အာရှဝယ်လက်များအတွက် ဒီဇင်ဘာ ရေနံစိမ်းဈေးနှုန်းများ ဆော်ဒီအာရေဗျ ထုတ်ပြန်ကြေညာ


07 November, 2023

အာရှဝယ်လက်များအတွက် ဒီဇင်ဘာ ရေနံစိမ်းဈေးနှုန်းများ ဆော်ဒီအာရေဗျ ထုတ်ပြန်ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


ဆော်ဒီအာရေဗျမှ နိုင်ငံပိုင် ရေနံလုပ်ငန်းကြီး Saudi Aramco သည် အာရှဝယ်လက်များအတွက်  ဒီဇင်ဘာလတွင် သင်္ဘောတင်မည့် ရေနံစိမ်း အကြဲ Arab Light တရားဝင်ရောင်းချသည့်စျေးနှုန်း official selling price (OSP) ကို နိုဝင်ဘာလ ဈေးနှုန်းအတိုင်း မပြောင်းလဲဘဲ ဆက်လက်ထားရှိသည်။
၅ လတိုင်တိုင် တလထက်တလ စျေးနှုန်းတက်ခြင်းကို ခေတ္တရပ်ထားသည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 အရှေ့အလယ်ပိုင်းဒေသ ရေနံအခရာကျသည့် နိုင်ငံ ဆော်ဒီအာရေဗျက  Arab Light အတွက် OSP ကို တစ်စည်ကို  အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်း အထက် ၄ ဒေါ်လာသတ်မှတ်ထားပြီး နိုဝင်ဘာလ ဈေးနုန်းနှင့် အတူတူပင် ဖြစ်သည်။


ရေနံ ထိပ်တန်းတင်ပို့သည့် နိုင်ငံများဖြစ်သော ဆော်ဒီအာရေးဗီးယားနှင့် ရုရှားတို့သည် ယခုနှစ်ကုန်အထိ မိမိဆန္ဒအလျောက် ရေနံတင်ပို့မှု လျှော့ချမည် ဖြစ်ကြောင်း ကြေညာခဲ့သည်ကို Industral Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။


https://www.industrialdirectory.com.mm/article/voluntary-supply-cuts.html
အပြည့်အစုံ ဖတ်ရှုရန် လင့်ကို ထိပါ


ဒီဇင်ဘာလတွင် သင်္ဘောတင်မည့် ရေနံစိမ်း အမျိုးမျိုးတို့အတွက် Saudi Aramco ၏ အာရှဝယ်လက်များအတွက် OSP များတွင် ရေနံစိမ်းအကြဲ Arab Extra Light ကို ၇၀ ဆင့် ဈေးတက်ပြီး တစည်လျှင်  အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်း အထက် $4.05 ဟု သတ်မှတ်သည်။ တလထက်တလ ဈေးတက်ခဲ့သည်မှာ ဆက်တိုက် တတိယမြောက်လ ဖြစ်သည်။

ဆော်ဒီရေနံစိမ်း အာရှအတွက် ဒီဇင်ဘာလ ၂၀၂၃ ဈေးနှုန်းများ

(အိုမန်/ဒူဘိုင်း ပျမ်းမျှဈေးနှုန်း အထက်/အောက် ကွာခြားချက်)

 

December

November

Change

SUPER LIGHT

(+)5.45

(+)5.45

0

EXTRA LIGHT

(+)4.05

(+)3.35

(+)0.70

LIGHT

(+)4.00

(+)4.00

0

MEDIUM

(+)3.35

(+)3.45

(-)0.10

HEAVY

(+)2.00

(+)1.70

(+)0.30

 

 

 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 268 times