ဇွန်လမှစ၍ ဖုန်းနှင့် ဆက်စပ် ပစ္စည်းများ ဝယ်ယူရာတွင် အခွန်ဆောင်ရမည်


06 May, 2019

ဖုန်း နှင့် ဆက်စပ် အပိုပစ္စည်းများတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခြင်းကို လာမယ့် ဇွန်လ ၁ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနမှ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ပစ္စည်းများဝယ်ယူသူကို ထုတ်ပေးမယ့် ပြေစာမှာ ကပ်နှိပ်ဖို့ ကျပ် ၅၀၊ ကျပ် ၁၀၀၊ ကျပ် ၅၀၀၊ ကျပ် ၁,၀၀၀၊ ကျပ် ၅,၀၀၀ နှင့် ကျပ် ၁၀,၀၀၀ တန် စတဲ့ အခွန်တံဆိပ်ခေါင်း ( ၇ ) ခုကို ထုတ်လုပ်ဖို့ လုပ်ဆောင်နေပါတယ်။
ဝယ်ယူသူတွေအနေနဲ့ ပစ္စည်းတန်ဖိုးနဲ့ ကျသင့်ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမှာဖြစ်ပြီး အဲ့ဒီအတွက် ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတင်သွင်းရောင်းချသူများ၊ အရောင်းဆိုင်များမှ ပြေစာမှာ အခွန်တံဆိပ်ခေါင်း ကပ်ပေးရမှာဖြစ်ပါတယ်။

ဝယ်ယူသူတွေအနေနဲ့ ပေးရမယ့်အခွန်နဲ့ ညီမျှတဲ့ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားတဲ့ ပြေစာတွေကို တောင်းယူကြရမှာဖြစ်ပြီး အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိတဲ့ ပြေစာကို ထုတ်ပေးပါက နီးစပ်ရာအခွန်ရုံးမာျးကို တိုင်ကြားနိုင်ကြောင်း အသိပေးထားပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနမှ စားသောက်ဆိုင်များ၊ ဟိုတယ်နှင့် တည်းခိုခန်းများ၊ ရွှေဆိုင်များ၊ ရုပ်သံဝန်ဆောင်မှုလုပ်ငန်များမှာလည်း အခွန်များကောက်ခံလျက်ရှိပါတယ်။

Ref: Internal Revenue Department 

Taxation Read 420 times