ဆော်ဒီအာရေဗျ  ဩဂုတ်လ အာရှရေနံဈေးနှုန်းများ ထုတ်ပြန်ကြေညာ


07 July, 2023

 ဆော်ဒီအာရေဗျ  ဩဂုတ်လ အာရှရေနံဈေးနှုန်းများ ထုတ်ပြန်ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ရေနံ ထိပ်တန်းတင်ပို့သည့် ဆော်ဒီအာရေဗျသည် အာရှသို့ ဩဂုတ်လတွင် တင်ပို့မည့် ရေနံစိမ်း အမျိုးမျိုးတွင် အများစုကို ဈေးနှုန်း တိုးမြှင့်လိုက်သည်။ ဇူလိုင်လကလည်း ဈေး တကြိမ်တက်ခဲ့ရာ ယခု ဩဂုတ်လအတွက်ဈေးတကြိမ် ထပ်တက်ခြင်း ဖြစ်သည်။
 ဇူလိုင်လ ထုတ်လုပ်မှု တစ်ရက်လျှင် စည်တစ်သန်း လျှေ့ာချထားသည်ကို ဩဂုတ်လတွင်လည်း ဆက်လက်၍ တစ်ရက်လျှင် စည်တစ်သန်း လျှေ့ာချထားမည်ဟု မကြာသေးခင်က ကြေညာခဲ့သည်။

ဆော်ဒီအာရေဗျနှင့် ရုရှားတို့က ရေနံ လျှော့ထုတ်မည်ဟု ကြေညာ
https://www.industrialdirectory.com.mm/article/saudi-arabia-and-russia.html


Saudi Aramco သည် ဩဂုတ်လတွင် သင်္ဘောတင်မည့် ရေနံစိမ်း အကြဲ Arab Light ကို အာရှအတွက် တရားဝင် ရောင်းဈေး official selling prices (OSP) ကို ဇူလိုင်လထက် တစ်စည်လျှင် ကန်ဒေါ်လာ ၂၀ ဆင့် ဈေးတက်လိုက်သည်။ အိုမန်/ဒူဘိုင်း ရည်ညွှန်းဈေးအထက် တစ်စည်လျှင် $ 3.20 ဟု သတ်မှတ်ကြောင်း နိုင်ငံပိုင်ရေနံကုမ္ပဏီကြီး Saudi Aramco က ထုတ်ပြန်သည်။

ဈေးကွက်ကျွမ်းကျင်သူတို့က ဈေးတက်လိမ့်မည်ဟု ကြိုတင်မှန်းဆထားကြသည့်အတိုင်း ဈေးတက်သွားခဲ့သည်။

ဆော်ဒီအာရေးဗီးယားသည် ဩဂုတ်လတွင် အာရှအတွက် Extra Light ရေနံစိမ်းစျေးနှုန်းကို အိုမန်/ဒူဘိုင်း ရည်ညွှန်းဈေးအထက် တစ်စည်လျှင် $2.55 ဖြင့် ဇူလိုင်လအတိုင်း ဆက်လက်ထားရှိသည်။ အတက်အကျ ဈေးအပြောင်းအလဲ မရှိပါ။

Arab Medium ကို ကန်ဒေါ်လာ ၂၀ ဆင့်ဈေးတက်သည်။ 

အိုမန်/ဒူဘိုင်း ရည်ညွှန်းဈေးအရ အာရှအတွက် ဩဂုတ်လ ဆော်ဒီရေနံနှုန်းဈေး 

ရေနံစိမ်း အမျိုးအစား ဇူလိုင် ဩဂုတ် အတက်/အကျ
SUPER LIGHT 4.35 4.75 -0.4
EXTRA LIGHT 2.55 2.55 0
LIGHT 3.2 3 0.2
MEDIUM 2.65 2.45 0.2
HEAVY 1 0.8 0.2


Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 314 times