ကုန်သွယ်ခွန်လျှော့ပေါ့သက်သာခွင့်က ဘာကြောင့်အရေးကြီးသလဲ


11 January, 2019

နိုင်ငံအနေနဲ့ ဖောင့်ဖြောင့်ဖြူးဖြူး လျှောက်လှမ်းနိုင်ဖို့ ကုန်သွယ်ခွန်လျှော့ပေါ့သက်သာခွင့် (GSP) တွေရရှိနေဖို့ကလည်း ပိုမိုအရေးကြီးလာတယ်လို့ ပညာရှင်တွေက သုံးသပ်ပါတယ်။ ကုန်သည်စက်မှုအသင်းချုပ်ရဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က 'ဆင်းရဲတဲ့နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာသူတို့ရဲ့ ထုတ်ကုန်တွေတိုး မြှင့်နိုင်ဖို့ စက်မှုလုပ်ငန်းအပါအဝင်ဖြစ်တဲ့ လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ သူတို့ရဲ့စီးပွားရေး ဖွံ့ဖြိုးဖို့ဆိုတဲ့ အခြေခံသုံးခုအပေါ်မှာ ဂျီအက်စ်ပီပေးပြီး ကူညီဖို့ လိုအပ်တယ်လို့ ကမ္ဘာကဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဂျီအက်စ်ပီဆိုတာ

>>>>>>>>>>

အဲသည်ဆုံးဖြတ်ချက်ကို ၁၉၆၈ မှာ ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံမှာလည်း ဂျီအက်စ်ပီကြောင့် ပို့ကုန်တွေ ဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရတယ်။ အဲဒါကြောင့် GSP (Generalized System of Preferences) ဟာ နိုင်ငံအတွက် တော်တော်လေးကို အရေးကြီးပါတယ်။

ဂျီအက်စ်ပီမှာ လယ်ဗယ်သုံးခုရှိပါတယ်။ ပုံမှန်ဂျီအက်စ်ပီ၊ အထူးရတဲ့ ဂျီ အက်စ်ပီပလပ်စ်နဲ့ မြန်မာနိုင်ငံကရထားတဲ့ ဂျီအက်စ်ပီအမျိုးအစားပါ။ ရိုးရိုးဂျီ အက်စ်ပီဟာ လျှောက်ထားစရာမလိုဘဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အကုန်လုံးကရရှိထားတာပါ။ အဲဒါဟာ ဥရောပသမဂ္ဂပို့ကုန်ရဲ့ ၆၆ ရာခိုင်နှုန်းကို အခွန်လျှော့ပြီး ခံစားခွင့် ရှိတာပါ။ ဂျီအက်စ်ပီပလပ်စ်ကို လိုချင်ရင် ဂျီအက်စ်ပီရထားပြီးသား နိုင်ငံက လျှောက် ရပါတယ်။ လျှောက်တဲ့အခါ အဓိကအခြေ ခံတာက လူ့အခွင့်အရေးလေးစားလိုက် နာတဲ့အလုပ်သမားဥပဒေလေးစားလိုက်နာတဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို လေးစားလိုက်နာတဲ့ ပြီးတော့ ဒီမိုကရေစီအုပ်ချုပ်မှုစနစ်ကောင်းရှိတဲ့ ဆိုတာမျိုးတွေပါဝင်တဲ့အချက် ၂၀ ကျော်နဲ့ ပြည့်စုံရပါမယ်။ အဲဒါတွေစိစစ်ပြီးမှ ဂျီအက်စ်ပီပလပ်စ်ဆိုတာကို ရရှိပါ တယ်။ မြန်မာနိုင်ငံရရှိထားတဲ့ ဂျီအက်စ်ပီ က တော့ ဆင်းရဲတဲ့နိုင်ငံတွေအနေနဲ့ လျှောက်ထားစရာမလိုဘဲ အလိုအလျောက်ရရှိထားတာ ဖြစ်ပါတယ်။ အဲ သည်ဂျီအက်စ်ပီအခွင့်အရေးတွေကို အ လိုအလျှောက် ရရှိထားတယ်ဆိုပေမဲ့ ပြန်ရုပ်သိမ်းမသွားအောင်တော့ ထိန်းထားရမှာဖြစ်တယ်။ သူတို့သတ်မှတ်ထားတဲ့အချက်တွေထဲက တစ်ချက်ကို အစိုးရကဖြစ်စေ၊ အလုပ်ရှင်ကဖြစ်စေ၊ အလုပ်သမား တစ်ဦးဦးကဖြစ်စေချိုးဖောက်တယ်လို့ သူတို့က စိစစ်တွေ့ရှိသွားရင် ဂျီအက်စ်ပီ အခွင့်အရေးတွေဆုံးရှုံးရမှာပါ။ ဂျီအက်စ်ပီ ဆက်လက်ရရှိစေဖို့ဆိုတာ အားလုံးအပေါ်မှာ တာဝန်ရှိနေပါတယ်လို့ ဒေါ်ခိုင်ခိုင်နွယ်က ပြောပါတယ်။

