တစ်နှစ်တာအတွင်း နိုင်ငံခြား ခရီးသည်များမှ ဗီဇာကြေး အမေရိကန်ဒေါ်လာ ၄၆ သန်းခန့်ရရှိ


28 June, 2020

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီး ဌာနသည် မြန်မာနိုင်ငံသို့ လာရောက်သော နိုင်ငံခြားသားများအတွက် ပြည်ဝင်ဗီဇာ ဆိုင်ရာ ဌာနအနေဖြင့် ဆောင်ရွက်ခဲ့ရာ အစိုးရ၏ စတုတ္ထ တစ်နှစ်တာအတွင်း နိုင်ငံခြားသား ဆယ်သိန်း နှစ်သောင်းကျော်ထံမှ ဗီဇာကြေး အမေရိကန် ဒေါ်လာ ၄၆ သန်းကျော် ရရှိခဲ့သည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က ဇွန် ၂၆ ရက် ညနေပိုင်းတွင် ကျင်းပသော နိုင်ငံတော် အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ တစ်နှစ်တာ ဆောင်ရွက် ချက်များနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“နိုင်ငံပေါင်း ၅၅ နိုင်ငံကနိုင်ငံသားများအတွက် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် သုံးခုမှာ ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် ခွင့်ပြုပေးလျက်ရှိပြီး ယခုနှစ်အတွင်း နိုင်ငံ ၁၃ နိုင်ငံမှ ကမ္ဘာလှည့် ခရီးသည်တွေကို ထပ်မံ ခွင့်ပြုပေးခဲ့ပါတယ်၊ e-Visa(Tourist) ကမ္ဘာလှည့် ဗီဇာဖြင့် နိုင်ငံပေါင်း ၁၀၀ နှင့် e-Visa(Business) လုပ်ငန်းဖြင့် ၅၅ နိုင်ငံကိုခွင့်ပြု ဆောင်ရွက်လျက် ရှိပါတယ်” ဟု ၎င်းက ရှင်းပြခဲ့သည်။

ဆိုက်ရောက်ဗီဇာမှ နိုင်ငံခြားသား ခရီးသည် ၄၉၇၈၉၃ ဦးထံမှ အမေရိကန်ဒေါ်လာ ၂၄, ၆၇၃, ၄၃၀၊

Online e-Visa မှ နိုင်ငံခြားသား ခရီးသည် ၅၂၉၇၇၈ ဦးထံမှ အမေရိကန်ဒေါ်လာ ၂၁, ၇၈၁, ၀၀၄

ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Xinhua

Taxation Read 525 times