၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပထမဆုံးလ အခွန်အရပ်ရပ် ကျပ် ၃၁၈ ဘီလျံကျော် ရရှိ


24 December, 2020

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၏ ပထမဆုံးလတွင် အခွန်အရပ်ရပ်မှ ငွေကျပ် ၃၁၈ ဒသမ ၄၅၇ ဘီလီယံ ကောက်ခံရရှိခဲ့သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ၏ ပထမဆုံးလဖြစ်သည့် အောက်တိုဘာလတွင် အခွန်ခွန်အရပ်ရပ်မှ ငွေကျပ် ၃၁၈ ဒသမ ၄၅၇ ဘီလီယံ ကောက်ခံရရှိခဲ့ကြောင်း စီမံကိန်း ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ဆင်ဟွာသို့ ဒီဇင်ဘာ ၂၃ ရက်တွင်ပြောကြားသည်။

“ပြီးခဲ့တဲ့ ဘဏ္ဍာနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် နည်းတယ်လို့ပြောလို့ရတယ်။ လုပ်ငန်းတစ်ချို့လည်း ခေတ္တပိတ်ရတာတွေလည်း ရှိတယ်။ လျာထားချက် ကိုတော့ ပြည့်မီအောင် ကျွန်မတို့ဝန်ကြီးဌာန အနေနဲ့ ကြိုးစားဆောင်ရွက်သွားမှာပါ’’ ဟု ၎င်းကဆိုသည်။

အောက်တိုဘာလတွင်

● ဝင်ငွေခွန်ကဏ္ဍမှ ငွေကျပ် ၁၆၈ ဒသမ ၅၇၂ ဘီလီယံ၊

● ကုန်သွယ်လုပ်ငန်းခွန်ကဏ္ဍမှ ငွေကျပ် ၈၃ ဒဿမ ၆၇၇ ဘီလီယံ၊

●အထူးကုန်စည်ခွန်ကဏ္ဍမှ ငွေကျပ် ၀ ဒသမ ၀၀၁ ဘီလီယံ၊

● တံဆိပ်ခေါင်းခွန်ကဏ္ဍမှ ငွေကျပ် ၈ ဒသမ ၀၇၄ ဘီလီယံ၊

● အောင်ဘာလေသိန်းဆုခွန်ကဏ္ဍမှ ငွေကျပ် ၁၃ ဒသမ ၁၂၅ ဘီလီယံ

စုစုပေါင်းငွေကျပ် ၃၁၈ ဒသမ ၄၅၇ ဘီလီယံ

အသီးသီး ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

COVID-19 ကာလတွင် အခွန်ထမ်းပြည်သူများ Internet Banking စနစ်ဖြင့် အခွန်ဆောင်နိုင်ရန် ဆောင်ရွက်ပေးခဲ့သည်။

(Xinhua)

Taxation Read 334 times