LGBTQ ကို ဖော်ညွှန်းသည့် Swatch လက်ပတ်နာရီများကို မလေးရှားတွင် ပိတ်ပင်


11 August, 2023

LGBTQ ကို ဖော်ညွှန်းသည့် Swatch လက်ပတ်နာရီများကို မလေးရှားတွင် ပိတ်ပင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


LGBTQ ကို ဖော်ညွှန်းထားသည့် Swatch Group ၏ လက်ပတ်နာရီများနှင့် ဆက်စပ်ပစ္စည်းများကို  မလေးရှားက တားမြစ်ပိတ်ပင်ခဲ့ပြီး ဆွစ်ဇာလန် နာရီထုတ်လုပ်သူ Swatch ၏ ထုတ်ကုန်များသည် အကျင့်စာရိတ္တနှင့် အများသူငှာ ကောင်းကျိုးကို ထိခိုက်စေနိုင်သည်ဟု ပြောဆိုခဲ့သည်။

 လိင်တူဆက်ဆံခြင်းသည် မွတ်ဆလင် အများစု နေထိုင်သည့် မလေးရှားတွင် ရာဇ၀တ်မှုတစ်ခု ဖြစ်သည်။
 
 လိင်တူချစ်သူများ၊  မိန်းမလျာများ၊  လိင်တူချစ်သူများ၊ လိင်တူလိင်ကွဲ နှစ်မျိုးလုံးကို စိတ်ဝင်စားသောသူများ၊ လိင်ပြောင်းထားသူများနှင့် လိင်တူချင်းဆက်ဆံသော ယောကျာ်းတို့ အကျုံးဝင်သည့်  LGBTQ အသိုင်းအဝိုင်းအပေါ် သည်းခံမည် မဟုတ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များကို သတိပေးထားသည်။

မေလတွင် မလေးရှားနိုင်ငံသည် Swatch ၏ 'Pride collection' မှ သက်တံရောင်နာရီများတွင် LGBTQ ဟူသော အတိုကောက် ပါဝင်မှုကြောင့် ၎င်းနာရီများကို အာဏာပိုင်တို့က သိမ်းဆည်းခဲ့သည်။
Swatch နာရီများ၊ သေတ္တာများ၊ ထုပ်ပိုးပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ၊ အခြားပစ္စည်းများတွင် LGBTQ ရည်ညွှန်းချက်များကို တားမြစ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ကြာသပတေးနေ့(ဩဂုတ် ၁၀)တွင် ပြောကြားခဲ့သည်။
LGBTQ+ ကို ပုံမှန်လူနေမှုအဖြစ် လက်ခံအောင် ကြိုးပမ်းသော လှုပ်ရှားမှုများကို မလေးရှားရှိ လူအများတို့က လက်မခံကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။ 

တားမြစ်ထားသော ပစ္စည်းကို ရောင်းချခြင်း သို့မဟုတ် ပိုင်ဆိုင်ခြင်းအား ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်ပြီး ငွေဒဏ် ရင်းဂစ် ၂၀၀၀၀ (ဒေါ်လာ ၄၃၇၆) အထိ ချမှတ်နိုင်သည်။
 
Swatch သည် မေလတွင် အာဏာပိုင်တို့က Swatch လက်ပတ်နာရီများ သိမ်းဆည်းခြင်းသည် ဥပဒေနှင့် မညီညွှတ်ဟု ဆိုကာ  မလေးရှားအစိုးရအား တရားစွဲဆိုထားကြောင်း Industries Guide တွင် ဖော်ပြခဲ့ပါသည်။


Swatch Group က လက်ပတ်နာရီများ သိမ်းဆည်းသည့်အတွက် မလေးရှားအစိုးရကို တရားစွဲဆို
https://www.industrialdirectory.com.mm/article/swatch-group.html


 

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global News Read 362 times