ထိုင်းအချိုရည်အခွန် တိုးမြှင့်စည်းကြပ်မည် 


07 January, 2023

ထိုင်းအချိုရည်အခွန် တိုးမြှင့်စည်းကြပ်မည် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 ထိုင်းဈေးကွက်တွင် အချို ၊ သကြားပါသော အစားအစာ နှင့် အဖျော်ယမကာ များသည် အခွန်များ ထပ်မံ တိုးမြင့်စည်းကြပ်သောကြောင့် ဧပြီလ ၁ ရက်နေ့ မှ စတင်၍ ဈေးပို လာမည် ဖြစ်သည်။

 

အခွန် တိုးမြှင့်စည်းကြပ်မည့် အစီအစဉ်ကို ယမန်နှစ် အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ရန် ရည်ရွယ်ထားသော်လည်း အစိုးရအဖွဲ့မှ ယခုနှစ် မတ်လ ၃၁ ရက်နေ့သို့  ရွှေ့ဆိုင်းထားသဖြင့်  ဧပြီလ ၁ ရက်နေ့ မှ စတင်သက်ရောက်မည်ဖြစ်ကြောင်း အခွန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Ekniti Nitithanprapas က  ပြောကြားသည်။

သို့ဖြစ်ရာ ၂၀၂၃ ဘဏ္ဍာရေးနှစ်အစတွင် တိုးမြှင့်ထားသည့် နှုန်းထားသစ်များနှင့် စတင်စည်းကြပ်မည် ဖြစ်သည်။

၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၆ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ အခွန်တိုးမြှင့်ကောက်ခံမှု ပထမအဆင့်ကို ဆောင်ရွက်ခဲ့ပါသည်။

ဒုတိယအဆင့်ကုိ ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါသည်။

 

တတိယအဆင့်ကို ရက်ရွှေ့ဆိုင်းသဖြင့် ၂၀၁၃ ဧပြီလ ၁ ရက်မှာ စတင်မည်ဖြစ်ပြီး ၂၀၂၅ မတ်လ ၃၁ ရက်အထိ ဆောင်ရွက်မည် ဖြစ်သည်။

 

သကြားပါဝင်နှုန်းအရ ကောက်ခံမည် ဖြစ်ပါသည်။

 

• ၀.၃ ဘတ်/လီတာ သကြား ၆-၈ ဂရမ်

 

• ၁ ဘတ်/လီတာ သကြား ၈-၁၀ ဂရမ်

 

• ၃ ဘတ်/လီတာ သကြား ၁၀-၁၄ ဂရမ်

 

• ၅ ဘတ်/လီတာ သကြား ၁၄ ဂရမ်အထက်

 

သကြားပါဝင်သည့် အဖျော်ယမကာများအပေါ်တွင် အခွန်ကြီးလေးစွာ စည်းကြပ်သည်မှာ စားသုံးသူတို့၏ ကျန်းမာရေး ကောင်းမွန်ဖို့အတွက် ဖြစ်ပါသည်။

Source Nation Thailand 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Taxation Read 258 times