တရုတ်နိုင်ငံမှ သန်းကြွယ်သူဌေးများ ထွက်ခွာသည့် အရေအတွက် လွန်စွာများပြား


24 June, 2023

တရုတ်နိုင်ငံမှ သန်းကြွယ်သူဌေးများ ထွက်ခွာသည့် အရေအတွက် လွန်စွာများပြား


ရင်းနှီးမြှုပ်နှံမှု ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Henley & Partners ၏ အစီရင်ခံစာအရ  ကမ္ဘာ့ဒုတိယအကြီးဆုံး နိုင်ငံစီးပွားရေးဖြစ်ပြီး လူဦးရေ ကမ္ဘာ့ဒုတိယအများဆုံးဖြစ်သော တရုတ်နိုင်ငံသည် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက ရွှေ့ပြောင်းနေထိုင်ကြခြင်းကြောင့် ယခုနှစ်တွင် ဒေါ်လာသန်းကြွယ်သူဌေးဦးရေ အများဆုံးဆုံးရှုံးမည်ဟု မျှော်လင့်ရသည်။
.
၎င်းလုပ်ငန်း၏ ဒေတာများအရ ၂၀၂၂ ခုနှစ်တွင် အသားတင်တန်ဖိုးမြင့်သောသူ ၁၀,၈၀၀ ဦးသည် တရုတ်နိုင်ငံမှ ပြောင်းရွှေ့အခြေချခဲ့ကြသည်။
ယခုနှစ်တွင် နောက်ထပ် ၁၃,၅၀၀ ဦး ထွက်ခွာကြဦးမည်။
 .
ယခုလို ပြောင်းရွှေ့အခြေချနေကြခြင်းသည် ကိုရိုနာဗိုင်းရပ် ကူးစက်ရောဂါအတွင်း စတင်ခဲ့သော ကိစ္စ မဟုတ်ပါ၊ ပြီးခဲ့သော ၁၀ နှစ်တာကာလအတွင်း ဖြစ်ပွားနေခဲ့ခြင်းသာ ဖြစ်သည်။
.
တရုတ်ပြီးလျှင် အိန္ဒိယသည် ဒုတိယအများဆုံး ဖြစ်သည်။ Henley & Partners က အိန္ဒိယသည် ယခုနှစ်တွင် အသားတင်တန်ဖိုးမြင့်သော သန်းကြွယ်သူဌေး ၆၅၀၀ ဆုံးရှုံးမည်ဟု ခန့်မှန်းထားသည်။ ၂၀၂၂ ခုနှစ်ထက် ၁,၀၀၀ လျော့နည်းသည်။
သို့သော် ထိုသို့ သန်းကြွယ်သူဌေးများ စီးထွက်ခြင်းသည် စိုးရိမ်စရာ ကိစ္စမဟုတ်ချေ။ အကြောင်းမှာ ထွက်သွားသည့် ဦးရေထက် ပိုများသော အရေအတွက်ဖြင့် အိန္ဒိယတွင်  သန်းကြွယ်သူဌေးအသစ်များကို မွေးထုတ်ပေး‌ေနသည်။
.
အခြားနိုင်ငံများတွင်လည်း သန်းကြွယ်သူဌေးများ စီးထွက်နေသည်။
.
 ဟောင်ကောင်သည် ယခုနှစ်တွင် အသားတင်တန်ဖိုးမြင့်သော သန်းကြွယ်သူဌေး ၁၀၀၀ဦး  ဆုံးရှုံးမည်ဟု မျှော်လင့်ရပြီး တောင်ကိုရီးယားသည် ၈၀၀ ဦးနှင့် ဂျပန်သည်  ၃၀၀ဦး ဆုံးရှုံးရဖွယ်ရှိသည်။
.
ရုရှားသည် ယခုနှစ်တွင် အသားတင် သန်းကြွယ်သူဌေး ၃၀၀၀ ဦး မျှသာ ဆုံးရှုံးရဖွယ်ရှိပြီး ၂၀၂၂ ခုနှစ်တွင် ၈,၅၀၀ဦး ထွက်ခွာခဲ့ကြသည်ထက်  သိသိသာသာ ကျဆင်းသွားခဲ့သည်။
.
ဗြိတိန်သည် ယခုနှစ်တွင် အသားတင် သန်းကြွယ်သူဌေး ၃,၂၀၀ ကို ဆုံးရှုံးနိုင်ပြီး ယခင်နှစ်က ဆုံးရှုံးခဲ့သည့်ထက် နှစ်ဆဖြစ်သည်။ Henley & Partners စာရင်းတွင် တတိယ အများဆုံးဖြစ်သည်။

 


သန်းကြွယ်သူဌေး ပြောင်းရွှေ့မှု ၂၀၂၃ ထိပ်တန်း(၅) နိုင်ငံ


Source: Henley & Partners  Get the data  

.
ယခုနှစ်တွင် ဩစတြေးလျသို့  ပြောင်းရွှေ့အခြေချသည့် အသားတင်တန်ဖိုးမြင့်သော သန်းကြွယ်သူဌေးများ အရေအတွက်သည်  အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) ထက် ပိုများသွားနိုင်သည်ဟု ခန့်မှန်းထားသည်။
.
ယခုနှစ်တွင် ဩစတြေးလျသို့ သန်းကြွယ်သူဌေး ၅,၂၀၀ ဦး ပြောင်းရွှေ့အခြေချနေထိုင်ကြမည်။ သန်းကြွယ်သူဌေးများ ယူအေအီးသို့ ၄၅၀၀ ဦး ၊ စင်ကာပူသို့ ၃,၂၀၀ ဦး ပြောင်းရွှေ့အခြေချနေထိုင်ကြမည်။
.
သန်းကြွယ်သူဌေးများ အနောက်နိုင်ငံများသို့  ပြောင်းရွှေ့အခြေချနေထိုင်ကြရာ၌ အမေရိကန်သို့ ၂,၁၀၀ ဦး၊ ဆွစ်ဇာလန်သို့ ၁,၈၀၀ ဦး၊ ကနေဒါသို့ ၁,၆၀၀ ဦး  ပြောင်းရွှေ့အခြေချနေထိုင်ကြမည်။
 
Source Henley & Partners
 

Global News Investment/Divestment Read 833 times