MSC ကွန်တိန်နာသင်္ဘော မီးငြိမ်းပြီးနောက် ထွက်ခွာခွင့် တားမြစ်ထား


09 March, 2024

MSC ကွန်တိန်နာသင်္ဘော မီးငြိမ်းပြီးနောက် ထွက်ခွာခွင့် တားမြစ်ထား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

MSC Mediterranean Shipping Company ၏ ကွန်တိန်နာသင်္ဘော MSC Sao Paulo V မီးလောင်ခဲ့ရာ ငါးရက်အကြာတွင် ငြိမ်းလုနီးပါး ဖြစ်သွားသည်။

  

ဆက်လက်လုပ်ဆောင်မည့် နောက်ထပ်အဆင့်အတွက် အစီအစဥ်ရေးဆွဲနေချိန်တွင် သင်္ဘောအား ၎င်း၏ လက်ရှိနေရာမှ ထွက်ခွာခြင်း မပြုရန် တားမြစ်ထားသည်။

 

လိုက်ဘေးရီးယားတွင် မှတ်ပုံတင်ထားသည့် 63,500 dwt ကွန်တိန်နာသင်္ဘောသည် မတ်လ ၃ ရက်က အင်ဂျင်ခန်း မီးလောင်မှု ဖြစ်ပွားခဲ့သည်။

MSC Sao Paulo V သည် စိန့်လောရန့်မြစ်ပေါ်ရှိ Les Escoumins ရှိ ရေကြောင်းပြစခန်းဆီသို့ ချဉ်းကပ်လာနေစဉ် မီးထလောင်ခဲ့ခြင်း ဖြစ်သည်။

4,500 TEU အထိ တင်ဆောင်နိုင်သော MSC Sao Paulo V သည် ကနေဒါနိုင်ငံ မွန်ထရီရယ်မှ ပေါ်တူဂီသို့ ထွက်ခွာစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 ကနေဒါကမ်းခြေစောင့်တပ်က သင်္ဘော အခြေအနေကို ဆက်လက်စောင့်ကြည့်နေပါသည်။

ကနေဒါကမ်းခြေစောင့်တပ်၏ မြစ်ရေ ရေခဲပြင်ခွဲသင်္ဘော CCGS Amundsen သည်လည်း အနီးတဝိုက်တွင် အသင့်အနေအထားဖြင့် ဆက်ရှိပေးနေသည်။ Coast Guard Environmental Response Team ကလည်း လိုအပ်ပါက တုံ့ပြန်ဆောင်ရွက်ပေးရန် အသင့် ရှိနေသည်။

 

ယခုဖြစ်စဉ်နှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာရခြင်း မရှိကြောင်းနှင့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ မရှိကြောင်း သတင်းထုတ်ပြန်ပါသည်။

 

မီးငြှိမ်းလုနီးပါး ဖြစ်နေပြီး  မီးခိုးနှင့် လေထုထဲ ကာဘွန်ဒိုင်အောက်ဆိုဒ် ပါဝင်မှု မြင့်မားနေသေးကြောင်း သတင်းပေးပို့ထားသည်။

 

အကာအကွယ်ဝတ်စုံ  မပါဘဲ သင်္ဘောပေါ် သွားလာနိုင်ရန် အနည်းဆုံး ၂၄ နာရီကြာ သင်္ဘောကို လေဝင်လေထွက် ဆောင်ရွက်ပေးဖို့ လိုအပ်မည် ဖြစ်သည်။

MSC သည် အမေရိကန်မှ အထူးပြုကိရိယာများနှင့်အတူ မီးသတ်သမားအဖွဲ့များကို ပို့ဆောင်ပေးခဲ့သည်။

ကုမ္ပဏီ၏အခြားကွန်တိန်နာသင်္ဘောနှစ်စင်းဖြစ်သော MSC Don Giovanni (41,590 dwt) နှင့် MSC Celine (39,000 dwt) တို့သည် ထိုဒေသတွင် ရောက်ရှိနေပြီး အကူအညီပေးရန် MSC Sao Paulo V ဆီသို့ သွားရောက်ခဲ့ကြသည်။

 

မီးလောင်သည့် MSC Sao Paulo V မှ သင်္ဘောသားများသည် စားနပ်ရိက္ခာများ အပါအဝင် အခြား မရှိမဖြစ် လိုအပ်ချက်များကို ၎င်းသင်္ဘောနှစ်စင်းထံမှ ရယူကြသည်။

 

တွန်း/ဆွဲ ရေယာဉ် နှစ်စင်းဖြင့် MSC Sao Paulo V ကို ဒီရေ ကျချိန်တွင် သင်္ဘော သောင်မတင်အောင် လွတ်ကင်းရာတွင် ထိန်းကျောင်းပေးထားသည်။

 

Source marineinsight 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Port Read 1425 times