အာဆီယံ ဆိုလာပြား အမေရိကန် ဒဏ်ကြေးသွင်းကုန်ခွန် စည်းကြပ်မည်


19 August, 2023

အာဆီယံ ဆိုလာပြား အမေရိကန် ဒဏ်ကြေးသွင်းကုန်ခွန် စည်းကြပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်ပြည်ဖြစ် ကုန်ပစ္စည်းများအပေါ် စည်းကြပ်သည့် သွင်းကုန်ခွန်ကို ရှောင်လွှဲရန်အတွက်  အရှေ့တောင်အာရှ နိုင်ငံများတွင် ဆိုလာပြားများ အပြီးသတ်အဆင့်ကိုသာ  ထုတ်လုပ်သော ဆိုလာပြား ထုတ်လုပ်သူများ အပေါ် ပြင်းပြင်းထန်ထန် ဒဏ်ကြေးသွင်းကုန်ခွန် စည်းကြပ်ရန် အမေရိကန် က ပြင်ဆင်နေသည်။

အရှေ့တောင်အာရှမှ တင်ပို့သည့် ဆိုလာဆဲလ်များနှင့် မော်ဂျူးအချို့သည် ၂၀၂၄ ခုနှစ် ဇွန်လမှ စတင်၍ အခွန် ၂၅၄ ရာခိုင်နှုန်းအထိ တိုးမြင့်လာနိုင်သည်။

အမေရိကန် ကုန်သွယ်ရေးဌာနက စုံစမ်းစစ်ဆေးမှုတွင် တရုတ်ကုမ္ပဏီများသည် အစိုးရ၏ ထောက်ပံ့ကြေးများ လက်ခံရရှိနေသဖြင့် ဆိုလာပြားများကို အမှန်တကယ်ကုန်ကျသည့် ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် လျော့နည်းသည့် ဈေးနှုန်းများဖြင့် မတရားသဖြင့် ယှဉ်ပြိုင်ကာ တင်ပို့ကြသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ တရုတ်ပြည်ဖြစ် ဆိုလာပြားများကို ဈေးချပြီး စုပုံတင်ပို့သည့် ဒဏ်‌ကြေး စည်းကြပ်ထားသည်မှာ တစ်ဆယ်နှစ်ဝန်းကျင် ရှိပြီ ဖြစ်သည်။ 

၎င်းဒဏ်ကြေးကို ရှောင်လွှဲရန် အတွက် တရုတ်ဆိုလာပြား ကုမ္ပဏီများသည် ဆိုလာပြား ထုတ်လုပ်မှုကို အာဆီယံ နိုင်ငံအချို့သို့ ပြောင်းရွှေ့လုပ်ကိုင်ကြသည်။ ၎င်းအာဆီယံနိုင်ငံတို့တွင် နောက်ဆုံး အပြီးသတ်အဆင့်ကို လုပ်ကိုင်ပြီး ၎င်းနိုင်ငံမှ ထုတ်လုပ်သည့် ဆိုလာပြားများအဖြစ် အမေရိကန်သို့ တင်ပို့သည်။ တရုတ်ပြည်ဖြစ် ဆိုလာပြားများမှာ မဟုတ်သဖြင့် ဈေးချပြီး စုပုံတင်ပို့သည့် ဒဏ်‌ကြေး စည်းကြပ်ခံရခြင်း မရှိချေ။ 

ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှားနှင့် ဗီယက်နမ်တို့တွင် လုပ်ကိုင်နေသော ကုမ္ပဏီများသည် ကာလကြာရှည်  ဒဏ်‌ကြေး သွင်းကုန်ခွန်များကို ရှောင်ရှားခဲ့ကြသည်ဟု အမေရိကန် ကုန်သွယ်ရေးဌာနက ဆုံးဖြတ်ခဲ့သည်။

 အမေရိကန် ကုန်သွယ်ရေးဌာနက သောကြာနေ့ (ဩဂုတ် ၁၈)တွင် ထုတ်ပြန်သည့် ကြေညာချက်အရ အာဆ‌ီယံနိုင်ငံအချို့မှ ကုမ္ပဏီ ၅ ခု၏ ဆိုလာပြားများကို ဒဏ်ကြေးအခွန် စည်းကြပ်မည် ဖြစ်သည်။ ၎င်း ကုမ္ပဏီများမှာ
• ထိုင်းမှ Canadian Solar Inc
• ကမ္ဘောဒီးယားမှ BYD (HK) Co Ltd နှင့် New East Solar (Cambodia) Co Ltd
• ဗီယက်နမ်မှ Trina Solar Science & Technology န‌ှင့် Longi Green Energy Technology Co. ၏ လက်အောက်ခံ လုပ်ငန်း Vina Solar Technology Co.
တို့ ဖြစ်ပါသည်။

မလေးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား ၄ နိုင်ငံတို့မှ ဆိုလာပြား ထုတ်လုပ်သည့် လုပ်ငန်းများသည် တရုတ်ဆိုလာပြားများ အပေါ် စည်းကြပ်သည့် ဒဏ်ကြေးအခွန်ကို ရှောင်လွှဲခြင်း မဟုတ်ကြောင်း အထောက်အထား ခိုင်ခိုင်လုံလုံ မပြနိုင်ပါက ဒဏ်ကြေးအခွန် စည်းကြပ်မည် ဖြစ်သည်။ 
မလေးရှားမှ ကုမ္ပဏီ ၃ ခုသည် ဒဏ်ကြေးအခွန် ရှောင်လွှဲရန် မလေးရှားတွင် အပြီးသတ်အဆင့် ထုတ်လုပ်ခြင်း မဟုတ်ကြောင်း အမေရိကန် ကုန်သွယ်ရေးဌာနမှ အတည်ပြုပေးပြီး ဖြစ်ပါသည်။ ယင်းကုမ္ပဏီ ၃ ခုမှာ
• Hanwha Q Cells Malaysia Sdn Bhd
• Jinko Solar Technology Sdn Bhd
• Boviet Solar Technology Co Ltd
တို့ ဖြစ်ပါသည်။

အမေရိကန်နိုင်ငံ ဆိုလာစွမ်းအင် လုပ်ငန်းကဏ္ဍသည် အာဆီယံမှ တင်ပို့သည့် ဆိုလာပြားများနှင့် မော်ဂျူးများကို အကြီးအကျယ် သုံးစွဲပါသည်။  အမေရိကန်နိုင်ငံတွင် သုံးစွဲနေသော ဆိုလာမော်ဂျူးများတွင် အကြမ်းအားဖြင့် ၇၅% သည် အာဆီယံနိုင်ငံများမှ တင်ပို့သည့် ဆိုလာပြားများ သုံးစွဲထားသည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Taxation Read 288 times