ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြု


22 April, 2023

ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြု

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဧပြီ လ ၂ဝ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ်၊ ၃ဝ/ ၂ဝ၂၃ ထုတ်ပြန်သည်ကို ဖော်ပြအပ်ပါသည်။ 


အမိန့်ကြော်ငြာစာအမှတ်၊ ၃ဝ ၂ဝ၂၃

၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက် ( ၂၀၂၃ ခုနှစ်၊ ဧပြီ လ ၂ဝ ရက်)

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် အကောက်ခွန်နှုန်းဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ (က) အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၁။ နိုင်ငံတော်၏ အကျိုးငှာ ပြည်တွင်းလျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် ပူးတွဲ စာရင်းပါ ဆိုလာနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှ တင်သွင်းမှုအပေါ် အကောက်ခွန် ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုလိုက်သည်။

၂။ဤအမိန့်ကြော်ငြာစာသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက် စေရမည်။

 


အကောက်ခွန်ကောက်ခံခြင်းမှ ကင်းလွတ်ခွင့်ပြုမည့် ဆိုလာနှင့်ဆက်စပ်ပစ္စည်းများစာရင်း


၁။ နေရောင်ခြည်စွမ်းအင်များ ထုတ်လုပ်ပေးနိုင်သည့် အချပ်များ 
[PV Module / Solar Module / PV Panel / Solar Panel / Solar Panel 92 Watt  CIGS (Copper Indium Gallium Selenide)]


၂။ နေရောင်ခြည်စွမ်းအင်သုံး ပေါင်းစပ်ထိန်းချုပ် ကိရိယာ 
(PV / Solar (Hybrid/Smart Array) Controller, Charge Controller for PV / Solar)


၃။ နေရောင်ခြည်စွမ်းအင်သုံး အင်ဗာတာ (စထရင်း /ပေါင်းစပ်/ဘတ္ထရီ/ နှစ်မျိုးသုံး/ပင်မ
 (PV | Solar Inverter (String / Hybrid / Battery / Bidirectional / Central))


၄။ အိမ်သုံးတပ်ဆင်မှုပုံစံများ (ခေါင်မိုး နှင့် မြေပြင်တွင် တပ်ဆင်ခြင်း)
(PV / Solar Mounted Structure, PV / Solar Mounted Frames, PV / Solar Mounted Kits (Roof and Ground Mounted))


၅။ နေရောင်ခြည်စွမ်းအင် တပ်ဆင်မှုစနစ် (ရေပေါ်တွင်တပ်ဆင်ခြင်း)
(PV / Solar Mounted System (Floating)) 


၆။ နေရောင်ခြည်စွမ်းအင်သုံး ထိန်းချုပ်ကိရိယာနှင့် ဘတ္ထရီပုံး
(PV / Solar Controller and Battery Box)
( PV / Solar Controller နှင့် Battery တွဲလျက် တင်သွင်းခြင်း အတွက်သာ)


 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Laws and Regulations Taxation Read 496 times