကြောင်း သိလိုက်သည်။

လေယာဉ်သည်  လမ်းကြောင်းအမှားဖြင့် ပျံသန်းနေကြောင်းလည်း သတိပြုမိသည်။

သူ့လုပ်ဖော်ကိုင်ဖက်ကို ချက်ချင်းနှိုးလိုက်သည်။

ဂျကာတာမှ ခေါ်ဆိုမှုများကို တုံ့ပြန်ခဲ့သည်။ 

လေယာဉ်ကို လမ်းကြောင်းအမှန်ပေါ် ပြန်တင်ပေးသည်။

.

လေယာဉ်သည် ဘေးကင်းစွာဖြင့် ဆင်းသက်ခဲ့ပါသည်။

.

စုံစမ်းစစ်‌ဆေ’ရေးမှူးများက လေယာဉ်မှူးများ မည်သူမည်ဝါ ဆိုသည်ကို ဖော်ထုတ်ပြောကြားခြင်း မပြုသော်လည်း ၎င်းတို့ နှစ်ဦးစလုံးမှာ အင်ဒိုနီးရှားနိုင်ငံသားများဖြစ်ပြီး အသက် ၃၂ နှစ်နှင့် ၂၈ နှစ်တို့ ဖြစ်သည်ဟု ဆိုသည်။

Source AFP


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Air Read 1076 times