ဆော်ဒီအာရေးဗီးယား ဇူလိုင်လ ရေနံစိမ်းဈေးများ မြင့်တက်


06 June, 2023

ဆော်ဒီအာရေးဗီးယား ဇူလိုင်လ ရေနံစိမ်းဈေးများ မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

စျေးကွက်တွင် ရေနံစိမ်း ဈေးမကျအောင်  ကြိုးပမ်းမှုအနေဖြင့် ကမ္ဘာ့ အကြီးမားဆုံး ရေနံစိမ်းတင်ပို့သူ ဆော်ဒီအာရေးဗီးယားသည် ရေနံစိမ်း ထုတ်လုပ်မှုကို လျှော့ချမည် ဖြစ်သည့်အပြင်  ဇူလိုင်လတွင်  သင်္ဘောတင်မည့် ရေနံစျေးနှုန်းများကို မြှင့်တင်မည်ဖြစ်သည်။

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့Organization of Petroleum Exporting Countries (OPEC) ခေါင်းဆောင်  ဆော်ဒီအာရေးဗီးယားက လစဉ်လတိုင်း လဆန်း ၅ ရက်နေ့တွင် လာမည့်လအတွက် ရေနံစိမ်းဈေးနှုန်းကို ထုတ်ပြန်ကြေညာပါသည်။ ယခု လာမည့်လ ဇူလိုင်အတွက် ရေနံစိမ်းအမျိုးမျိုးအတွက် ဈေးနှုန်းများ ကြေညာခဲ့ရာ ရေနံစိမ်း အမျိုးမျိုး အကုန်လုံးကို ဈေးတင်ထားပါသည်။


ဆော်ဒီအာရေဗျ ရေနံစိမ်း လျှော့ထုတ်မည်
https://www.industrialdirectory.com.mm/article/saudi-oil-cut.html



အစိုးရပိုင် Saudi Aramco သည် အာရှသို့ ရောင်းချမည့် Arab Light ရေနံစိမ်းအကြဲကို တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၄၅ ဆင့် ဈေးတင်လိုက်ပြီး တစ်စည်လျှင် ဒေသတွင်း ရေနံစိမ်း ရောင်းဈေးစံနှုန်းအထက်  ၃ အမေရိကန်ဒေါ်လာဖြင့် ဇူလိုင်လတွင် ရောင်းချမည် ဖြစ်သည်။

အာရှသို့ ဇူလိုင်လတွင် တင်ပို့မည့် အခြားရေနံစိမ်း အမျိုးအစား အသီးသီးကိုလည်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၄၅ ဆင့် ဈေးတင်လိုက်ပါသည်။

 

 

 

အာရှသည် ဆော်ဒီအာရေဗျ ရေနံစိမ်းများကို အများဆုံးဝယ်ယူပါသည်။ Aramco သည် အာရှသို့ ရေနံစိမ်းတင်ပို့မှု စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းခန့်ကို ရောင်းချနေပြီး အများစုမှာ ကာလရှည်စာချုပ်များဖြင့် ရောင်းချရာ၌ လစဉ်သုံးသပ်သည့် ဈေးနှုန်းဖြင့် ရောင်းချသည်။ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အိန္ဒိယတို့က အများဆုံး ဝယ်ယူသည်။  
Source Bloomberg 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


 

Energy News Read 249 times