ထိုင်းတရားဝင်ထီ အွန်လိုင်း ထီလက်မှတ် ရောင်းအားကောင်း


08 January, 2023

ထိုင်းတရားဝင်ထီ အွန်လိုင်း ထီလက်မှတ် ရောင်းအားကောင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံမှာ ထီကို အွန်လိုင်းပေါ်မှာ တရားဝင်ရောင်းချခြင်း ၂၀၂၂ ဇွန်လ ၂ ရက်တွင် စတင်ခဲ့ပါသည်။ ထိုစဉ်ကစ၍ ယခုအချိန်အထိ ထီလက်မှတ်ရောင်းအား မြင့်တက်ခဲ့ကြောင်း ထီရုံးမှ ပြောကြားပါသည်။

၎င်းဇွန်လနောက်ပိုင်းမှ ယခုအထိ ငွေသားဆုများ ရရှိခဲ့သူ ၈၉၀,၀၀၀ ရှိကြောင်း အစိုးရထီရုံး Government Lottery Office မှ ပြောကြားပါသည်။

ထီကို လစဉ် ၁၆ ရက်နှင့် လကုန်ရက်တို့တွင် တစ်ကြိမ်စီ ထီဖွင့်ပေးသဖြင့် တစ်လ စုစုပေါင်း ၂ ကြိမ် ထီဖွင့်ပါသည်။ ၂၀၂၂ ဇွန်လ ၁၆ ရက်မှ ဒီဇင်ဘာလ ၃၀ ရက်အထိ ထီ ၁၄ ကြိမ် ဖွင့်ခဲ့ပါသည်။

 

အွန်လိုင်းမှာ ထီ တိုက်ရိုက်ထိုးသည့်အတွက် ထီလက်လီအရောင်းဆိုင်မှ ဘတ် ၈၀ တန် ထီလက်မှတ်အပေါ် ၂၅% ဈေးတင်ရောင်းသည်ကို ပေးရန်မလိုသဖြင့် ဈေးသက်သာ‌ေစပါသည်။

အွန်လိုင်းမှ တရားဝင် ထီထိုးရန် Krungthai Bank PCL. ၏  Paotang အက်ပ်ကို အသုံးပြုကြရပြီး မိမိနှစ်သက်ရာ နံပါတ်ရွေးချယ်ပြီး ထိုးနိုင်ပါသည်။ 

 


Paotang အက်ပ် လင့်

https://play.google.com/store/apps/details?id=com.ktb.customer.qr

 

https://apps.apple.com/th/app/เป-าต-ง/id1324902182?l=th


ထီတစ်စောင် ဘတ် ၈၀ ပုံသေ သတ်မှတ်ထားပြီး ပိုပေးရခြင်း မရှိပါ။

အွန်လိုင်းထီစတင်သည့် ဇွန်လ ၁၆ ရက်တွင် ဖွင့်သည့် ထီအတွက် အွန်လိုင်းတွင် ၅ ရက်အတွင်း ထီစောင်ရေ ၅ သန်း ရောင်းချနိုင်ခဲ့ကြောင်း ထီရုံးမှ ပြောကြားပါသည်။

နောက်တစ်လအကြာ ဇူလိုင် ၁၆ ရက် ဖွင့်သည့်ထီကို ၂၉ နာရီအတွင်း ထီလက်မှတ်စောင်ရေ ၇ သန်း ရောင်းချခဲ့ရပါသည်။

တစ်လထက် တစ်လ အွန်လိုင်းတွင် ထီလက်မှတ်ရောင်းအား ပိုများလာခဲ့ပါသည်။

နောက်ဆုံး ထီဖွင့်ခဲ့သည့် ဒီဇင်ဘာလ ၃၀ ရက်အတွက် အွန်လိုင်းတွင် ထီလက်မှတ်များ စောင်ရေ ၁၆.၂ သန်း ရောင်းချခဲ့သည်ဟု ထီရုံးမှ ပြောကြားပါသည်။

၂၀၂၂ ဇွန်လ ၁၆ မှ ဒီဇင်ဘာလ ၃၀ အထိ ဒစ်ဂျစ်တယ် ထီလက်မှတ်များမှ ထီပေါက်သည့် လက်မှတ်စောင်ရေ ၂.၂ သန်း ရှိပါသည်။ 

ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုမှာ ထီထိုးထားသူ တစ်ဦးသည် တစ်ကြိမ်တည်းမှာ ထီလက်မှတ် ၁၆ စောင် တစ်ပြိုင်တည်း ပေါက်ခဲ့ရာ စုစုပေါင်းဆုကြေး ဘတ် ၉၆ သန်း ရရှိခဲ့ပါသည်။ 

Source nationthailand 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Taxation Read 580 times