ဩဂုတ်လတွင် ဆော်ဒီ ရေနံ လျှော့ထုတ်သော်လည်း အာရှသို့  အပြည့်အ၀ တင်ပို့ပေးမည်


11 July, 2023

ဩဂုတ်လတွင် ဆော်ဒီ ရေနံ လျှော့ထုတ်သော်လည်း အာရှသို့  အပြည့်အ၀ တင်ပို့ပေးမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

Saudi Aramco သည် မြောက်အာရှရှိ ဖောက်သည်အချို့အား ဩဂုတ်လတွင် မှာကြားထားသော ရေနံစိမ်းပမာဏ အပြည့်အဝကို လက်ခံရရှိမည်ဖြစ်ကြောင်း အသိပေးထားသည်။
ဆော်ဒီရေနံစိမ်း အများဆုံး ထိပ်တန်းဝယ်လက် တရုတ်နိုင်ငံသည် ဝယ်ယူသည့် ပမာဏ ဆက်လက်လျှော့ချထားသည်။

ကမ္ဘာ့အကြီးဆုံးရေနံတင်ပို့သည့် ဆော်ဒီအာရေဗျသည် ဇူလိုင်လတွင်  (barrels-per-day bpd)  တစ်နေ့လျှင် စည်ပေါင်း ၁ သန်း လျှော့ထုတ်ပြီး ဩဂုတ်လတွင်လည်း  စည်ပေါင်း ၁ သန်း ဆက်လက် လျှော့ထုတ်မည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။
 


ယခင်တင်ပြချက်

ဆော်ဒီအာရေဗျနှင့် ရုရှားတို့က ရေနံ လျှော့ထုတ်မည်ဟု ကြေညာ

https://www.industrialdirectory.com.mm/article/saudi-arabia-and-russia.html


 

အာရှဖောက်သည်များထံ ဩဂုတ်လတွင် ပေးပို့မည့် ရေနံစိမ်းအမျိုးအစားအများစုအတွက် စျေးနှုန်းများကို တိုးမြှင့်ခဲ့သည်။ ဇူလိုင်လတွင် တကြိမ် တိုးမြှင့်ခဲ့ပြီး ဩဂုတ်လတွင် ထပ်မံတိုးမြှင့်ခဲ့သည်။


ယခင်တင်ပြချက်

ဆော်ဒီအာရေဗျ  ဩဂုတ်လ အာရှရေနံဈေးနှုန်းများ ထုတ်ပြန်ကြေညာ

https://www.industrialdirectory.com.mm/article/saudi-arabia-hikes-august-oil-prices.html


 

တရုတ်ပြည်မှ အစိုးရပိုင် ရေနံချက်စက်ရုံ လုပ်ငန်းအကြီးစားများနှင့် ပုဂ္ဂလိကပိုင် ရေနံချက်စက်ရုံ လုပ်ငန်းအကြီးစားများသည် ဇူလိုင်လတွင် ဆော်ဒီရေနံ ဝယ်ယူသည့် ပမာဏ လျှော့ချခဲ့ကြပြီး ဩဂုတ်လအတွက်လည်း ထပ်မံ လျှော့ချထားသည်။ ဇူလိုင်လထက် စည် ၈ သန်း လျော့နည်းသည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 296 times