အနိမ့်ဆုံးလုပ်ခ တိုးမြှင့်မည့် ပမာဏ နည်းပါးလွန်းသဖြင့် မကျေနပ်ကြောင်း  ထိုင်းဝန်ကြီးချုပ် ထုတ်ဖော်ပြ


09 December, 2023

အနိမ့်ဆုံးလုပ်ခ တိုးမြှင့်မည့် ပမာဏ နည်းပါးလွန်းသဖြင့် မကျေနပ်ကြောင်း  ထိုင်းဝန်ကြီးချုပ် ထုတ်ဖော်ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဝီဆင်က  သုံးပွင့်ဆိုင် ကော်မတီ အကြံပြုထားသည့် အနိမ့်ဆုံးလုပ်ခ တိုးမြှင့်မည့် ပမာဏ နည်းပါးလွန်းသဖြင့် မကျေနပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။


 အလုပ်သမားဝန်ကြီးဌာနက အတည်ပြုချက် ရယူရန်  အစိုးရအဖွဲ့ထံ တင်ပြသည့်အခါ ကန့်ကွက်မဲ ပေးမည်ဟု ဆရက်သာက စနေနေ့ (ဒီဇင်ဘာ ၉) တွင် ပြောကြားသည်။
 
ယခင်တင်ပြချက်
ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခလစာ ဇန်နဝါရီ ၁ ရက်မှာ တိုးမြှင့်မည်
https://www.industrialdirectory.com.mm/article/thailandraise-minimum-wage-jan-1.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

အနိမ့်ဆုံး လုပ်ခ သတ်မှတ်ရေး သုံးပွင့်ဆိုင်ကော်မတီက ဘတ် ၃၃၀ မှ ၃၇၀ ကြား နှုန်းသစ်သတ်မှတ်ရန် ဆုံးဖြတ်ခဲ့သည်။
လက်ရှိနှုန်းထားမှာ ဘတ် ၃၂၈-၃၅၄ ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီး တာဝန်ကိုလည်း ထမ်းဆောင်နေသည့် ဆာရက်သာက ၂ ဘတ်မှ ၁၆ ဘတ်အထိသာ တိုးပေးခြင်းသည် နည်းလွန်းသည်။ နေထိုင်စရိတ်များ မြင့်တက်နေသည်နှင့် နှိုင်းယှဉ်လျှင် အလွန်နည်းနေသည်ဟု ပြောကြားသည်။

 “သန်းပေါင်းများစွာသော လူတွေက သူတို့ရတဲ့ နေ့စားလုပ်ခအပေါ် အားကိုးပြီး နေထိုင်ကြရတယ်။ ၂ ဘတ်မှ ၇ ဘတ်အထိမျှသာ တိုးတယ်ဆိုတာ အလွန်နည်းနေပါတယ်" ဟု ပြောကြားသည်။
“အလုပ်သမားတွေရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ဖို့ အချိန်တန်ပါပြီ။ ထိုင်းအလုပ်သမားများကို ကမ္ဘာ့ ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား နိုင်ငံသားများအဖြစ် မထားကြပါနဲ့"ဟု ဆာရက်သာက ပြောကြားသည်။
 
"တချို့ပြည်နယ်မှာ ဘာလို့ ၂ ဘတ်ပဲ တိုးပေးရသလဲဆိုတာ ကျွန်တော် မသိပါဘူး။ ကြက်ဉတလုံးတောင် ဝယ်လို့မရဘူး" ဟု ၎င်းက ပြောကြားသည်။

လုပ်သားအင်းအားများပြားပြီး ဂျီဒီပီလည်း မြင့်သည့် ပြည်နယ်များတွင် ဘတ်၄၀၀ ဟု သတ်မှတ်ခြင်းသည် အသင့်တော်ဆုံးဟု ၎င်းက ပြောကြားသည်။ 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 255 times