တရုတ်ကျောင်းသားများကြောင့် ထိုင်းပုဂ္ဂလိကကျောင်း ရှယ်ယာဈေးနှုန်း  ၂၁၆ ရာခိုင်နှုန်း မြင့်တက်


11 July, 2023

တရုတ်ကျောင်းသားများကြောင့် ထိုင်းပုဂ္ဂလိကကျောင်း ရှယ်ယာဈေးနှုန်း  ၂၁၆ ရာခိုင်နှုန်း မြင့်တက်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

မွေးရပ်ဇာတိနိုင်ငံမှ ထွက်ခွာလာသည့် ချမ်းသာသော တရုတ်နိုင်ငံသားများ တိုးပွားလာခြင်းသည် ထိုင်းနိုင်ငံ၏ တစ်ခုတည်းသော စတော့အိပ်ချိန်းစာရင်းဝင် စာသင်ကျောင်းလုပ်ငန်း SISB Pcl အတွက် အကျိုးအမြတ်များ ရရှိစေပြီး ကျောင်းလုပ်ငန်း၏ အမှုဆောင်အရာရှိချုပ်ကို သန်းကြွယ်သူဌေးတစ်ဦးအဖြစ်သို့ ရောက်ရှိစေခဲ့သည်။

 


.
မူလက Singapore International School of Bangkok ဟုခေါ်သော SISB Pcl ကို တက်ရောက်သည့် တရုတ်ကျောင်းသားများ ဦးရေ မြင့်တက်လာပြီး မတ်လတွင် စာရင်းသွင်းသူဦးရေသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက နှစ်ဆပိုများခဲ့သည်။
ထိုအချက်က ကျောင်း၏ စတော့ရှယ်ယာဈေးနှုန်းကို ပြီးခဲ့သည့် ၁၂ လတာအတွင်း ၂၁၆% မြင့်တက်စေခဲ့သည်။
.


SISB အမှုဆောင်အရာရှိချုပ် Kelvin Koh တွင် ရှယ်ယာ ၃၂% ခန့်ရှိပြီး စတော့စျေးနှုန်းများ တက်လာခြင်းကြောင့် ၎င်း၏တန်ဖိုးသည် ဒေါ်လာ သန်း ၃၀၀ ခန့်အထိ မြင့်တက်လာသည်။ သန်းကြွယ်သူဌေးတစ်ဦးအဖြစ်သို့ ရောက်ရှိသွားသည်။
.
ထိုင်းနိုင်ငံသည် တရုတ်ပြည်နှင့် ပထဝီဝင်အနေအထားအရ နီးကပ်မှုရှိပြီး စင်ကာပူကဲ့သို့သော အခြားနေရာများနှင့် နှိုင်းယှဉ်ပါက နေထိုင်စရိတ် သက်သာသောကြောင့် ထိုင်းနိုင်ငံသည် တရုတ်မိဘများကြားတွင် ရေပန်းစားသည့်နေရာတစ်ခု ဖြစ်လာကြောင်း Koh က ပြောကြားခဲ့သည်။

 

"ကျွန်‌တော်တို့ တွေ့ရတာကတော့ သူတို့က မပျော်မရွှင်ဖြစ်ပြီး စနစ်ကနေ ထွက်ခွာကြတာပါပဲ"ဟု တရုတ်ပြည်မှ ထိုင်းသို့ ရောက်လာကြသည့် ကျောင်းသာအချို့အကြောင်းကို Koh က ပြောပြသည်။ 

“ကျွန်တော်တို့မှာ စင်ကာပူအမှတ်တံဆိပ် ရှိနေပြီး ဒီမှာရှိတဲ့ ဦးဆောင်သူတွေက အာရှရဲ့ အတွေးအခေါ်တွေ ရှိကြပါတယ်။ ယဉ်ကျေးမှုဓလေ့ကလည်း တရုတ်တွေနဲ့ အရမ်းနီးစပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲဒါကြောင့်လည်း ထိုင်းနိုင်ငံထဲကို ဝင်လာတဲ့ ဒီလူတွေကြောင့် အကြီးမားဆုံး အကျိုးခံစားခွင့်တွေ ရကြတဲ့အထဲမှာ ကျွန်တော်တို့ ပါဝင်နေပါတယ်" ဟု ၎င်းက ပြောကြားသည်။
.
သင်္ချာနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ အထူးပြု စင်ကာပူ သင်ရိုးညွှန်းတမ်းကို သင်ပြပေးသော SISB ၏ ကျောင်း ၄ ခုတွင် ကျောင်းသူကျောင်းသား အရေအတွက်သည် ယခင်နှစ် မတ်လထက် ၂၅% ပိုများခဲ့ပြီး ၃,၂၈၄ ယောက် ရှိသည်။ နိုင်ငံခြားသား ၇၁၅ ယောက် ပါဝင်ပြီး ယင်းတို့တွင် ၆၈% သည် တရုတ်နိုင်ငံသားများ ဖြစ်ပါသည်။
.
တရုတ်နိုင်ငံသည် ယမန်နှစ်က ကမ္ဘာပေါ်တွင် သန်းကြွယ်သူဌေးဦးရေ အများဆုံး ဆုံးရှုံးခဲ့သည်။ နိုင်ငံတွင်းမှ ရွှေ့ပြောင်းနေထိုင်သည့် သန်းကြွယ်သူဌေး ၁၀,၈၀၀ ဦး ရှိသည်။ ယခုနှစ်အတွင်း နောက်ထပ် ၁၃,၅၀၀ ထွက်ခွာရန် မျှော်လင့်ထားသည်။


