ယန်းအကျ ထိန်းဖို့ တစ်ရက်တည်းမှာ ယန်း ၂.၈၃ ထရီလီယံ သုံးစွဲခဲ့


10 November, 2022

ယန်းအကျ ထိန်းဖို့ တစ်ရက်တည်းမှာ ယန်း ၂.၈၃ ထရီလီယံ သုံးစွဲခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဂျပန်နိုင်ငံ၏ ယန်းငွေဝယ်ယူမှုနှင့် အမေရိကန် ဒေါ်လာရောင်းချမှု ကြားဝင်ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၂၂ ရက်တွင် ‌ လုပ်ဆောင်ခဲ့ရာ ယန်း ၂.၈၃ ထရီလီယံ  ကုန်ကျခဲ့ကြောင်း၊ တစ်ရက်တည်းတွင် အများဆုံးသုံးစွဲသည့် ပမာဏဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက အင်္ဂါနေ့(နိုဝင်ဘာ ၈) တွင် ပြောကြားခဲ့သည်။
.
ဂျပန်ဗဟိုဘဏ်က  ကြားဝင်ဆောင်ရွက်ပေးခဲ့ကြောင်း တရားဝင် ထုတ်ပြန်ချက်အရ  ယန်းငွေကို ကျားကန်ပေးရန် ၂၄ နှစ်တာအတွင်း ပထမဆုံးအကြိမ် ကြီးကြီးမားမား သုံးစွဲခဲ့ခြင်း ဖြစ်သည်။ ငွေကြေးအာဏာပိုင်များသည် အကြိမ်များစွာ ကြားဝင် ဆောင်ရွက်ဖွယ်ရှိသည်။
.
၂၀၂၂ စက်တင်ဘာ ၂၂ ရက်မတိုင်မီက ၁၉၉၈ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် တစ်ရက်တာ ယန်းငွေဝယ်ယူမှုနှင့် အမေရိကန် ဒေါ်လာရောင်းချမှု ကြားဝင်ဆောင်ရွက်ခြင်းတွင် ယန်း ၂.၆၁ ထရီလီယံ သုံးစွဲခဲ့သည်။ ထိုပမာဏသည် တစ်ရက်တာ သုံးစွဲမှု အကြီးမားဆုံး စံချိန် ဖြစ်နေခဲ့ပြီး စက်တင်ဘာလ ၂၂ ရက်တွင် ယန်း ၂.၈၃ ထရီလီယံဖြင့် စံချိန်ချိုးကာ စံချိန်သစ် တင်လိုက်ခြင်း ဖြစ်သည်။ 
ဂျပန်၏ နိုင်ငံခြားသုံးငွေအရန်ငွေသည် စျေးကွက်တွင် ၀င်ရောက်စွက်ဖက်ရန် အသုံးပြုခဲ့သည့်အလျောက် အောက်တိုဘာလကုန်တွင် ကန်ဒေါ်လာ ၁.၁၉ ထရီလီယံအထိ ကျဆင်းသွားခဲ့သည်။
နိုင်ငံခြားငွေဖြင့် အာမခံငွေချေးစာချုပ်များ၊ ဘဏ်အပ်ငွေများနှင့် ရွှေများ အပါအဝင် ပိုင်ဆိုင်မှုမျိုးစုံပါဝင်သည့် နိုင်ငံခြားသုံးငွေအရန်ငွေသည် စက်တင်ဘာလတွင် ကန်ဒေါ်လာ ၁.၂၄ ထရီလီယံ ရှိခဲ့သည်။
.
အောက်တိုဘာလတွင် ယန်းငွေနှစ်ကြိမ်ခန့် အချိန်တိုအတွင်း မြင့်တက်နေခဲ့ပြီး ဗဟိုဘဏ်က ကြားဝင် ဆောင်ရွက်ခဲ့သည်ဟု ယူဆကြရသော်လည်း ယခုအချိန်အထိ ဗဟိုဘဏ်က ၎င်း၏ စျေးကွက်သို့ ကြားဝင်ဆောင်ရွက်ခဲ့နှင့် စပ်လျဉ်း၍  စက်တင်ဘာလ ၂၂  စီမံချက် တစ်ခုတည်းကိုသာ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါသည်။
ကြားဝင်ဆောင်ရွက်မှု၏ သက်ရောက်မှုသည် အချိန်ကြာလာသည်နှင့်အမျှ အားပျော့ပြီး ပျက်ပြယ်သွားပါသည်။ ယန်းဈေး ပြန်လည် ကျဆင်းပါသည်။ နောက်တစ်လအကြာ အောက်တိုဘာလတွင်  တစ်ကန်ဒေါ်လာလျှင် ယန်းငွေ ၁၅၂ သို့ ရောက်ရှိခဲ့ပြီး ၃၂ နှစ်တာ ကာလအတွင် အနိမ့်ဆုံးသို့ ဆိုက်ရောက်ခဲ့ပါသည်။ အောက်တိုဘာလ ၂၁ ရက်တွင် ကြားဝင် ဆောင်ရွက်ခဲ့ပြန်ရာ ယန်း ၁၄၆ သို့ ပြန်လည် မြင့်တက်ခဲ့သည်။ နောက်ထပ် ကြားဝင်ဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၂၄ ရက်တွင် လုပ်ဆောင်ခဲ့သည်ဟု ယူဆကြသည်။ 
