မလေးရှား Goodyear တာယာစက်ရုံ ပိတ်သိမ်း


09 March, 2024

မလေးရှား Goodyear တာယာစက်ရုံ ပိတ်သိမ်း

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

ကမ္ဘာ့အကြီးဆုံး တာယာထုတ်လုပ်သူများထဲ ပါဝင်သည့် Goodyear Tire & Rubber Co သည် မလေးရှားတွင် ၎င်း၏ စက်ရုံကို လာမည့် ဇွန်လ ၃၀ ရက်တွင် ပိတ်သိမ်းရန် စီစဉ်နေသည်။

စက်ရုံမှ လုပ်သား ၅၀၀ ကျော် အလုပ်အကိုင် ဆုံးရှုံးမည် ဖြစ်သည်။ 

အဆိုပါ စက်ရုံကို မလေးရှားနိုင်ငံ Selangor ပြည်နယ် Shah Alam ခရိုင်တွင် ၁၉၇၂ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။

 

Goodyear သည် မကြာသေးမီနှစ်များအတွင်း ၎င်းစက်ရုံတွင် မပေးရသေးသည့် လုပ်ခလစာများ၊ အလွန်အကျွံ အချိန်ပို ဆင်းခိုင်းခြင်း၊ ဒါဇင်နှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများအပေါ်  ခြိမ်းခြောက်မှုများ အပါအဝင် အလုပ်သမားများအပေါ်  နိုင်ထက်စီးနင်းပြုသည့်  စွပ်စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရသည်။

 

ကုမ္ပဏီနှင့် အလုပ်သမားများသည် ၂၀၂၂ ခုနှစ်တွင် ပြေလည်မှု ရရှိခဲ့ပြီး လုပ်သက်အရ ရင်းဂစ် ၅ သောင်းမှ ၂ သိန်းအထိ နစ်နာကြေး ပေးအပ်ခဲ့သည်။

မလေးရှားအစိုးရနှင့် Goodyear တို့သည် အဆိုပါအလုပ်သမားများကိုကူညီရန် ပံ့ပိုးမှုဆိုင်ရာမူဘောင်တစ်ခု ထူထောင်ဖို့ လုပ်ဆောင်နေပါသည်။

ကျွမ်းကျင်မှု မြှင့်တင်ခြင်း၊ အခြားတတ်ကျွမ်းမှု သင်ကြားပေးခြင်း၊ အလုပ်အကိုင် ရှာဖွေပေးခြင်း အစရှိသည့် အစီအစဉ်များ ပါဝင်သည်။

မလေးရှားမှ ကုမ္ပဏီများသည် စားအုန်းဆီမှအစ၊ ဆေးဘက်ဆိုင်ရာ လက်အိတ်များအလယ်၊ ဆီမီးကွန်ဒတ်တာ ချစ်ပ်များ ထုတ်လုပ်ခြင်းအဆုံး သန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများကို အားကိုးထားသည်။ ၎င်းတို့၏စက်ရုံများတွင် အလုပ်သမားအပေါ် အနိုင်ကျင့်ခြင်း၊ မတရားစေခိုင်းခြင်း၊ လုပ်ခလစာ မပေးခြင်း အစရှိသည့် စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရသည်။

အထူးသဖြင့် မလေးရှားနိုင်ငံ လူ့အရင်းအမြစ် ဝန်ကြီးဌာနနှင့် အမေရိကန်နိုင်ငံမှ အာဏာပိုင်တို့က စွပ်စွဲချက်များ အကြိမ်ကြိမ် ထုတ်ပြန်ထားကြသည်။

၂၀၃၀ ပြည့်နှစ်တွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးကို မလေးရှားအစိုးရက ရည်မှန်းချက် ချမှတ်ထားပါသည်။

Source business times 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Investment/Divestment Read 402 times