Swatch က မလေးရှား အစိုးရကို တရားစွဲဆိုရန်  ကွာလာလမ်ပူတရားရုံးချုပ်က လက်ခံ


23 August, 2023

Swatch က မလေးရှား အစိုးရကို တရားစွဲဆိုရန်  ကွာလာလမ်ပူတရားရုံးချုပ်က လက်ခံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


Swatch သည် Pride လက်ပတ်နာရီပေါင်း ၁၀၀ ကျော်ကို သိမ်းဆည်းခံရသည့်အတွက် တရားစွဲဆိုရန် မလေးရှားနိုင်ငံ ကွာလာလမ်ပူတရားရုံးချုပ်သို့ ဦးတိုက်လျှောက်ထားခဲ့ရာ တရားရုံးချုပ်က ကြားနာစစ်ဆေးပေးရန် လက်ခံလိုက်သည်။


 ယခင်တင်ပြချက်အပြည့်အစုံ

LGBTQ ကို ဖော်ညွှန်းသည့် Swatch လက်ပတ်နာရီများကို မလေးရှားတွင် ပိတ်ပင်



https://www.industrialdirectory.com.mm/article/lgbtq-swatch.html

Swatch Group က လက်ပတ်နာရီများ သိမ်းဆည်းသည့်အတွက် မလေးရှားအစိုးရကို တရားစွဲဆို
https://www.industrialdirectory.com.mm/article/swatch-group.html


 

မလေးရှားနိုင်ငံတွင် လိင်တူဆက်ဆံခြင်းသည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်သည်ဟု ပြဋ္ဌာန်းထားပြ LGBTQ များသည် ခွဲခြားနှိမ်ချ ဆက်ဆံခြင်းကို ရင်ဆိုင်နေရသည်။
LGBTQ ကို ကိုယ်စားပြုရည်ညွန်းသည့် သက်တန်ရောင် Swatch လက်ပတ်နာရီများကို ယခုနှစ် အစောပိုင်းတွင် ပိတ်ပင်ခဲ့ပြီး ဒေသအာဏာပိုင်တို့က သိမ်းဆည်းခဲ့ကြသည်။
၎င်းနာရီ ရောင်းသူ၊ ဝယ်သူ၊ လက်ဝယ်ရှိသူသည် ထောင်ဒဏ် ၃ နှစ်အထိ ကျနိုင်သည်ဟုလည်း သတိပေးထားသည်။


 မေလတွင် အာဏာပိုင်များသည် မလေးရှားနိုင်ငံတစ်ဝှမ်းရှိ ကုန်တိုက် ၁၁ ခုရှိ Swatch စတိုးဆိုင်များကို ဝင်ရောက်စီးနင်းခဲ့ပြီး LGBT ပစ္စည်းများဟု သတ်မှတ်ပြီး လက်ပတ်နာရီ ၁၇၂ လုံးကို သိမ်းဆည်းခဲ့သည်။

Swatch သည် အဆိုပါဖမ်းဆီးရမိမှုကို တရားစီရင်ရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုမှတစ်ဆင့် တရားယှဉ်ပြိုင်နိုင်သည်ဟု ကွာလာလမ်ပူတရားရုံးချုပ်က ဗုဒ္ဓဟူးနေ့(ဩဂုတ် ၂၄)တွင် ဆုံးဖြတ်ခဲ့သည်ဟု Swatch ကုမ္ပဏီ၏ရှေ့နေ Nizam Bashir က AFP သို့ ပြောကြားခဲ့သည်။
"လက်ပတ်နာရီတွေ ပြန်ပေးဖို့၊ ထိခိုက်နစ်နာမှုများကို ကြားနာပေးပါရန် Swatch က ဦးတိုက်လျှောက်ထားခဲ့တာကို တရားရုံးက သဘောတူလိုက်ပါတယ်" ဟု ၎င်းက ပြောကြားသည်။
အမှုကို ကြားနာရန် စက်တင်ဘာလ ၆ ရက် ရုံးချိန်း ရက်ပေးထားသည်။

Swatch က ၎င်း၏ "ကုန်သွယ်မှု ဂုဏ်သိက္ခာကို ထိခိုက်ပျက်စီးစေသည်" ဟု လျှောက်လဲချက် တင်ပြထားသည်။
“နာရီတွေဟာ လိင်ပိုင်းဆိုင်ရာ တက်ကြွအောင်မြှင့်တင်တာ မဟုတ်ပါ။  ငြိမ်းချမ်းရေးနဲ့ ချစ်ခြင်းမေတ္တာကို ကျေနပ်ပျော်ရွှင်စေတဲ့ သရုပ်ဖော်မှုတစ်ခုမျှသာ ဖြစ်ပါတယ်" ဟု လျှောက်လဲချက်တွင် ဖော်ပြထားသည်။ သို့ဖြစ်ရာ သိမ်းဆည်းထားသော လက်ပတ်နာရီများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုထားသည်။

မလေးရှား အစိုးရက LGBTQ+ ကို ပုံမှန်လူနေမှုအဖြစ် လက်ခံအောင် ကြိုးပမ်းသော လှုပ်ရှားမှုများကို မလေးရှားရှိ လူအများတို့က လက်မခံကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သိမ်းဆည်းအရေးယူခြင်းကို  မလေးရှားနိုင်ငံ၏ ၁၉၈၄ ခုနှစ် ပုံနှိပ်တိုက်များနှင့် ပုံနှိပ်ထုတ်‌ေဝခြင်းအက်ဥပဒေ အရ ဆောင်ရွက်ခဲ့သည်။ ဝေဖန်သူများက ပြင်းထန်လွန်းသည်ဟု  ရှုံ့ချခဲ့ကြသည်။

Swatch က လက်ပတ်နာရီသည် ပုံနှိပ်ထုတ်ဝေခြင်းနှင့် ဘာမှ မပတ်သက်သဖြင့် ၎င်းဥပဒေအရ အရေးယူခွင့် မရှိဟု ပြောကြားခဲ့သည်။

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global News Read 437 times