TotalEnergies နှင့်  PTT တို့ ဓာတ်ငွေ့ဝယ်ယူရန် Oman LNG နှင့်  စာချုပ်ချုပ်ဆို


23 January, 2023

 TotalEnergies နှင့်  PTT တို့ ဓာတ်ငွေ့ဝယ်ယူရန် Oman LNG နှင့်  စာချုပ်ချုပ်ဆို

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ပြင်သစ်နိုင်ငံမှ TotalEnergies နှင့်  ထိုင်းနိုင်ငံမှ  PTT တို့ ဓာတ်ငွေ့ဝယ်ယူရန် Oman LNG နှင့်  စာချုပ်လက်မှတ်ရေးထိုးခဲ့ကြသည်။

အိုမန်နိုင်ငံမှ နိုင်ငံပိုင်လုပ်ငန်း Oman LNG သည် ပြင်သစ်နိုင်ငံမှ TotalEnergies (TTEF.PA) နှင့် ထိုင်းမှ နိုင်ငံပိုင် PTT Pcl (PTTEP.BK) တို့အား  သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) မက်ထရစ်တန် ၁.၆ သန်းအထိ ရောင်းချပေးရန် သဘောတူညီခဲ့ကြောင်း အိုမန် နိုင်ငံပိုင် သတင်းအေဂျင်စီက သတင်း ဖော်ပြခဲ့သည်။

TotalEnergies နှင့် PTT တို့သည် တစ်နှစ်လျှင် LNG တန်ချိန် ၈ သိန်းစီ အသီးသီး ရရှိကြမည် ဖြစ်သည်။ 

TotalEnergies က ၁၀ နှစ် သက်တမ်းရှိ စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၅ တွင် စတင်သက်ရောက်မည် ဖြစ်သည်။
PTT သည် သက်တမ်း ၉ နှစ် ချုပ်ဆိုခဲ့ပြီး ၂၀၂၆ တွင် စတင်သက်ရောက်မည် ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ အသားတင် တင်သွင်းသည့် ထိုင်းနိုင်ငံသည် ၎င်း၏ အကြီးဆုံး သဘာဝဓာတ်ငွေ့သိုက်တွင် ထုတ်လုပ်နိုင်မှု ကျဆင်းနေပြီး မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့သိုက်ထံမှ ရယူနေသော သဘာဝဓာတ်ငွေ့သည် ပိတ်ဆို့အရေးယူမှုများ ဖြစ်ပေါ်လာနိုင်သည့် အရေး ရှိနေသောကြောင့် LNG တင်သွင်းမှုကို တိုးမြှင့်ရန် လိုအပ်‌နေပါသည်။

၂၀၂၂ ခုနှစ်တွင် ရုရှား၏ ဓာတ်ငွေ့ပိုက်လိုင်းများ၏ ပေးပို့မှုများကို ဖြတ်တောက်မှုကြောင့် ဥရောပနှင့် ကမ္ဘာ့စျေးကွက်များတွင် ကြီးမားသော အကျပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး ကမ္ဘာ့သဘာဝ ဓာတ်ငွေ့ဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်တွင် စံချိန်တင်မြင့်တက်ခဲ့ပါသည်။

ပြီးခဲ့သည်လတွင် Oman LNG သည် ဂျပန်ဝယ်လက်များနှင့် သဘာဝဓာတ်ငွေ့ရောင်းချရန် စာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း Myanmar Industries Guide တွင် ဖော်ပြခဲ့ပါသည်။


အိုမန် သဘာဝဓာတ်ငွေ့ရည် တစ်နှစ် တန် ၃ သန်းကျော် နှစ်ရှည်ဝယ်ယူရန် ဂျပန်ကုမ္ပဏီများ စာချုပ်ချုပ်ဆို
https://www.industrialdirectory.com.mm/article/buy-lng-from-oman.html



Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 319 times