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ဗဏီများညွှန် ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ဦးအောင်နိုင်ဦးက 'ဂျီအက်စ်ပီဟာ ကျွန် တော်တို့တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် အလွန်ပဲအရေးကြီးပါတယ်၊ ဘာကြောင့်လဲဆိုတော့ ဒီမိုကရေစီကို ခြိမ်းခြောက်နေတာက ဆင်းရဲမွဲတေမှု ဖြစ်နေလို့ပါပဲ' လို့ဆိုတယ်။ဂျီအက်စ်ပီကို ပြန်ကြည့်လိုက်ရင် ၂၀၁၃မှာ မြန်မာနိုင်ငံက ရရှိခဲ့တာဖြစ်တယ်။ အီးယူက ဂျီအက်စ်ပီပေးတဲ့ရည် ရွယ်ချက်ဟာ လိုအပ်ချက်တွေများများရှိ နေတဲ့နိုင်ငံတွေမှာ ဆင်းရဲမွဲတေမှု ပပျောက်စေဖို့ ၊ အဲသည်နိုင်ငံတွေရဲ့ ပို့ကုန်များများမြှင့်တင်ပေးဖို့ ပါဝင်တဲ့ရည်ရွယ်ချက်နဲ့ပေးတာဖြစ်တယ်။ ၂၀၁၃ ခုနှစ်မှာ အီးယူက မြန်မာနိုင်ငံကို ဂျီအက်စ်ပီပြန် ပေးခဲ့တယ်။

ပြန်မရခင်အခြေအနေ

>>>>>>>>>>>>

ဂျီအက်စ်ပီပြန်မပေးခင်ကာလမှာ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ အီးယူကို တင်ပို့တဲ့ ပို့ကုန်များများ စားစားမရှိခဲ့ပါဘူး။ ၂၀၁၃ ခုနှစ်စာရင်းအရ အီးယူကို ပို့နိုင်တဲ့ အထည်ချုပ်စက်ရုံ ၂၂ ခုပဲရှိတယ်။ စီအမ်ပီ မဟုတ်တဲ့ အခြားလုပ်ငန်းတွေနဲ့ ပေါင်းမှ ၂၄ ခုပဲ ရှိတယ်။ အဲသည်တုန်းက အလုပ်အကိုင်အခွင့်အလမ်း ၂၀,ဝဝဝ ကျော်ပဲ ရှိပါတယ်။ ဂျီအက်စ်ပီပြန်ပေးပြီးတဲ့နောက်မှာ အီးယူကို တင်ပို့နိုင်တဲ့ပို့ကုန်တွေများလာတယ်။ အီးယူကို တင်ပို့နိုင်တဲ့ စက်ရုံ ၃၀၅ ရုံဖြစ်လာတယ်။ အလုပ်အကိုင်အခွင့် အလမ်းပေါင်း သုံးသိန်းကျော်ဖြစ်လာ တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်ဒု/ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကတော့ 'ကျွန်တော်တို့ တိုင်းပြည်ဟာ နှစ်ပေါင်းများစွာနိုင်ငံရေး ပဋိပက္ခရှိနေပြီး ဒီကနေ့အထိလဲ ငြိမ်းချမ်း ရေးရဖို့ ကြိုးစားနေဆဲဖြစ်တယ်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ စီးပွားရေးအခြေခံ အဆောက်အအုံကောင်းမွန်ရပါမယ်၊ အစိုးရအဆက်ဆက်မူဝါဒတွေ ချမှတ်ပြီး ပို့ကုန်မြှင့်တင်ရေးကို ဦးစားပေးဆောင် ရွက်နေတယ်၊ နောက်တစ်ချက်က နိုင်ငံရဲ့ တည်နေရာဟာ အိန္ဒိယနဲ့ တရုတ်အင်အားကြီးနိုင်ငံနှစ်ခုကြားမှာရှိတယ်၊ အဓိကဈေးကွက်ဖြစ်နေတယ်၊ အာဆီယံအပါအဝင် အိန္ဒိယနဲ့ တရုတ်တို့ရဲ့ ဈေးကွက်ကိုအခြေခံနိုင်တယ်၊ အီးယူတို့ဘာတို့ဆိုတာ ကတော့ အလှမ်းဝေးပါတယ်˘လို့ ပြောတယ်။

