အခွန်ကြေညာလွှာများ တင်သွင်းရမည့် နောက်ဆုံးရက်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာ


30 December, 2020

အခွန်ကြေညာလွှာများ တင်သွင်းရမည့် နောက်ဆုံးရက်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာ ထားပါသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ စီမံကိန်း၊ 

ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ကြေညာချက်အမှတ် (၈/၂၀၂၀)

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၃၀ ရက်)

 

၁။ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ COVID-19 ကာကွယ်၊ တားဆီးရေးဆိုင်ရာ စည်းကမ်းချက်များအား ပြည်သူများမှ ပြည့်ပြည့်ဝဝ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် လည်းကောင်း၊ အခွန်ကြေညာလွှာတင်သွင်းရန်ကာလ ကုန်ဆုံးတော့မည်ဖြစ်သည့်အတွက် အခွန် ကြေညာလွှာ တင်သွင်းရမည့် နောက်ဆုံးရက်တွင် လူစုလူဝေးများ မဖြစ်ပွားစေရေးအတွက် လည်းကောင်း အခွန်ကြေညာလွှာတင်သွင်းရမည့် သတ်မှတ်ရက်များအား တိုးမြှင့်ခွင့်ပြုသွား မည်ဖြစ်ပါသည်။

  ၂။ သို့ဖြစ်ပါ၍ အောက်ဖော်ပြပါ ကာလများအတွက် တင်သွင်းရမည့် အခွန်ကြေညာလွှာ များအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ တင်သွင်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်

(က) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် တင်သွင်းရမည့် ဝင်ငွေခွန်ကြေညာလွှာ၊ လစာနှစ်ချုပ်စာရင်းနှင့် ကုန်သွယ်လုပ်ငန်းခွန်နှစ်ချုပ်ကြေညာလွှာ၊ 

(ခ) ၁-၁၀-၂၀၂၀ မှ ၃၁-၁၂-၂၀၂၀ ရက်နေ့အထိ သုံးလပတ်အတွက် တင်သွင်းရမည့် အထူးကုန်စည်ခွန်ကြေညာလွှာ။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

 

Taxation Read 435 times