ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာ ဇန်နဝါရီ ၁ ရက်မှာ တိုးမြှင့်မည်


08 December, 2023

ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာ ဇန်နဝါရီ ၁ ရက်မှာ တိုးမြှင့်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အနည်းဆုံး အခကြေးငွေ တိုးမြှင့် သတ်မှတ်ရန်  အသေးစိတ် အပြီးသတ်အဆင့်  ညှိနှိုင်းမှုပြုရန် အလုပ်ရှင်၊ အလုပ်သမားနှင့် အစိုးရ ကိုယ်စားလှယ်များ ပါဝင်သည့် သုံးပွင့်ဆိုင် ကော်မတီက ဒီဇင်ဘာ ၈ ရက်တွင် တွေ့ဆုံပြီး အစည်းအဝေးထိုင်ခဲ့ကြသည်။
သုံးပွင့်ဆိုင် ကော်မတီက လက်ရှိတွင်  တစ်ရက်လျှင် ၃၂၈-၃၅၄ ဘတ် သတ်မှတ်ထားသည်ကို ၃၃၀ ဘတ်မှ ၃၇၀ ဘတ် (အမေရိကန်ဒေါ်လာ ၉.၃၃ မှ ၁၀.၄၆ ဒေါ်လာ) အထိ တိုးမြှင့်သတ်မှတ်ရန် သဘောတူညီခဲ့ကြသည်။
  
ပြည်နယ်များအကြား ဂျီဒီပီအဆင့်နှင့် အလုပ်သမားအရေအတွက် ကွဲပြားသောကြောင့် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးမည့် ပမာဏသည် နေရာဒေသကို လိုက်၍ အနည်းအများ ကွာခြားချက် ရှိမည် ဖြစ်သည်။ 

“ပြည်နယ်တိုင်းမှာ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်တာကို တွေ့ရမှာ ဖြစ်ပေမယ့် မတူတဲ့နှုန်းနဲ့ တက်လာမှာပါ” ဟု အလုပ်သမားဝန်ကြီး Phiphat Ratchakitprakarn က ပြောကြားသည်။

ကော်မတီသည် နိုင်ငံတစ်ဝှမ်းရှိ ပြည်နယ် အလုပ်သမားရုံးများမှ တင်သွင်းသည့် အဆိုပြုချက်များကို စဉ်းစားပေးပြီး နယ်ပယ်တစ်ခုစီ၏ စီးပွားရေးအခြေအနေနှင့် ကိုက်ညီမှုရှိစေရန် အနိမ့်ဆုံးလုပ်ခကို ပြည်နယ်အလိုက် ညှိပေးမည်ဖြစ်ကြောင်း ၎င်းက အစည်းအဝေး မစတင်ခင်မှာ ပြောကြားခဲ့သည်။


လာမည့်နှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်သက်ရောက်နိုင်ရန် ရည်မှန်းထားသည်။

“ဒီချိန်ညှိမှုက စီးပွားရေးအခြေအနေတွေပေါ်မူတည်ပြီး စီးပွားရေးလုပ်ငန်းတွေအတွက် သင့်လျော်တဲ့ နှုန်ထားဖြစ်ဖို့ကို အခြေခံထားပြိး အလုပ်သမားတွေကို သင့်လျော်တဲ့ လူနေမှုအဆင့်အတန်းကို ရရှိစေမှာပါ” ဟု အလုပ်သမားအမြဲတမ်းအတွင်းဝန် Pairoj Chotikasathien က ပြောကြားသည်

ယခင်အစိုးရလက်ထက်တွင် ယမန်နှစ် အောက်တိုဘာလမှာ အနိမ့်ဆုံးလုပ်ခလစာ ၅.၀၂% တိုးမြှင့်ပေးခဲ့သည်။ 

အာဏာရပါတီ ဖြစ်သည့် ဖြူထိုင်းပါတီ မဲဆွယ်စဉ်က နိုင်ငံတဝှမ်းရှိ အလုပ်သမားများအတွက် နှစ်သစ်ကူးလက်ဆောင်အဖြစ် ဇန်နဝါရီ ၁ ရက်၌ အနည်းဆုံးလုပ်ခလစာ တစ်ရက်လျှင် ဘတ် ၄၀၀ သို့ တိုးပေးမည်ဟု ကတိပြုထားသည်ထက်  နည်းနေသည်။
ဘတ် ၄၀၀ သို့ တိုးပေးပါက များလွန်းနေမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်များ မြင့်တက်လာမည်ကို စိုးရိမ်မှုများကြောင့် စီးပွားရေးလုပ်ငန်းများကို တုန်လှုပ်စေခဲ့သည်။ စီးပွားရေး ကျဆင်းနေချိန်တွင် ထိုင်းရင်းနှီးမြှုပ်နှံသူများအတွက် ပြိုင်ဆိုင်နိုင်စွမ်း နည်းပါးနေစေမည်ဟု သုံးသပ်ကြသည်။ 

အလုပ်သမားဝန်ကြီးဌာနသည် လာမည့် အင်္ဂါနေ့ (ဒီဇင်ဘာ ၁၂ ရက်) တွင် ကျင်းပမည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် အဆိုတင်သွင်းမည်ဟု Phiphat က ပြောသည်။ ဇန်န၀ါရီလ ၁ ရက်နေ့ မတိုင်ခင် အတည်ပြုချက် ရရှိမည်ဟု မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားသည်။ 

Source Star, nation thailand
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 179 times