ရုရှားနှင့် ဆော်ဒီအာရေဗျ ရေနံထုတ်လုပ်မှု နှစ်ကုန်အထိ ဆက်လက် လျှော့ချထားမည်ဟု အတည်ပြုကြေညာ


06 November, 2023

ရုရှားနှင့် ဆော်ဒီအာရေဗျ ရေနံထုတ်လုပ်မှု နှစ်ကုန်အထိ ဆက်လက် လျှော့ချထားမည်ဟု အတည်ပြုကြေညာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရုရှားနှင့် ဆော်ဒီအာရေးဗီးယားတို့သည် ၂၀၂၃ ခုနှစ်ကုန်အထိ မိမိဆန္ဒအလျောက် ရေနံတင်ပို့မှုများ ဆက်လက်လျှော့ချထားရန် စီစဉ်ထားကြောင်း တာဝန်ရှိသူများက နိုဝင်ဘာ ၅ ရက်တွင် ပြောကြားခဲ့သည်။

အစ္စရေး-ဟားမတ်စ်စစ်ပွဲသည် အရှေ့အလယ်ပိုင်းဒေသတွင် ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးအပေါ်  သက်ရောက်မှုရှိနိုင်ခြင်းနှင့် OPEC+  ရေနံစိမ်းတင်ပို့မှု မူဝါဒတို့အပေါ်  ကြောင့်ကြခြင်းများ ဖြစ်ပေါ်နေစဉ် ရေနံစိမ်း တင်ပို့မှု ဆက်လက်လျှော့ချထားမည့် ကြေညာချက်  ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆော်ဒီအာရေဗျသည် တင်ပို့မှုကို ၎င်း၏ဆန္ဒအလျောက် တရက် စည် ၁ သန်း လျှော့ချထားခြင်းကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်ဟု Saudi Press Agency  က နိုဝင်ဘာလ ၅ ရက်တွင် သတင်းဖော်ပြခဲ့ပါသည်။ 
သို့ဖြစ်ရာ ဆော်ဒီအာရေဗျသည်  တရက်လျှင် စည် ၉ သန်းဝန်းကျင်ကိုသာ တင်ပို့မည် ဖြစ်သည်။

ရုရှားကလည်း တရက် စည် ၃ သိန်း လျှော့ချတင်ပို့လျက်ရှိသည့် အစီအစဉ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ လကုန်အထိ ဆက်လက် ကျင့်သုံးသွားမည် ဖြစ်ကြောင်း ဒုဝန်ကြီးချုပ် Alexander Novak  က နိုဝင်ဘာလ ၅ ရက်တွင် ပြောကြားသည်။

ထုတ်လုပ်မှုကို လျှော့ချမည် သို့မဟုတ်  ပြန်တိုးမည်ဆိုသည်ကို ဒီဇင်ဘာလတွင် သုံးသပ်ဆုံးဖြတ်မည်ဟု ရုရှားနှင့် ဆော်ဒီအာရေဗျတို့က ပြောကြားခဲ့ကြသည်။


အဆိုပါ လျှော့ချတင်ပို့ခြင်းများသည် ရေနံဈေးကွက်တည်ငြိမ်မှုနှင့် ဟန်ချက်ညီမှုကို အထောက်အကူပြုရန် ရည်ရွယ်ကြောင်း၊ OPEC+ နိုင်ငံများ၏ ကြိုတင်စီမံရေး အားထုတ်မှုများကို အားဖြည့်ပေးကြောင်း ၎င်းတို့က ပြောကြားခဲ့ကြသည်။

Source  S&P Global

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 188 times