တရုတ်နိုင်ငံက ပိုလျှံ LNG ပြန်ရောင်းရန် တင်ဒါခေါ်


23 January, 2022

တရုတ်နိုင်ငံက ပိုလျှံ LNG ပြန်ရောင်းရန် တင်ဒါခေါ်

၂၀၂၁ မှာ သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ကို ကမ္ဘာ့အများဆုံး တင်သွင်းခဲ့တဲ့ တရုတ်နိုင်ငံက LNG များကို ဈေးကွက်ပေါက်ဈေးဖြင့် ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီမားဆုံး LNG တင်သွင်းတဲ့ နိုင်ငံပိုင်လုပ်ငန်းကြီး နှစ်ခုက တင်ဒါများ ခေါ်ယူပါတယ်။ အသုံးအများဆုံးဖြစ်တဲ့ ဆောင်းကုန်ဆုံးချိန်မှာ ပိုလျှံနေမယ့် ပမာဏကို ရောင်းထုတ်ပစ်ဖို့ စီစဉ်တာလို့ ယူဆရပါတယ်။

၂၀၂၁ မှာ တရုတ်နိုင်ငံက LNG ကို ဈေးကွက်ပေါက်ဈေးဖြင့် ဝယ်ယူပြီး ဆောင်းကာလ သုံးစွဲမှု  လုံလောက်အောင် အရန်သိုလှောင်မှု စီစဉ်ခဲ့ပါတယ်။ ဆောင်းအအေးပေါ့တဲ့အတွက် အနွေးဓာတ်ရဖို့ LNG သုံးစွဲမှု လျော့နည်းခဲ့ပြီး ပိုလျှံခဲ့ပါတယ်။ နောက်ထပ်မှာယူထားတဲ့ LNG သင်္ဘောများထဲမှ အချို့ကို တရုတ်နိုင်ငံသို့ ပို့ဆောင်တင်သွင်းခြင်း မပြုတော့ပဲ သင်္ဘောပေါ်တင်ဆောင်လာမယ့် ကုန်စည် LNG ကို လက်လွှဲ ပြန်ရောင်းချမှာ ဖြစ်ပါတယ်။ Ex-ship အဖြစ် လွှဲပြောင်းမှာ ဖြစ်ပါတယ်။ 

နိုင်ငံပိုင်လုပ်ငန်း Cnooc က မေလမှ နိုဝင်ဘာလအထိ ကာလအတွင်း ကုန်စည်သယ်ဆောင်မှု တစ်လတစ်ကြိမ် ရောင်းချရန် တင်ဒါခေါ်ထားပါတယ်။
Sinopec လို့ လူသိများတဲ့ နိုင်ငံပိုင်လုပ်ငန်း China Petroleum and Chemical Corp က အောက်တိုဘာလအထိ ကုန်စည်သယ်ဆောင်မှု ၄၅ ခုကို ရောင်းချမှာ ဖြစ်ပါတယ်။ လစဉ် သယ်ယူမှု ၂ ကြိမ်မှ ၅ ကြိမ်အထိ ဖေဖော်ဝါရီမှ အောက်တိုဘာလအထိ လစဉ်ရောင်းချမှာ ဖြစ်ပါတယ်။

ခေါ်ယူထားတဲ့ တင်ဒါများ စုစုပေါင်း ပမာဏက ၂၀၂၁ မှာ တရုတ်နိုင်ငံ LNG တင်သွင်းမှု စုစုပေါင်း ပမာဏရဲ့ အကြမ်းအားဖြင့် ၄%  ရှိပြီး တရုတ်နိုင်ငံအဖို့ အကြီးမားဆုံး အရောင်းပမာဏ ဖြစ်ပါတယ်။

အခုလို LNG ပမာဏများများစားစား ထုတ်ရောင်းပစ်လိမ့်မယ်လို့ ကုန်သည်များ မျှော်လင့်မထားကြလို့ ဈေးမကျခင်မှာ အာရှနှင့် ဉရောပတို့မှာ လက်ထဲကိုင်ထားတဲ့ LNG များ ထုတ်ရောင်းကြပါတယ်။ 

အခုလို သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) လက်လွှဲပြန်ရောင်းဖို့ တင်ဒါခေါ်တဲ့ သတင်းကြောင့် အာရှ ပေါက်ဈေးဖြင့်အရောင်းအဝယ် ဈေးကွက်မှာ ဈေးကျသွားတဲ့ရလဒ် ထွက်ပေါ်ပါတယ်။ 
မတ်လမှာ ပေးပို့မယ့် LNG အတွက် metric million British thermal units (mmBtu) တစ်ယူနစ် ကန်ဒေါ်လာ ၂၃ အထိ ယခင်အပတ်ထက် ဈေးကျသွားပါတယ်။ ပျမ်းမျှဈေးနှုန်း ကန်ဒေါ်လာ ၉.၆ ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ ၃၀% နီးပါး ဈေးကျတာ ဖြစ်ပါတယ်။


 Bloomberg Businessweek

Global News Read 6346 times