၂၀၁၉ - ၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွင်း အခွန်ရငွေ ကျပ် ၄၀၆၈ ဒသမ ၂၂၄ ဘီလီယံ ရှိ


17 July, 2020

ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ၂၀၁၉ - ၂၀ ဘဏ္ဍာနှစ် အခွန်ကောက်ခံ ရရှိငွေမှာ ကျပ် ဘီလီယံ ၄, ၀၆၈ ဒသမ ၂၂၄ ရှိကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေး၌ ရှင်းလင်း တင်ပြခဲ့ သည်။

“၂၀၁၉ - ၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ်အတွက် လျာထားချက်က ကျပ် ၃,၂၁၂ ဒသမ ၇၃၂ ဘီလီယံ ဖြစ်ပါတယ်၊ ကောက်ခံရရှိမှု အခြေအနေက ကျပ် ၄, ၀၆၉ ဒသမ ၂၂၄ ဘီလီယံ ဖြစ်ပါသဖြင့် လျာထားချက်အပေါ် အကောင်အထည်ဖော်နိုင်မှု အခြေအနေမှာ ၁၂၆ ဒသမ ၆၆ ရာခိုင်နှုန်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ကဏ္ဍအလိုက် အခွန်ကောက်ခံရရှိမှုများမှာ ပြည်တွင်းထွက်ကုန်နှင့် ပြည်သူ ပြည်သားများ သုံးစွဲမှု အပေါ်တွင် ကောက်ခံသည့် အခွန်အကောက် ကျပ် ၂,၀၈၇ ဒသမ ၀၅၃ ဘီလီယံ၊ လျာထားချက် အပေါ် အခွန်ကောက်ခံရရှိမှု ရာခိုင်နှုန်းမှာ ၁၂၄ ဒသမ ၅၆ ရာခိုင်နှုန်း၊ ဝင်ငွေနှင့် ပိုင်ဆိုင်မှု အပေါ် ကောက်ခံသည့် အခွန်အကောက် ကျပ် ၁,၃၇၃ ဒသမ ၉၁၀ ဘီလီယံ၊ ကောက်ခံရရှိမှု

ရာခိုင်နှုန်း ၁၅၈ ဒသမ ၆၉ ရာခိုင်နှုန်း၊ အကောက်ခွန်မှ ကောက်ခံရရှိမှု ကျပ် ၂၇၀ ဒသမ ၀၈၄ ဘီလီယံ၊ ကောက်ခံရ ရှိမှု ရာခိုင်နှုန်း ၁၀၃ ဒသမ ၈၈ ရာခိုင်နှုန်း၊ နိုင်ငံပိုင် သယံဇာတများ ထုတ်ယူ သုံးစွဲသည့် အပေါ် ကောက်ခံသည့် အခွန်အကောက် ကျပ် ၃၃၈ ဒသမ ၁၇၇ ဘီလီယံ၊ ရရှိမှု ရာခိုင်နှုန်း ၈၂ ဒသမ ၂၀ ရာခိုင်နှုန်း တို့ ဖြစ်ကြကြောင်း၊ ၂၀၁၉ - ၂၀ ဘဏ္ဍာနှစ် ပထမ ခြောက်လပတ် အတွင်း အခွန် အကောက် ၂၂ မျိုးမှ လျာထားချက် ပြည့်မီ ကျော်လွန်အောင် ကောက်ခံနိုင်ခဲ့သည့်

အခွန် ၁၅ မျိုး ရှိပြီး လျာထားချက်အောက် လျော့နည်း ကောက်ခံရရှိသည့် အခွန်က ခုနစ်မျိုးရှိကြောင်း၊ အဆိုပါ ၁၅ မျိုး အနက် ရှစ်မျိုးတို့ကို အခွန်ကောက်ခံမှု ရာခိုင်နှုန်း ၁၂၀ နှင့် အထက် အကောင်အထည်ဖော်နိုင် ခဲ့ကြောင်း၊ ကုန်သွယ်လုပ်ငန်းခွန်၊ မော်တော်ယာဉ်၊ ယာဉ်မောင်းလိုင်စင်၊ လုပ်ငန်း လိုင်စင်ဆိုင်ရာ အခငွေများ၊ ရုံးခွန်နှင့် တံဆိပ်ခေါင်းခွန်၊ ခရီးလှည့်လည်ရေး လိုင်စင်၊ ဟိုတယ်နှင့် တည်းခိုရိပ်သာ လိုင်စင်၊ ခရီးသွားလာသူများ ပို့ဆောင်ရေး လိုင်စင်၊ ဧည့်လမ်းညွှန် လုပ်ငန်း လိုင်စင်များအတွက် လိုင်စင်ကြေး၊ ဝင်ငွေခွန်၊ သစ်တောထွက် ပစ္စည်းခွန်၊ ဓာတ်သတ္တုခွန်၊ ငါးလုပ်ငန်းဆိုင်ရာ အခွန် တို့ဖြစ်ကြကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းလင်း တင်ပြခဲ့သည်။

“ကုန်သွယ်လုပ်ငန်းခွန် မှာ ပထမ ခြောက်လပတ် လျာထားချက်က ကျပ် ၇၇၉ ဒသမ ၇၈၇ ဘီလီယံ ဖြစ်ပြီး ကောက်ခံရရှိငွေက ကျပ် ၁,၀၄၈ ဒသမ ၇၂၂ ဘီလီယံ ဖြစ်တဲ့အတွက် လျာထားချက်ရဲ့ ၁၃၄ ဒသမ ၄၉ ရာခိုင်နှုန်း ကောက်ခံနိုင်ခဲ့ပါတယ်” ဟုလည်း ၎င်းက ပြောခဲ့သည်။

သို့ရာတွင် အခွန်ကောက်ခံရရှိမှုသည် COVID-19 ကပ်ရောဂါ၏ စီးပွားရေး သက်ရောက်မှုများကို ကုစားနိုင်ရန်နှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် အခွန်ဆိုင်ရာ ဖြေလျှော့မှုများမှ အပ ရသင့် ရထိုက်သည့် အခွန်အကောက်များကို ထိရောက်စွာ ကြပ်မတ် ကောက်ခံရန် လိုအပ်သည်ဟု ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီက သဘောထား မှတ်ချက် ပြုကာ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြခဲ့သည်။

(Xinhua)

Taxation Read 508 times