.
 ဝန်ကြီးဌာန၏ အချက်အလက်များအရ အောက်တိုဘာ ၂၇ ရက်အထိ တစ်လအတွက် အစိုးရက ယန်းငွေ ၆ ဒသမ ၃၅ ထရီလီယံကို ယန်းရောင်း ကန်ဒေါ်လာဝယ်သည့် ကြားဝင်ဆောင်ရွက်ခြင်းများအတွက် စံချိန်တင်သုံးစွဲခဲ့သော်လည်း ၎င်းကာလအတွက် နေ့စဉ်စာရင်းကိုမူ ထုတ်ပြန်ခြင်း မပြုဘဲ လချုပ်စာရင်းကိုသာ ထုတ်ပြန်ခဲ့ပါသည်။ 
ဘဏ္ဍာရေးဝန်ကြီး ဆူနီချီဆူဇူကီး Shunichi Suzuki က သက်ရောက်မှုကို အမြင့်ဆုံးဖြစ်စေရန်အတွက် အစိုးရက ကြေငြာချက်မထုတ်ဘဲ ကြားဝင်စွက်ဖက်ခဲ့သည်များလည်း ရှိခဲ့ကြောင်း ပြောကြားသည်။ 
.
ဂျပန်နှင့် အမေရိကန်တို့ကြား အတိုးနှုန်းကွာဟမှု ကျယ်ပြန့်လာခြင်းကြောင့် ငွေကြေးဈေးကွက်တွင် ယခုနှစ်တွင် ယန်းငွေတန်ဖိုး ကျဆင်းနေပါသည်။ 
 .
စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဂျပန် ယန်းငွေသည် ကန်ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တစ်ကန်ဒေါ်လာလျှင် ယန်းငွေ ၁၄၆  နီးပါး ဖြစ်ခဲ့ပါသည်။ ဂျပန် ဗဟိုဘဏ်ဖြစ်သော Bank of Japan BOJ ဘဏ်ဥက္ကဋ္ဌ Haruhiko Kuroda က ကာလတိုအားဖြင့် အတိုးနှုန်း မြှင့်တင်နိုင်ခြေ ရှိသည်ဟု ထင်ကြေးပေးနေကြခြင်းကို ပယ်ချ ခဲ့သည်။ ထို့နောက် နာရီဝက်ခန့်အကြာတွင် ယန်းသည် ယန်း ၁၄၅.၉၀ ဝန်းကျင်မှ ယန်း ၁၄၀ ရေချိန်သို့ ခုန်တက်သွားသည်။
.
ယန်းအားပျော့သဖြင့် ပို့ကုန်လုပ်ငန်းများသည် ပြည်ပမှ ရရှိသည့် နိုင်ငံခြား‌ငွေကို ပြည်တွင်းမှာ ယန်းဖြင့် လဲလှယ်သည့်အခါ အမြတ်ပိုရသည်မှာ မှန်သော်လည်း အရင်းအမြစ် ရှားပါးသည့် ဂျပန်သည် ကုန်ကြမ်းများကို ပြည်ပမှ တင်သွင်းပြီး ကုန်ထုတ်လုပ်ငန်းများကို လုပ်ကိုင်နေရသည့်အတွက် ထုတ်ကုန်ဈေးနှုန်းများ မြင့်တက်ပါသည်။ ပြည်တွင်းဈေးကွက်ထဲ ဈေးမြင့်တက်သည့် ဒဏ်ကို ဂျပန်မှ အိမ်ထောင်စုများ ခံစားနေကြရသည်။ 
.
Suzuki က  တိကျသော ယန်းရေချိန် ချမှတ်ပြီး ကြားဝင်ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ပေးနေခြင်း မဟုတ်ကြောင်း၊ အစိုးရက အနီးကပ်စောင့်ကြည့်နေပြီး မငြိမ်မသက်ဖြစ်နေပါက လျင်မြန်သောအတက်အကျများကို ရင်ဆိုင်ဖြေရှင်းရန် လိုအပ်သောခြေလှမ်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားပါသည်။
Source japantimes

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 297 times