ဆော်ဒီအာရေဗျ ရေနံစိမ်း လျှော့ထုတ်မည်


06 June, 2023

ဆော်ဒီအာရေဗျ ရေနံစိမ်း လျှော့ထုတ်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဆော်ဒီအာရေဗျ ဦးဆောင်သည့် အိုပက်အဖွဲ့ဝင် ၁၃ နိုင်ငံနှင့် ရုရှားဦးဆောင်သည့် အိုပက်အဖွဲ့ဝင်မဟုတ်သော ၁၀ နိုင်ငံ ပါဝင်သည့် OPEC+ အစည်းအဝေးကို ၇ နာရီကြာ ကျင်းပပြီးနောက် ဆော်ဒီက ရေနံထုတ်လုပ်မှုကို ဇူလိုင်လတွင် တစ်ရက် စည် ၁ သန်း လျှော့ချမည်ဟု တနင်္ဂနွေနေ့တွင် ကြေညာသည်။
ယခုအခါ တစ်ရက် စည် ၁၀ သန်း ထုတ်လုပ်လျက်ရှိပြီး ဇူလိုင်လမှစ၍ တစ်ရက် စည် ၉ သန်း ထုတ်လုပ်မည် ဖြစ်သည်။


ဆော်ဒီအာရေဗျ၏ ကြေညာချက်အပြီး နာရီပိုင်းအကြာ တနင်္လာနေ့အစောပိုင်းတွင် အာရှရေနံ ဈေးကွက်တွင် ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာကျော် ခုန်တက်သွားသည်။

ဆော်ဒီ ရေနံလျှော့ထုတ်ခြင်းကြောင့် အာရှတွင် ရေနံ မလုံမလောက် ဖြစ်မလာနိုင်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။ သတင်းကို အကြောင်းပြုပြီး ဈေးကစားကြခြင်းကြောင့် ဈေးတက်ခြင်း ဖြစ်သည်။


OPEC+ သည် ယမန်နှစ်က တစ်ရက် စည် ၂ သန်း လျှော့ချရန် သဘောတူခဲ့ကြပြီး ယခုနှစ် ဧပြီလတွင် တစ်ရက် စည် ၁.၆၆ သန်း လျှော့ချရန် သဘောတူခဲ့ကြသည်။ စုစုပေါင်း တစ်ရက် စည် ၃.၆၆ သန်း လျှော့ထုတ်နေသည်ကို ၂၀၂၄ ခုနှစ် နှစ်ကုန်အထိ ဆက်လက်လျှော့ထုတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 292 times