၂၀၂၁ မှာ ဂျပန် LNG တင်သွင်းမှု လျော့ကျ၊ တရုတ်နိုင်ငံက LNG ကမ္ဘာ့အများဆုံးတင်သွင်းနိုင်ငံ ဖြစ်လာ


24 January, 2022

၂၀၂၁ မှာ ဂျပန် LNG တင်သွင်းမှု လျော့ကျ၊ တရုတ်နိုင်ငံက LNG ကမ္ဘာ့အများဆုံးတင်သွင်းနိုင်ငံ ဖြစ်လာ

၂၀၂၁ မှာ ဂျပန်နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) တင်သွင်းမှု ၂% လျော့ကျခဲ့ပါတယ်။ စုစုပေါင်း တန်ချိန် ၇၄.၃၂ သန်း တင်သွင်းခဲ့ပါတယ်။
တရုတ်နိုင်ငံက LNG ကမ္ဘာ့အများဆုံး  တင်သွင်းတဲ့ နိုင်ငံ ဖြစ်လာပါတယ်။ တင်သွင်းမှု ပမာဏ ၁၈% ပိုများခဲ့ပြီး စံချိန်တင်ခဲ့ပါတယ်။ စုစုပေါင်း တန်ချိန် ၇၈.၉၃ သန်း တင်သွင်းခဲ့ပါတယ်။

ရေနံစိမ်းတင်သွင်းမှုမှာလည်း ဂျပန်နိုင်ငံ လျော့ကျခဲ့တာ ၉ နှစ်ဆက်တိုက် ရှိပါပြီ။ ကားတွေမှာ လျှပ်စစ်- ဓာတ်ဆီ ၂ မျိုးစပ်ကားတွေ ပိုမိုသုံးစွဲလာကြတာနဲ့အမျှရေနံစိမ်း လိုအပ်ချက် လျော့ကျလာပါတယ်။ ရေနံစိမ်းတင်သွင်းမှု ၁.၂ % လျော့နည်းခဲ့ပြီး ပျမ်းမျှ တစ်ရက် စည် ၂.၅ သန်း တင်သွင်းခဲ့ပါတယ်။ ဂျပန် ဓာတ်ဆီ အသင်း Petroleum Association of Japan (PAJ) ရဲ့ အချက်အလက်များအရဘ၁၉၆၈ ခုနှစ်နောက်ပိုင်း အနည်းဆုံး စံချိန်သစ် ဖြစ်ပါတယ်။

လျှပ်စစ်ဓာတ်အားစက်ရုံသုံး မီးထိုးကျောက်မီးသွေး တင်သွင်းမှု ပိုများခဲ့ပါတယ်။ ၂၀၂၁ မှာ ၇.၇% ပိုများခဲ့ပြီး တန်ချိန် ၁၁၂.၉ သန်း တင်သွင်းခဲ့ပါတယ်။

တင်သွင်းမှု များပြားတဲ့ တရုတ်နိုင်ငံက ပိုလျှံ LNG များကို ပြန်ရောင်းထုတ်ဖို့ တင်ဒါများ ခေါ်ယူထားပါတယ်။

တရုတ်နိုင်ငံက ပိုလျှံ LNG ပြန်ရောင်းရန် တင်ဒါခေါ်

Export, Import Energy News Read 417 times