၂၀၂၄ ပထမသုံးလပတ်တွင် OPEC+ အဖွဲ့ဝင်များ ဆန္ဒအလျောက် ရေနံစိမ်း လျှော့ထုတ်ကြမည် 


04 December, 2023

၂၀၂၄ ပထမသုံးလပတ်တွင် OPEC+ အဖွဲ့ဝင်များ ဆန္ဒအလျောက် ရေနံစိမ်း လျှော့ထုတ်ကြမည် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


 
OPEC+ အဖွဲ့ဝင် နိုင်ငံအချို့သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် တစ်ရက်လျှင် ရေနံစည်ပေါင်း ၂ ဒသမ ၂ သန်းအထိ မိမိဆန္ဒအလျောက် လျှော့ချတင်ပို့ရန် သဘောတူညီထားပါသည်။


ရေနံစိမ်း ကမ္ဘာ့အများဆုံးတင်ပို့သည့် ဆော်ဒီအာရေးဗီးယားသည် တစ်နေ့လျှင် ရေနံစည်ပေါင်း ၁ သန်းကို မိမိဆန္ဒအလျောက် ထုတ်လုပ်မှုလျှော့ချထားရာ၌ ယခင်လက ဒီဇင်ဘာလကုန်အထိ တပ်တိုးခဲ့ပြီး ယခုအခါ ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ၃ လ ထပ်တိုး လိုက်ပါသည်။
သို့ဖြစ်ရာ ဆော်ဒီအာရေးဗီးယားသည် ၂၀၂၄ ခုနှစ် မတ်လကုန်အထိ ရေနံစိမ်း တရက်လျှင် စည်ပေါင်း ၉ သန်းအထိသာ တင်ပို့တော့မည် ဖြစ်သည်။ 


၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် မိမိဆန္ဒအလျောက် ရေနံစိမ်း ထုတ်လုပ်မှု လျှော့ချမည့် နိုင်ငံများမှာ 
• ရုရှား တရက်လျှင် စည်ပေါင်း ၅ သိန်း
• အီရတ် တရက်လျှင် စည်ပေါင်း  ၂၂၃,၀၀၀
• ယူအေအီး  တရက်လျှင် စည်ပေါင်း ၁၆၃,၀၀၀
• ကူဝိတ်  တရက်လျှင် စည်ပေါင်း ၁၃၅,၀၀၀
• ကာဇက်စတန်  တရက်လျှင် စည်ပေါင်း ၈၂,၀၀၀
• အယ်လ်ဂျီးရီးယား  တရက်လျှင် စည်ပေါင်း ၅၁,၀၀၀
• အိုမန်  တရက်လျှင် စည်ပေါင်း ၄၂,၀၀၀
တို့ ဖြစ်ပါသည်။

လာမည့်နှစ်ဆန်းမှ စ၍ ဘရာဇီးသည် အဖွဲ့ဝင် အသစ်အဖြစ် စတင်ပါဝင်မည် ဖြစ်သည်။

Source cnn

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 241 times