အမေရိကန်က ဗီယက်နမ်ကို ငွေကြေးစောင့်ကြည့်မှုစာရင်းမှ ဖယ်ရှား


15 November, 2022

အမေရိကန်က ဗီယက်နမ်ကို ငွေကြေးစောင့်ကြည့်မှုစာရင်းမှ ဖယ်ရှား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ဗီယက်နမ်ကို အမေရိကန်ဘဏ္ဍာရေးဌာနက ငွေကြေးစောင့်ကြည့်မှုစာရင်းမှ ဖယ်ရှားလိုက်သည်။
အမေရိကန်ဘဏ္ဍာရေးဌာနသည် ဗီယက်နမ်၏ ငွေကြေးအလေ့အထများနှင့် ပတ်သက်ပြီး အမေရိကန်၏ စိုးရိမ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် တိုးတက်မှုများအပေါ် အားရကျေနပ်ကြောင်း ၎င်းဌာနမှ  ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။
အိန္ဒိယ၊ အီတလီ၊ မက္ကဆီကိုနှင့် ထိုင်းနိုင်ငံတို့ကိုလည်း စာရင်းမှ ဖယ်ရှားခဲ့သည်။
၂၀၂၂ ခုနှစ် ဇွန်လအထိ အမေရိကန်၏ အဓိကကုန်သွယ်ဖက် နိုင်ငံများသည် တရားမျှတမှု မရှိသော ပြိုင်ဆိုင်မှုဖြင့် အသာစီးရရှိစေရန် အလို့ငှာ နိုင်ငံသုံးငွေ၏ ငွေလဲနှုန်းကို ကြိုးကိုင်ခြယ်လှယ်ခြင်းမရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် အဓိကကုန်သွယ်ဖက် နိုင်ငံတစ်ခုဖြစ်သည့် ဆွစ်ဇာလန်၏ ငွေကြေးဆိုင်ရာ ကျင့်ထုံးများနှင့် ပတ်သက်၍ နီးကပ်စွာ မျက်ခြည်မပြတ် စောင့်ကြည့်သွားမည် ဖြစ်သည်။

ငွေကြေးစောင့်ကြည့်မှုစာရင်းတွင် ပါ၀င်သော နိုင်ငံစီးပွားရေး ၇ ခုမှာ ဂျပန်၊ တရုတ်၊ ဂျာမနီ၊ မလေးရှား၊ စင်ကာပူ၊ တောင်ကိုရီးယားနှင့် ထိုင်ဝမ်တို့ ဖြစ်သည်။

တရုတ်နိုင်ငံ၏ နိုင်ငံခြားငွေလဲလှယ်ရေးတွင် ဝင်ရောက်စွက်ဖက်မှု လုပ်ဆောင်ချက်များကို အသိပေးထုတ်ပြန်ရန် ပျက်ကွက်မှုအတွက် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာက ထပ်မံတောင်းဆိုထားသည်။

ဂျပန်နိုင်ငံသည် ယန်းငွေတန်ဖိုးကျဆင်းမှု အရှိန်အဟုန်ကို ဟန့်တားရန်အတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းတွင် ဝင်ရောက်စွက်ဖက်ခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ မှတ်ချက်ပြုခဲ့သည်။
၁၉၉၈ ခုနှစ်နောက်ပိုင်း ၎င်း၏ ပထမဆုံးဖြစ်သော တရားဝင် အသိပေးခြင်း ဖြစ်သည်။ 

ဆက်စပ်ဖတ်ရှုရန်
ယန်းအကျ ထိန်းဖို့ တစ်ရက်တည်းမှာ ယန်း ၂.၈၃ ထရီလီယံ သုံးစွဲခဲ့
https://www.industrialdirectory.com.mm/article/japan-spent-record-283-trillion.html

Source vnexpress

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 395 times