ထိုင်းနိုင်ငံ သကြားအချိုရည် ထုတ်လုပ်သူများ  အခွန်သက်သာခွင့် ၆ လ ထပ်မံ ရရှိ


24 September, 2022

ထိုင်းနိုင်ငံ သကြားအချိုရည် ထုတ်လုပ်သူများ  အခွန်သက်သာခွင့် ၆ လ ထပ်မံ ရရှိ


ထိုင်းအစိုးရက သကြားအခြေခံ အချိုရည်အခွန်  နောက်ထပ်  တိုးမြှင့်ကောက်ခံမှုကို ၆ လ ထပ်မံ နောက်ဆုတ်ပေးလိုက်ပါတယ်။ အချိုရည်ဖျော်စပ်ပုံ ချိန်ညှိဖို့အတွက် လုပ်ငန်းရှင်များ အချိန်ပိုမို ရရှိစေဖို့အတွက် ဖြစ်ပါတယ်။


ထိုင်းအစိုးရအဖွဲ့က အင်္ဂါနေ့တွင် သကြားအခြေခံ အချိုဓာတ်အခွန် တိုးမြှင့်ကောက်ခံမှုကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အစား ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့သို့  ရွှေ့ဆိုင်း‌ပေးရန် သဘောတူညီခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီး Arkhom Termpittayapaisith က  ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ သကြားပါသောအချိုရည်များ၊ စီးကရက်၊ အရက်ယမကာများနှင့် ပြည်ပမှ တင်သွင်းသောဝိုင်များအတွက် အခွန်စည်းကြပ်မှုပုံစံအသစ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှစတင် ကျင့်သုံးခဲ့ပါတယ်။

အခွန်ပိုမို ပေးဆောင်ရမှာအတွက်လုပ်ငန်းရှင်များ အချိန်ယူပြင်ဆင်နိုင်ကြဖို့ သကြားအခြေခံအချိုရည်များကို အဆင့်လေးဆင့်ဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တဖြည်းဖြည်းတိုးမြှင့်ကောက်ခံသွားဖို့ အစီအစဉ် ရေးဆွဲထားပါတယ်။ 

  • ပထမအဆင့် ၂၀၁၇ စက်တင်ဘာလ ၁၆ မှ ၂၀၁၉ စက်တင်ဘာလ ၃၀
  • ဒုတိယအဆင့် ၂၀၁၉ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၁ စက်တင်ဘာလ ၃၀
  • တတိယအဆင့် ၂၀၂၁ အောက်တိုဘာလ ၁ ရက်မှ ၂၀၂၃ စက်တင်ဘာလ ၃၀
  • နောက်ဆုံးအဆင့်ဖြစ်တဲ့ စတုတ္ထအဆင့် အောက်တိုဘာလ ၁ ရက်မှ စတင်ပါတယ်။ 

ကိုဗစ်ကာလ ၂၀၂၁ မေလ မှာ အစိုးရက တတိယအဆင့် စတင်တိုးမြှင့်မယ့်ရက်ကို ၁ နှစ် နောက်ဆုတ်ပေးခဲ့ပါတယ်။ ၂၀၂၁ အောက်တိုဘာလ ၁ ရက်အစား ၂၀၂၂ အောက်တိုဘာလ ၁ ရက်လို့ သတ်မှတ်ပေးခဲ့ပါတယ်။ 
ယခုအခါ ၂၀၂၂ အောက်တိုဘာလ ၁ ရက်အစား ၆ လ ထပ်တိုးပေးပြီး ၂၀၂၂ မတ်လ ၁ ရက်သို့ နောက်ဆုတ်ပေးပါတယ်။

သကြားပါသောအချိုရည်များကို အခွန်စည်းကြပ်ပုံမှာ သကြားများများ ပါရင် အခွန်ပိုများများ စည်းကြပ်ပြီး အများဆုံး ၂၀% ထက် မပိုရလို့ သတ်မှတ်ထားပါတယ်။
အချိုရည် 100 millilitres မှာ သကြားပါဝင်မှု ဂရမ်အလေးချိန်

  • 6g အောက်၊
  • 6-8g,
  • 8-10g,
  • 10-14g,
  • 14-18g,
  • 18g အထက်

ရေချိန် ၆ မျိုး ပိုင်းခြားသတ်မှတ်ပြီး အခွန်စည်းကြပ်ပါတယ်။

 

ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားသုံးမှုကို လျှော့ချရန်နှင့် အထူးသဖြင့် ကျန်းမာရေးနှင့် ပတ်သက်လို့ ထိုင်းလူမျိုးများ လူနေမှုဘဝ ပိုမိုကောင်းမွန်လာစေရေး မဟာဗျူဟာအရ သကြားပါဝင်မှုအရ အခွန်စည်းကြပ်တာ ဖြစ်ပါတယ်။
Source Bangkokpost
#MyanmarIndustriesGuide 

To join Telegram Channel  https://t.me/Guid4U

Global News Taxation Read 447 times