SKD ပြည်တွင်းထုတ် Truck Bus ၊သုံးဘီးမော်တော်ဆိုင်ကယ်နှင့် စပ်လျဉ်း၍ အကောက်ခွန်ဦးစီးကြေညာချက်ထုတ်ပြန်


08 July, 2021

SKD စနစ်ဖြင့် ပြည်တွင်းထုတ် Truck နှင့် Bus ၊သုံးဘီးမော်တော်ဆိုင်ကယ်နှင့် စပ်လျဉ်း၍ အကောက်ခွန်ဉီးစီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားပါသည်။

အကောက်ခွန်ဦးစီးဌာန၊ MACCS ဌာနခွဲ ကြေညာချက်အမှတ် (၈ /၂၀၂၁) 
ကြေညာလွှာတင်သွင်းသူများ သိရှိနိုင်ပါရန်

 

၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ကြော်ငြာစာအမှတ် ၃၇၂/၂၀၂၁ ဖြင့် ထုတ်ပြန်ကြေညာချက်အရ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ SKD စနစ်ဖြင့်ထုတ်လုပ်သော Bus ကားများ၊ SKD စနစ်ဖြင့်ထုတ်လုပ်သော/ Body Building ပြုလုပ်သော Truck ကားများ၊ SKD စနစ်ဖြင့် ထုတ်လုပ်သော သုံးဘီးမော်တော်ဆိုင်ကယ်များနှင့် အစီးလိုက် (CBU) သုံးဘီးမော်တော်ဆိုင်ကယ်များအပေါ်တွင် ကောက်ခံလျက်ရှိသော အကောက်ခွန်နှုန်းထားများအား ၁-၇-၂၀၂၁ ရက်နေ့မှစတင်၍ ဖြေလျှော့ခွင့်ပြုသွားမည် ဖြစ်ပါသည်။ ။
 ၂။ MACCS စနစ်၌ ကြေညာလွှာတင်သွင်းရာတွင် ဖြေလျှော့ကောက်ခံမည့် နှုန်းထားများကို သက်ဆိုင်ရာကုန် ပစ္စည်းအလိုက် HS Code များတွင် ဖြေလျှော့ကောက်ခံနိုင်ရေးအတွက် တိကျသော HS Code များအား ပြန်လည် ညှိနှိုင်းသတ်မှတ်မူ မဆောင်ရွက်နိုင်မီ ကာလအတွင်း သွင်းကုန်ကြေညာလွှာတွင် မူလသတ်မှတ်ထားသော Exemption/ Reduction Code ဖြင့် ကြေညာရမည်။ 
အကယ်၍ Reduction Code ကိုအသုံးပြုပါက Reduction Amount ကို အောက်ဖော်ပြပါ တွက်ချက်မှုနည်းလမ်းအတိုင်း ဖြည့်စွက်ကြေညာနိုင်ပါသည် 
EMFD - MINISTRY OF PLAN & FIN EX 
(အမိန့်စာ၏ အပိုဒ် ၁ (ဂ) နှင့် (ဃ) ပါ ၀ % အဖြစ်ဖြေလျှော့ခဲ့သည့် ယာဉ်အမျိုးအစားများအတွက် အကောက်ခွန် ကင်းလွတ်ခွင့် Exemption တောင်းခံ ရာတွင် အသုံးပြုရမည့် Exemption Code ဖြစ်ပါသည်။) 

RMFD - MINISTRY OF PLAN & FIN RE 
(အမိန့်စာ၏ အပိုဒ် ၁ (က)၊ (ခ)၊ (ဂ) နှင့် (ဃ) ပါ အကောက်ခွန် နှုန်းလျှော့ချခဲ့သည့် ယာဉ်အမျိုးအစားများ အတွက် အကောက်ခွန်လျှော့ပေါ့ခွင့် Reduction တောင်းခံရာတွင် အသုံးပြုရမည့် Reduction Code ဖြစ်ပါသည်။)
Reduction Amount တွက်ချက်ရာတွင် အောက်တွင်ဖော်ပြထားသည့်အတိုင်း တွက်ချက်၍ ဖြည့်စွက်ကြေညာရမည်။ 

Reduction Amount အကွက်တွင် ဖြည့်ရမည့် ပမာဏသည် မူလအကောက်ခွန်နှုန်းအရ တွက်ချက်ထားသည့်ပမာဏထဲမှ  ဖြေလျှော့ထားသည့်နှုန်းအရ တွက်ချက်ထားသည့် ပမာဏ နုတ်ပယ်ထားသည့် နုတ်လဒ် ဖြစ်ပါသည်။ 

၃။ ယခုကြေညာချက်နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက 
MACCS ဌာနခွဲ၏ Help Desk Section  (ဖုန်း 01 379429)၊ 
ထုတ်ကုန်သွင်းကုန်ကြီးကြပ်ရေးဌာနခွဲ၏ Group (3-B) Section နှင့် 
ဆက်ဆံရေးဌာနစိတ်သို့ 
ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ 

အကောက်ခွန်ဦးစီးဌာန 
 

Local News Taxation Read 1430 times