Swatch Group က လက်ပတ်နာရီများ သိမ်းဆည်းသည့်အတွက် မလေးရှားအစိုးရကို တရားစွဲဆို


18 July, 2023

Swatch Group က လက်ပတ်နာရီများ သိမ်းဆည်းသည့်အတွက် မလေးရှားအစိုးရကို တရားစွဲဆို

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဆွစ်ဇာလန်မှ လက်ပတ်နာရီထုတ်လုပ်သူ Swatch Group သည် Pride-themed သက်တန့်လက်ပတ်နာရီများကို သိမ်းဆည်းသည့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်  မလေးရှားအစိုးရကို တရားစွဲဆိုထားသည်။

Swatch Group (Malaysia) Sdn သည် ရင်းဂစ် ၆၄,၇၉၅ ($14,214) တန်ဖိုးရှိ လက်ပတ်နာရီ ၁၇၂ ခုအတွက် မေလတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ သိမ်းဆည်းရန် အမိန့်စာကို ပယ်ဖျက်‌ပေးရန် ဇွန်လ ၂၄ ရက်တွင် အထက်တရားရုံးထံမှ စီရင်ချက်အမိန့်တောင်းခံခဲ့သည်။ ထို့ပြင် အထက်တရားရုံးမှ အမိန့်ထုတ်ပြန်ပြီး ၅ ရက်အတွင်း သိမ်းဆည်းထားသော လက်ပတ်နာရီများအားလုံး ပြန်လည်ပေးအပ်ရန်အတွက်လည်း တောင်းဆိုခဲ့သည်ဟု MalayMail က သတင်းဖော်ပြသည်။

ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် Swatch ဆိုင်ခွဲ ၁၆ ခုမှ နာရီ ၁၇၂ လုံးကို တရားမဝင် သိမ်းဆည်းခဲ့သည်ဟု Swatch က တရားရုံးသို့ တင်ပြသည့် အမှုတွဲတွင် ဖော်ပြထားသည်။

လက်ပတ်နာရီများကို LGBT အခြင်းအရာကို အားပေးအားမြှောက်ပြုခြင်း သို့မဟုတ် ပါ၀င်ခြင်းကြောင့် သိမ်းဆည်းရန် နို့တစ်ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ကြောင်း Swatch မှ ပြောကြားပါသည်။

LGBT အခွင့်အရေးများကို ဂုဏ်ပြုသည့် သက်တန့်ရောင် နာရီများကို သိမ်းဆည်းခြင်းမှာ ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု ကုမ္ပဏီက ပြောကြားသည်။

၎င်းလက်ပတ်နာရီများသည် ၁၉၈၄ ခုနှစ် ပုံနှိပ်တိုက်များနှင့် ပုံနှိပ်ထုတ်ဝေခြင်းဥပဒေ Printing Presses and Publications Act (PPPA) ကို ချိုးဖောက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ စွပ်စွဲခဲ့သည်။

လက်ပတ်နာရီသည် ပုံနှိပ်တိုက်များနှင့် ပုံနှိပ်ထုတ်ဝေခြင်းဥပဒေဖြင့် တားဆီးနိုင်သည့်အရာ မဟုတ်သဖြင့် လက်ပတ်နာရီများ သိမ်းဆည်းခြင်းသည် ဥပဒေနှင့်မညီဟု Swatch က အခိုင်အမာ ပြောကြားသည်။

လက်ပတ်နာရီများတွင် LGBTQ ဟူသော စာလုံးများ ပါနေကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားသည်။
သိမ်းဆည်းခံရသော နာရီအများစုတွင် 'LGBTQ' စာလုံး မပါရှိကြောင်း Swatch မှ ပြောကြားသည်။

အဆိုပါအမှုကို  ကွလာလမ်ပူတရားရုံးချုပ်မှာ ကြားနာရန် ဇူလိုင် ၂၀ ရက်တွင် ရုံးချိန်း ချိန်းဆိုထားသည်။

လိင်တူဆက်ဆံခြင်းသည် မွတ်စလင်အများစုနေထိုင်သော မလေးရှားတွင် ရာဇ၀တ်မှုမြောက်သည်။ lesbian, gay, bisexual, transgender and queer (LGBTQ) အသိုင်းအဝိုင်းကို လက်မခံကြောင်း အတိအလင်း သတိပေးထားသည်။

Source malaymail
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global News Laws and Regulations Read 290 times