ယခင်ဖော်ပြချက်
တရုတ်နိုင်ငံမှ သန်းကြွယ်သူဌေးများ ထွက်ခွာသည့် အရေအတွက် လွန်စွာများပြား
https://www.industrialdirectory.com.mm/article/millionaire-exodus.html


တရုတ်ပြည်တွင် အနောက်တိုင်းကျောင်းပညာရေးစနစ်ကို  တားမြစ်ထားခြင်းကြောင့် သားသမီးများအတွက် နိုင်ငံတကာပညာရေးကို တရုတ်မိဘများ ရှာဖွေနေကြသည်။
တရုတ်နိုင်ငံတွင်းမှ ချမ်းသာကြွယ်ဝသူများ အစုအပြုံလိုက် ထွက်ခွာလာချိန်တွင် တရုတ်ကျောင်းသူကျောင်းသားများ ကျောင်းအပ်သည့် အရေအတွက် တိုးလာသည်။
.
SISB သည် ပထမသုံးလပတ်တွင် ဘတ် ၁၅၉ သန်း (ဒေါ်လာ ၄.၆ သန်း) အမြတ်ရခဲ့သည်။
.
ဩဂုတ်လတွင် ကျောင်းခွဲအသစ် နှစ်ခု ဖွင့်လှစ်မည်ဖြစ်ပြီး စုစုပေါင်း အရေအတွက် ခြောက်ခုဖြစ်လာမည်ဖြစ်သည်။
.
SISB ၏ ၀င်ငွေသည် ကလေး၏ အသက်နှင့် ကျောင်းဝင်းအပေါ်  မူတည်၍ $12,400 မှ $20,800 ဝန်းကျင်အထိ ရှိသော ကျူရှင်ခများမှ အဓိက ရရှိသည်။
.
Koh သည် စင်ကာပူကုန်သွယ်ရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်စဉ် ၁၉၉၂ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ စေလွှတ်ခံရသည်။
.
စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်သော စင်ကာပူနိုင်ငံသား Koh သည် ၄ နှစ်အကြာတွင် ဘန်ကောက်မှာ ကိုယ်ပိုင်လုပ်ငန်း စတင်လုပ်ကိုင်သည်။ ဆက်သွယ်ရေးသုံး ကေဘယ်ကြိုးများ၊ ဆက်စပ်ပစ္စည်းများ ရောင်းချသည်။ 

၂၀၀၁ ခုနှစ်တွင် ကျောင်းသားမိဘတစ်စုက ယခုအခါ SISB ဖြစ်လာမည့် ကျောင်းအသစ်တစ်ခု ထူထောင်သည်။ Koh သည် ကျောင်းတွင် ဒေါ်လာ ၅၀,၀၀၀ ခန့် ရင်းနှီးမြုပ်နှံပြီး ၎င်း၏ ကလေးနှစ်ဦးသည် ကျောင်း၏ ပထမအသုတ် ကျောင်းသားများထဲတွင် ပါဝင်ခဲ့သည်။
.
၂၀၀၇ ခုနှစ်တွင် အစုရှယ်ယာပိုင်ဆိုင်သော မိဘအချို့က နုတ်ထွက်လိုသောကြောင့် သူ့ကို တာဝန်ယူခိုင်းကြသည်။
.
“တကယ်တော့ ကျွန်တော် လုံးဝ စိတ်မဝင်စားဘူး။ ကျွန်တော်က ပညာရေး နယ်ပယ်မှာလည်း မလုပ်ဖူးပါဘူး။ ဒါပေမဲ့ 'ဒါကို ခင်ဗျား မယူရင် ဘယ်သူက စင်ကာပူ အမှတ်တံဆိပ်ကို ကိုင်တွယ်ပေးမှာလဲ' လို့ မေးခံရတယ်။ ကျွန်တော် မငြင်းသာတော့ဘူး" ဟု Koh က ပြောပြသည်။
အပြန်အလှန်အားဖြင့် သူသည် ဆုံးဖြတ်ချက်များချရန်အတွက် ဗီတိုအာဏာနှင့် အခြားရှယ်ယာရှင်များထက်  ပိုမိုထိန်းချုပ်ခွင့်အာဏာကို တောင်းဆိုခဲ့သည်ဟု Koh က ပြောပြပါသည်။
.
Source fortune 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Global News Investment/Divestment Read 326 times