အာရှအတွက် ရေနံဈေးနှုန်းများ ဆော်ဒီ လျှော့ချ


06 December, 2023

အာရှအတွက် ရေနံဈေးနှုန်းများ ဆော်ဒီ လျှော့ချ

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဆော်ဒီအာရေဗျသည် ၂၀၂၄ ဇန်နဝါရီလတွင်  သင်္ဘောတင်မည့် ရေနံစိမ်းများအတွက် အာရှသို့ ရေနံစိမ်း တရားဝင်ရောင်းဈေးနှုန်း official selling price (OSP)ကို ဖေဖော်ဝါရီလ နောက်ပိုင်း အများဆုံးလျှော့ချခဲ့သည်။
 


OPEC+ က ရေနံစိမ်း ဈေးနှုန်း မကျအောင် ထိန်းထားရန် ၂၀၂၄ ခုနှစ် ပထမ၃ လတာအတွက် ရေနံစိမ်း တင်ပို့များကို လျှော့ချထားမည် ဖြစ်ကြောင်း Industries Guide တွင် တင်ပြခဲ့ပါသည်။


၂၀၂၄ ပထမသုံးလပတ်တွင် OPEC+ အဖွဲ့ဝင်များ ဆန္ဒအလျောက် ရေနံစိမ်း လျှော့ထုတ်ကြမည် 
https://www.industrialdirectory.com.mm/article/-opec-cut-production.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


သို့သော် ယခုအခါ အမေရိကန်က ရေနံစိမ်း တင်ပ့်ုမှု တိုးမြှင့်ထားရာ ရေနံစိမ်း ဈေးနှုန်းများ အားပျော့နေသဖြင့် ဆော်ဒီအာရေဗျက ဈေးလျှော့ချသည်ဟု ယူဆရသည်။ 
အကယ်၍ လျှော့ချမပေးလျှင် အာရှမှ ဝယ်လက်များသည် ဈေးပိုသက်သာသည့် ဆီမှ ဝယ်ယူကြတော့မည် ဖြစ်သည်။ 
ဆော်ဒီအာရေဗျမှ နိုင်ငံပိုင် စွမ်းအင်လုပ်ငန်းကြီး Saudi Aramco သည် လဆန်း ရက်တွင် နောက်လာမည့်လအတွက် တရားဝင်ရေနံစိမ်းရောင်းဈေးနှုန်းများကို အိုမန်/ဒူဘိုင်း ပျမ်းမျှ ရေနံစိမ်း ဈေးနှုန်းနှင့် ကွာခြားချက်ဖြင့် ကြေညာပေးလေ့ရှိရာ ယခု ဒီဇင်ဘာလ ၅ ရက်တွင် လာမည့် ဇန်နဝါရီလအတွက် တရားဝင်ရေနံစိမ်းရောင်းဈေးနှုန်းများကို ကြေညာပေးခဲ့သည်။ အထင်ကရ ရေနံစိမ်းအကြဲ Arab Light ရေနံစိမ်း အာရှအတွက် ရောင်းဈေးကို တစည်လျှင် ၅၀ ဆင့် လျှော့ချထားသည်။ သို့ဖြစ်ရာ အိုမန်/ဒူဘိုင်း ပျမ်းမျှ ရေနံစိမ်း ဈေးနှုန်းအထက် တစ်စည်လျှင် $3.50 ဟု သတ်မှတ်သည်။ 

၂၀၂၃ ဇွန်လ နောက်ပိုင်း ပထမဆုံးအကြိမ် ဈေးလျှော့ပေးခြင်း ဖြစ်သည်။ 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 215 times