ပြည်တွင်းအလားအလာရှိသော ထုတ်ကုန်လုပ်ငန်းများအတွက် သွင်းကုန်ကြမ်းများကို အခွန်လျော့ရန်စီစဉ်


18 December, 2018

ပြည်တွင်း၌ အလားအလာရှိသော ထုတ်ကုန်လုပ်ငန်းများအတွက် သွင်းကုန်ကြမ်းများကို အခွန်နှုန်းထားများ လျော့ချသတ်မှတ်ပေးရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကပြောသည်။

"ပြည်တွင်းကုန်ထုတ်လုပ်ရန် အရင်းအနှီးအလာအလာရှိတဲ့ ထုတ်ကုန်လုပ်ငန်းများအတွက် သွင်းကုန် ကုန် ကြမ်းများကို သင့်လျော်သည့်အချိန် အခွန်နှုန်းထားများ လျော့ချသတ်မှတ်ပေးခြင်း" ကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း ကပြောခဲ့ပါတယ်။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဒုသမ္မတ(၁)နှင့် စီးပွားရေးလုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေး နွေးပွဲ ၂၂ကြိမ်မြောက် အခမ်းအနားကို ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တွင် ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့ခြင်းဖြစ်သည်။ ဒါအပြင် ပြည်တွင်းထုတ်လုပ်နိုင်သော(သို့) ရင်းနှီးမြှုပ်နှံမှုဖြင့် ထုတ်လုပ်ရန် အလားအလာရှိသော ပြည်ပမှ ကုန် ချောပစ္စည်းများတင်သွင်းမှုကို အခွန်နှုန်းထားတိုးမြှင့်သတ်မှတ်ခြင်းများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရပါတယ်။

အကောက်ခွန်ကုန်လှောင်ရုံလုပ်ငန်းစဉ်များကိုလည်း နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ပြီး ကုန်တင်သွင်းသည့်သူများအနေဖြင့် လျှင်မြန်စွာရရှိနိုင်ကာ ဈေးကွက်လိုအပ်ချက်ပေါ်မူတည်ပြီး ဖြန့် ဖြူးနိုင်ခြင်းကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် တရားမဝင်ကုန်ပစ္စည်းတင်သွင်းမှုကိုလည်း လျော့နည်းသွားအောင် လုပ်ဆောင်နိုင်မည်ဖြစ်ပြီး နိုင်ငံတကာ အကောက်ခွန်ကုန်လှောင်ရုံအစီစဉ်အရ ကုန်လှောင်ရုံများသည် ပြည်တွင်း စားသုံးရန်တင်သွင်းမှုအတွက် ပြဋ္ဌာန်းထားသော နိုင်ငံတကာကန့်သတ်ချက်များနှင့် ကင်းလွတ်ပြီး ဈေး ကွက်လိုအပ်ချက်အရ အချိန်မရွေးတင်ပို့နိုင်မည်ဖြစ်ကြောင်းသိရပါတယ်။

Mizzima

Taxation Read 584 times