ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် အချက်များ


14 August, 2023

ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန် အချက်များ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် စားသုံးသူ ပြည်သူများ လိုက်နာဆောင်ရွက်ရန် အချက်များကို မျှဝေအပ်ပါသည်။ 

ပြေစာများအပေါ်၌ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းရှင်များနှင့် စားသုံးသူ ပြည်သူများ လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်း

၁။ အောက်ဖော်ပြပါလုပ်ငန်းရှင်များသည် တည်ဆဲကုန်သွယ်လုပ်ငန်းခွန်စည်းမျဉ်း ၄၀၊ စည်းမျဉ်း ခွဲ(က)၊ စည်းမျဉ်းခွဲငယ်(၃)ပါ ပြဋ္ဌာန်းချက်နှင့်အညီ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားသည့်ပြေစာဖြင့် ရောင်းရငွေ/ဝန်ဆောင်မှုရငွေနှင့်အတူ .ကျသင့်ကုန်သွယ်လုပ်ငန်းခွန်ကို စားသုံးသူပြည်သူများထံမှ တစ်ပါတည်း ကောက်ခံပေးရန် တာဝန်ရှိသကဲ့သို့ ကောက်ခံရရှိသော ထိုကုန်သွယ်လုပ်ငန်းခွန်များကို သက်ဆိုင်ရာအခွန်ရုံးများသို့ ပေးသွင်းရန်တာဝန်ရှိပါသည်-

(က) စားသောက်ဆိုင်လုပ်ငန်းရှင်များ၊

(ခ) ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းရှင်များ၊

(ဂ) ရုပ်သံလွှင့်မီဒီယာလုပ်ငန်းရှင်များ၊ (ဃ) ရွှေထည်လက်ဝတ်ရတနာရောင်းချသည့်လုပ်ငန်းရှင်များ၊

(င) လက်ကိုင်ဖုန်း( Handset ) နှင့် ဆက်စပ်ပစ္စည်းများ ရောင်းချ/ဝန်ဆောင်မှုဆောင်ရွက် သည့်လုပ်ငန်းရှင်များ။

၂။ ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်းအထောက်အထားများတွင် သတ်မှတ်ချက်များနှင့် အညီ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်ပျက်ကွက်ခြင်းတို့အတွက် သတင်းပေးတင်ပြသူက စာရွက် စာတမ်းအထောက်အထားဖြင့်ဖြစ်စေ၊ အသံဖိုင်အထောက်အထားဖြင့်ဖြစ်စေ တင်ပြလာခြင်းဖြစ်ပါက သတင်းပေးတင်ပြသူအား တပ်ရိုက်သည့် ဒဏ်ကြေးငွေ၏ ၃၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ လက်ကိုင် ဖုန်း(Handset)များအပေါ်တွင် သတ်မှတ်ချက်များနှင့်အညီအခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက် ခြင်းအတွက် သတင်းပေးတင်ပြသူအား ၂၀ ရာခိုင်နှုန်းကိုလည်းကောင်း ဆုကြေးငွေအဖြစ်ချီးမြှင့် မည်ဖြစ်ပါသည်။

၃။ စားသုံးသူပြည်သူများအနေဖြင့် အထက်ပါလုပ်ငန်းရှင်များထံသို့ ကျသင့်ငွေပေးချေချိန်တွင် အခွန်အမှတ်တံဆိပ်ကပ်ထားသောပြေစာကို တောင်းယူခြင်းဖြင့်လည်းကောင်း၊ လုပ်ငန်းရှင်များက လည်း စားသုံးသူက တောင်းခံသည်ဖြစ်စေ၊ မတောင်းခံသည်ဖြစ်စေ၊ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထား သောပြေစာများကိုသာ မဖြစ်မနေထုတ်ပေးခြင်းဖြင့်လည်းကောင်း ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက် ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Taxation Read 325 times