ရုရှားလောင်စာဆီတင်ပို့မှု တားမြစ်ချက် ရုပ်သိမ်းမည်


10 November, 2023

ရုရှားလောင်စာဆီတင်ပို့မှု တားမြစ်ချက် ရုပ်သိမ်းမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ရုရှားနိုင်ငံတွင် လောင်စာဆီတင်ပို့မှု တားမြစ်ချက်ကို  ရုပ်သိမ်းမည်ဖြစ်သည်။
ဒီဇယ်နှင့် ဓာတ်ဆီ တင်ပို့မှုတွင် ကျန်ရှိသည့် ကန့်သတ်ချက်များအားလုံးကို ဖယ်ရှားတော့မည် ဖြစ်သဖြင့်  ကြိုတင်ပြင်ဆင်ထားရန် ရုရှားလောင်စာ ထုတ်လုပ်သူများကို အစိုးရက အသိပေး ပြောကြားထားသည်။


စက်သုံးဆီ ပြည်တွင်းဈေးကြီးမြင့်မှုနှင့် ပြတ်လပ်မှုကို ကိုင်တွယ်ဖြေရှင်းရန် စက်တင်ဘာ ၂၁ ရက်တွင်တင်ပို့မှု တားမြစ်ချက်ကို စတင်ခဲ့ပြီး မည်သည့်အတွက်ကြောင့် ပိတ်ပင်ရသည့်အကြောင်းရင်းကို  IndustriesGuide တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။


ဓာတ်ဆီ ဒီဇယ်ဆီ တင်ပို့မှု ရုရှား ယာယီပိတ်ပင်ထား
#IndustriesGuide
https://www.industrialdirectory.com.mm/article/russia-temporarily-bans-fuel-exports.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ



ရုရှားသည် ကမ္ဘာပေါ်တွင် ဒီဇယ်ဆီ ပင်လယ်ရေကြောင်းမှ တင်ပို့သည့် ကမ္ဘာ့ထိပ်တန်း နိုင်ငံဖြစ်သည်။
အောက်တိုဘာလ ၆ ရက်တွင် အစိုးရက ဒီဇယ်ဆီ တင်ပို့ခွင့် ကန့်သတ်ချက် အများစုကို  ဖြေလျှော့ပေးခဲ့ကြောင်း IndustriesGuide တွင် တင်ပြခဲ့ပြီး ဖြစ်ပါသည်။


ရုရှား ဒီဇယ်ဆီ ပြည်ပတင်ပို့မှု အများစုကို တားမြစ်ချက် ရုပ်သိမ်း
#IndustriesGuide
https://www.industrialdirectory.com.mm/article/pipeline-diesel-exports-via-ports.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ



ဓာတ်ဆီတင်ပို့မှုကို ဆက်လက်တားမြစ်ထားရာ၌ ‌ပင်လယ်ရေကြောင်းမှ တင်ပို့ခြင်းအပြင် ကုန်းလမ်း ပို့ဆောင်ရေးဖြင့် ရထားတွဲများ၊ ထရပ်ကားများဖြင့် တင်ပို့ခြင်းကို ပိတ်ပင်ထားခဲ့သည်။

စွမ်းအင်ဝန်ကြီး Nikolai Shulginov က ရုရှားအစိုးရသည် ဓာတ်ဆီအဆင့်အတန်း အချို့အပေါ် တင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းရန် စဉ်းစားနေသည်ဟု ပြောကြားခဲ့သည်။


“နောက်တစ်ပတ်မှာ တင်ပို့မှု တားမြစ်ချက်ကို ရုပ်သိမ်းမယ်လို့ သူတို့က ကတိပေးခဲ့ပါတယ်။ ဒီကတိနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့က သန့်စင်ထုတ်လုပ်‌ေရးနဲ့ ပို့ကုန်အချိန်ဇယားကို စီစဉ်ထားပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

ဒီဇယ်သည် ရုရှားနိုင်ငံ၏ အကြီးမားဆုံး ရေနံထွက်ကုန် တင်ပို့မှုဖြစ်ပြီး ယမန်နှစ်က မက်ထရစ်တန် ၃၅ သန်းခန့် တင်ပို့ခဲ့သည်။ သုံးပုံ နှစ်ပုံကို သင်္ဘောတင်သည့် ဆိပ်ကမ်းများသို့ ပိုက်လိုင်းဖြင့် တင်ပို့ခဲ့သည်။


ရုရှားသည်  ယမန်နှစ် ၂၀၂၂ ခုနှစ်တွင် ဓာတ်ဆီတန်ချိန် ၄.၈ သန်း တင်ပို့ခဲ့သည်။

ယခုအခါ ဓာတ်ဆီ ပြည်တွင်း ဝယ်လိုအားထက် ထုတ်လုပ်မှုက ပိုများနေပြီး ပြည်ပတင်ပို့ခွင့် မရသဖြင့်  ပြည်တွင်းမှာ ဓာတ်ဆီများ ပိုလျှံနေသည်။

လက်ရှိ ဂျုံရိတ်သိမ်းရာသီ ပြီးဆုံးသည့်အခါ ပြည်ပတင်ပို့ရန် ပြန်ဖွင့်ပေးမည်ဟု မျှော်လင့်ထားကြသည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 314 times