တိုင်းပြည် စီးပွားရေးဟာ လယ်ယာစိုက်ပျိုးရေးကို အခြေခံပါတယ်။ မွေးမြူရေး၊ ရေလုပ်ငန်းထွက်ကုန်အပြင် တွင်းထွက်ပစ္စည်း၊ ရေနံ၊ သဘာဝဓာတ် ငွေ့ တွေရှိတယ်။ ပို့ကုန်ပို့မယ်ဆိုရင် အခြားနိုင်ငံတွေနဲ့ ယှဉ်ပြိုင်နိုင်မယ့် အနေအထားက အရေးကြီးပါတယ်။ အထည်ချုပ်ဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ဆန်စပါးဆိုရင် ထိုင်းတို့ ဗီယက်နမ်တို့စတဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရပါတယ်။ ဈေးနှုန်းရောအရည်အသွေးပိုင်းရော ယှဉ်ပြိုင်နိုင် ရပါမယ်။ နှစ်ပေါင်း ၅၀ အတွင်းမှာ နည်း ပညာအရရော အခြေခံစီးပွားရေးအ ဆောက်အအုံရော၊ လုပ်သားစွမ်းရည်ရော အားလုံးနိမ့်ကျနေခဲ့တာဖြစ်လို့ ယှဉ်ပြိုင်နိုင်စွမ်းနည်းပါးတယ်။ အဲဒါကြောင့် ဂျီအက်စ်ပီကသာ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်တယ်။ ဂျီအက်စ်ပီအခွင့်အရေးရရှိမှသာ ဥရောပဈေးကွက်ကို လွယ်လွယ်ကူကူနဲ့ ရောက်ရှိနိုင်ပြီး သည်နိုင်ငံကပစ္စည်းကိုလည်း ဥရောပသုံးစွဲသူတွေက ဦးစားပေးပြီးသုံးစွဲလာကြမှာဖြစ် တယ်။(ဥပမာ) ပြည်ပကို ဆန်တင်ပို့ရင်ဂျီအက်စ်ပီရရှိထားလို့ အခွန်လျှော့ထားတဲ့အတွက် ထိုင်းတို့ဗီယက်နမ်တို့ကလာတဲ့ ဆန်ထက် ဈေးသက်သက်သာသာနဲ့ ဝယ် ယူနိုင်လို့ မြန်မာပြည်ကလာတဲ့ဆန်ကို ရွေးချယ်တာများလာတာမျိုးပါ။ အဲဒါကြောင့် ဖွံ့ဖြိုး မှုအနည်းဆုံးနိုင်ငံတွေရဲ့ ပို့ကုန်မြှင့်တင်ရေးကို ဂျီအက်စ်ပီက အများဆုံး ထောက်ပံ့ပေးထားတာဖြစ်တယ်။

ဂျီအက်စ်ပီရဲ့အထောက်အပံ့ကြောင့်  ပြည်တွင်းက ထုတ်ကုန်တွေကို ဥရောပဈေးကွက်ကို ရောက်ရှိပြီဆိုတာနဲ့ အရည်အသွေးပိုင်းမှာပါ အခြားနိုင်ငံတွေထက်သာအောင်ထုတ်လုပ်လာရတယ်။ အိုင်အက်စ်အိုလက်မှတ်လို့ အရည်အသွေးစံချိန်မီကြောင်းပြနိုင်အောင် လုပ်လာရတယ်။ ပြည်ပပို့ကုန်တွေကို ဥရောပကသုံးစွဲလာတာနဲ့ အခြားနိုင်ငံကြီးတွေကပါ စိတ်ချလက်ချမှာယူတင်သွင်းတာတွေ ရှိလာပါမယ်။ ဂျီအက်စ်ပီကြောင့် အခွန်လျှော့ချထားတဲ့အတွက် ဈေးနှုန်းပိုင်းမှာ ယှဉ်ပြိုင်လာနိုင်သလို အရည်အသွေး ပိုင်းကပါ မြှင့်တင်လာနိုင်တဲ့အတွက် နိုင်ငံတကာအထိ ဈေးကွက်ကျယ်ပြန့်လာပါမယ်။ နိုင်ငံတကာကို ပို့ကုန်မြင့်တက် လာတာနဲ့အမျှ အိမ်နီးချင်းနိုင်ငံတွေကပါ ပြည်တွင်းမှာ ကုန်ပစ္စည်းတွေလာရောက် ထုတ်လုပ်ပြီး ပြည်ပကို တင်ပို့နိုင်ဖို့ ဝင်ရောက်ရင်းနှီးမြှုပ်နှံတာတွေရှိလာပါမယ်။ ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်ဖို့ ဈေးကွက်ယှဉ်ပြိုင်ပြီး ပို့ကုန်တွေတိုးမြှင့် နိုင်ဖို့ရာမှာ ဂျီအက်စ်ပီက အရေးပါတယ်ဆိုတာ ထင်ရှားပါတယ်လို့ ဦးရဲမင်းအောင် က ဆိုတယ်။

Kumudra

 

Taxation Tips Read 635 times