ကမ္ဘာ့ LNG ကုန်သွယ်မှု တရုတ်နိုင်ငံ ကြီးစိုးခွင့် ရရှိ


13 February, 2022

ကမ္ဘာ့ LNG ကုန်သွယ်မှု တရုတ်နိုင်ငံ ကြီးစိုးခွင့် ရရှိ


အမေရိကန်မှ LNG ရောင်းချသူများက တရုတ်နိုင်ငံကို ကမ္ဘာ့ LNG ကုန်သွယ်မှုတွင် အဓိက အင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိခွင့် ပေးအပ်လိုက်ပါတယ်။
ကမ္ဘာ့ သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG)  ဈေးကွက်မှာ လာမယ့်နှစ်များမှာ အဓိကကုန်သွယ်မှုအားတစ်ရပ်အဖြစ် တရုတ် LNG လုပ်ငန်းများက အနေအထား ရယူထားနိုင်တော့မှာ ဖြစ်ပါတယ်။

နိင်ငံပိုင်လုပ်ငန်း Sinopec Corp , Sinochem Group, ပုဂ္ဂလိကပိုင်  ENN Natural Gas Co, China Gas တို့က ပြည်တွင်းဈေးကွက် အတွက်သာမက ပြည်ပအရောင်းအတွက် ဘီဂျင်း၊ စင်ကာပူ၊ လန်ဒန် အစရှိတဲ့မြို့တွေမှာ ကုန်သွယ်ရေး အဖွဲ့တွေ ထူထောင်နေပါတယ်။
Shell, TotalEnergies, Vitol တို့လို ဈေးကွက်ထဲမှာ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ ကစားသမားများနှင့် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ကစားသမား တိုးလာသလို LNG ဈေးကွက်ကလည်း ကြီးထွားနေပါတယ်။ ၂၀၂၇ မှာ ၂၀၂၀ ထက် နှစ်ဆပိုကြီးပြီး အမေရိကန်ဒေါ်လာ ၂၀ ဘီလျံ ရှိမယ်လို့ ကြိုတင်ခန့်မှန်း ထားပါတယ်။

ယခင်နှစ်က LNG တင်သွင်းမှု တန်ချိန်ပမာဏက စံချိန်တင် တန်ချိန် ၇၉ သန်နီးပါး ရှိခဲ့ပြီး ယခင်နှစ်များမှာ အများဆုံးတင်သွင်းတဲ့ ဂျပန်နိုင်ငံထက် ပိုများခဲ့ပါတယ်။ 

တရုတ်နိုင်ငံက LNG ကမ္ဘာ့အများဆုံးတင်သွင်းနိုင်ငံ ဖြစ်လာ

တရုတ်အစိုးရက ပြည်တွင်းဈေးကွက်မှာ ချုပ်ကိုင်မှုများ ဖြေလျော့ပေးခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့လို့ LNG သွင်းကုန် လုပ်ကိုင်တဲ့ လုပ်ငန်းအရေအတွက် ပိုများလာပါတယ်။

အမေရိကန်မှ LNG ရောင်းချသူများနှင့် တရုတ်ကုမ္ပဏီများ လက်မှတ်ရေထိုးခဲ့ကြတဲ့ အရောင်းအဝယ် စာချုပ်များအရ တရုတ်ကုမ္ပဏီများ ဝယ်ယူရရှိမယ့် LNG ပမဏက ပြည်တွင်းလိုအပ်ချက် လုံလောက်တဲ့အပြင် ကမ္ဘာ့ LNG ဈေးကွက်မှာ ရောင်းချဖို့ ပမာဏ အလျှံပယ် ရရှိနေကြမှာ ဖြစ်ပါတယ်။ 
ယမန်နှစ် ၂၀၂၁ မှာ တရုတ်လုပ်ငန်းများက အမေရိကန်ပို့ကုန်လုပ်ငန်းများ ဖြစ်ကြသော Cheniere Energy (LNG.A) နှင့် Venture Global တို့ထံမှ LNG တစ်နှစ် တန်ချိန် ၁၀ သန်းကျော် ဝယ်ယူရန် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ၂၀၄၅ အထိ နှစ်စဉ် ဝယ်ယူမှာ ဖြစ်ပါတယ်။ သင်္ဘောတင်ပြီးတဲ့အခါ ခရီးဆုံးဆိပ်ကမ်း လိုသလိုပြောင်းလဲ နိုင်ပါတယ်။ သင်္ဘော တင်ထားတဲ့ LNG များကို နှစ်သက်ရာနိုင်ငံသို့ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံပိုင်လုပ်ငန်း CNPC က ရုရှားနှင့် ဓာတ်ငွေ့ပိုက်လိုင်းဖြင့် ရောင်းချတဲ့ အရောင်းအဝယ် သဘောတူညီချက်အသစ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ လက်ငင်းဈေးကွက်မှာ ရောင်းဖို့ ဓာတ်ငွေ့ပမာဏ တိုးစေမှာ ဖြစ်ပါတယ်။


 နိုင်ငံပိုင်စွမ်းအင်လုပ်ငန်းကြီး PetroChina ရဲ့ ကုန်သွယ်ရေးလုပ်ငန်း Chinaoil က တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး LNG ကုန်သည် ဖြစ်ပြီး ယမန်နှစ်က တရုတ်နိုင်ငံ ပြင်ပမှာ LNG တန် ၁၅ သန်းကျော် ရောင်းဝယ်ခဲ့ပါတယ်။ LNG ရောင်းဝယ်ရေး လုပ်ငန်းကြီးများဖြစ်တဲ့  Vitol နှင့် Trafigura တို့နဲ့ ပခုံးချင်းယှဉ်ပြီး ပြိုင်ဘက် လုပ်ငန်း အဖြစ်သို့ ရောက်ရှိနေပါတယ်။

တရုတ်နိုင်ငံက ပိုလျှံ LNG ပြန်ရောင်းရန် တင်ဒါခေါ်

Global News Energy News Read 518 times