ဆော်ဒီအာရေဗျနှင့် ရုရှားတို့က ရေနံ လျှော့ထုတ်မည်ဟု ကြေညာ


04 July, 2023

ဆော်ဒီအာရေဗျနှင့် ရုရှားတို့က ရေနံ လျှော့ထုတ်မည်ဟု ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ရေနံ အဓိကတင်ပို့သည့် နှစ်နိုင်ငံ ဖြစ်သည့်  ဆော်ဒီအာရေဗျနှင့် ရုရှားတို့က ရေနံ ရောင်းချသည့် ပမာဏ လျှော့ချမည်ဟု ကြေညာခဲ့ကြသည်။
ဆော်အာရေးဗီးယားက စျေးကွက်တည်ငြိမ်စေရန် ကြိုးပမ်းမှုဟု ဆိုသည်။
.
ဆော်ဒီအာရေဗျနိုင်ငံသည် ရေနံ ထုတ်လုပ်မှုကို ဇူလိုင်လတွင် တစ်ရက်လျှင် စည်ပေါင်း ၁ သန်း လျှော့ချထားသည်ကို ဩဂုတ်လအထိ သက်တမ်းတိုးမည်ဖြစ်ကြောင်း အစိုးရပိုင် Saudi Press Agency တွင် ကြေညာခဲ့သည်။
သို့ဖြစ်ရာ ဩဂုတ်လတွင် ဆော်ဒီအာရေဗျသည် တစ်ရက်လျှင် စည် ၉ သန်း ထုတ်လုပ်မည် ဖြစ်သည်။
.
ထိုသို့ လျှော့ချသည့်အတွက် ရေနံစိမ်း ဈေးနှုန်းများ မြင့်တက်နိုင်ပြီး ဆော်ဒီအာရေဗျ အပါအဝင် ရေနံတင်ပို့သည့် နိုင်ငံများ အကျိုးအမြတ် ပိုမိုရရှိကြမည် ဖြစ်သည်။
.


ယခင်တင်ပြချက်
ဆော်ဒီအာရေဗျ ရေနံစိမ်း လျှော့ထုတ်မည်
https://www.industrialdirectory.com.mm/article/saudi-oil-cut.html


ရုရှားသည်လည်း  လောင်စာဆီ တင်ပို့မှုကို လျှော့ချမည်ဖြစ်သည်။
 .
 ရေနံဈေးကွက် ဟန်ချက်ထိန်းရန် ရုရှားသည် မိမိဆန္ဒအလျောက် ဩဂုတ်လတွင် ကမ္ဘာ့ဈေးကွက်သို့ ရေနံတင်ပို့မှုကို တစ်ရက်လျှင် စည် ၅ သိန်း လျှော့ချမည်ဟု ကြေညာသည်။ ထုတ်လုပ်မှုကိုပါ လျှော့ချမည်၊ သို့မဟုတ်ပါက တင်ပို့မှုကိုသာ လျှော့ချမည် ဆိုသည်ကို မသိရပါ။
.
Source oil price

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Export, Import Read 373 times