ရုရှား ဒီဇယ်ဆီ ပြည်ပတင်ပို့မှု အများစုကို တားမြစ်ချက် ရုပ်သိမ်း


07 October, 2023

ရုရှား ဒီဇယ်ဆီ ပြည်ပတင်ပို့မှု အများစုကို တားမြစ်ချက် ရုပ်သိမ်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ပိုက်လိုင်းများဖြင့် ဆိပ်ကမ်းများမှတစ်ဆင့် ဒီဇယ်ဆီ ပြည်ပတင်ပို့မှု တားမြစ်ချက်ကို ရုတ်သိမ်းလိုက်ကြောင်း ရုရှားအစိုးရက သောကြာနေ့(နိုဝင်ဘာ ၆)တွင် ပြောကြားခဲ့ပြီး စက်တင်ဘာလ ၂၁ ရက်တွင် ပြဋ္ဌာန်းထားသည့် ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်သည်။

 ဓာတ်ဆီ တင်ပို့မှု ကန့်သတ်ချက်များ ရှိနေဆဲဖြစ်သည်။

ဒီဇယ်သည် ရုရှားနိုင်ငံ၏ အကြီးမားဆုံးရေနံထွက်ကုန် တင်ပို့မှုဖြစ်ပြီး ယမန်နှစ်က တန်ချိန် ၃၅ သန်းခန့်ရှိပြီး ယင်းအနက် လေးပုံသုံးပုံနီးပါးကို ပိုက်လိုင်းများမှတစ်ဆင့် ပင်လယ်ဆိပ်ကမ်းများမှ တင်ပို့ခဲ့သည်။
ရုရှားနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ဓာတ်ဆီတန်ချိန် ၄.၈ သန်း တင်ပို့ခဲ့သည်။

“အစိုးရက ဒီဇယ်ဆီ တင်ပို့မှု ကန့်သတ်ချက်တွေကို ရုပ်သိမ်းပြီး ပိုက်လိုင်းနဲ့ ဆိပ်ကမ်းတွေဆီ ပို့တာကို ပြန်ခွင့်ပြုပါတယ်။ ထုတ်လုပ်သူမှ ထုတ်လုပ်သော ဒီဇယ်ဆီ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို ပြည်တွင်းဈေးကွက်သို့ ရောင်းချပေးတယ်ဆိုရင် ပြည်ပတင်ပို့ဖို့ ခွင့်ပြုပါတယ်"ဟု  အစိုးရ ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန်ထက် ပိုများသော ကမ္ဘာ့ထိပ်တန်း လောင်စာဆီ တင်ပို့သည့် ရုရှားနိုင်ငံမှ လောင်စာဆီ တင်ပို့မှုအပေါ်  ကန့်သတ်ချက်များကြောင့် ကမ္ဘာ့စျေးနှုန်းများ မြင့်တက်ခဲ့ပြီး အချို့သော ဝယ်လက်များသည် ဓာတ်ဆီနှင့် ဒီဇယ် ရနိုင်မည့် အခြားနေရာများကို ရှာဖွေခဲ့ကြရသည်။

ယူကရိန်းတွင် ရုရှား၏ လောင်စာဆီ တင်သွင်းမှုကို အီးယူက တားမြစ်ပြီးနောက် ရုရှားသည် ဥရောပသို့ တင်ပို့သည့် လောင်စာဆီများကို  ဘရာဇီး၊ တူရကီ၊ မြောက်နှင့် အနောက်အာဖရိက နိုင်ငံအများအပြားနှင့် အရှေ့အလယ်ပိုင်းရှိ ပင်လယ်ကွေ့နိုင်ငံများသို့ လမ်းကြောင်းပြောင်းပြီး တင်ပို့ခဲ့သည်။

 ရေနံချက်စက်ရုံ အကြီးစားများ ရှိသည့် ပင်လယ်ကွေ့ နိုင်ငံများသည် ရုရှားထံမှ လောင်စာဆီကို ဈေးအနိမ့်ဖြင့် ဝယ်ယူပြီး ဈေးအမြင့်ဖြင့် ပြန်လည် တင်ပို့သည်။


ရုရှားနိုင်ငံသည် မကြာသေးမီလများအတွင်း ပြည်တွင်းမှာ လောင်စာဆီ ပြတ်လပ်မှုနှင့် လောင်စာဆီဈေး ကြီးမြင့်မှုတို့ကို ကိုင်တွယ်ဖြေရှင်းခဲ့ရသည်။ လောင်စာဆီ ပြဿနာသည် အထူးသဖြင့် ဂျုံရိတ်သိမ်းရာသီအတွင်း လယ်သမားများကို ထိခိုက်နစ်နာစေခဲ့သည်။

တားမြစ်ချက်ကို စတင်လိုက်ပြီးနောက် ပြည်တွင်းလက်ကား ဒီဇယ်ဈေးသည် ၂၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဓာတ်ဆီဈေး ၁၀ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Export, Import Read 354 times