ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာ အကျိုးခ


18 August, 2022

ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာ အကျိုးခံစားခွင့်များ ရရှိနိုင်ရေး အသိပေးကြေညာ

ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ဆိုင်ရာ အကျိုးခံစားခွင့်များ ရရှိနိုင်ရေး အသိပေးကြေညာချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။


ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့် ရရှိသည့်လစာဝင်ငွေနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာ အကျိုးခံစားခွင့်များ ရရှိနိုင်ရေး အသိပေးကြေညာခြင်း

၂၀၂၂ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ ပြည်ပနေနိုင်ငံသား၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့် ရရှိသော လစာခေါင်းစဉ်မှဝင်ငွေသည် ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသည်။

အဆိုပါလစာခေါင်းစဉ်မှ ဝင်ငွေရရှိသူ ပြည်ပနေနိုင်ငံသားများအနေဖြင့် ယင်းငွေအား ပြည်တွင်းသို့လွှဲပြောင်း၍ ပြည်တွင်း၌ မော်တော်ယာဉ်များဝယ်ယူခြင်းနှင့် အခြေပစ္စည်းများဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းတို့ ဆောင်ရွက်ရာတွင် အသုံးပြုသည့်ဝင်ငွေအပေါ် တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေရလမ်းစိစစ်ခြင်း လုပ်ငန်းစဉ်များကို စိစစ်ဆောင်ရွက်ရပါသည်။

ထိုသို့ စိစစ်ရာတွင် ပြည်ပနေနိုင်ငံသား၏ ပြည်တွင်းသို့လွှဲပြောင်းငွေသည် တရားဝင်ငွေလွှဲခွင့် လိုင်စင်ရရှိ ထားသည့်ဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ခြင်းဖြစ်မှသာ တည်ဆဲ အခွန်ဥပဒေနှင့်အညီ အခွန်ဆိုင်ရာအကျိုးခံစားခွင့်များ ရရှိနိုင်မည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ပြည်ပနေနိုင်ငံသားများအနေဖြင့် အခွန်ကင်းလွတ်ခွင့်ရှိသောလစာဝင်ငွေဖြင့် အခြေပစ္စည်းများ ဝယ်ယူရာတွင် အခွန်ဆိုင်ရာအကျိုးခံစားခွင့်များကို ပြည့်ပြည့်ဝဝရရှိနိုင်ရေး ပြည်တွင်းသို့ ငွေလွှဲပေးပို့ရာ၌ တရားဝင် ငွေလွှဲခွင့်လိုင်စင်ရရှိထားသည့်ဘဏ် သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းများမှတစ်ဆင့် လွှဲပြောင်းပေးပို့ကြ ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာန



အခြေပစ္စည်း ဆိုသည်မှာ လုပ်ငန်းတခု၏ မတည်ပစ္စည်းကို စာရင်းကိုင်သဘောအရ ခေါ်ခြင်းဖြစ်သည်။ အလုံးအထည်ရှိပစ္စည်း ဖြစ်စေ၊ အလုံးအထည်မဲ့ပစ္စည်းဖြစ်စေ လုပ်ငန်းတခုက ပိုင်ဆိုင်ပြီး ထိုအရာမှ စီးပွားရေးဆိုင်ရာ တန်ဖိုးတခုခု ထုတ်ယူနိုင်လျှင် အခြေပစ္စည်း ဖြစ်လာသည်။ အလွယ်ဆိုရသော် ငွေဖော်နိုင်သည့် ပစ္စည်းပင် ဖြစ်သည်။

#MyanmarIndustriesGuide 

Taxation Read 565 times