တရုတ်နိုင်ငံက ၉ နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ လျှော့ချမည်


21 December, 2021

တရုတ်နိုင်ငံက နိုင်ငံ ၉ ခုမှ တင်သွင်းသည့် ကုန်စည်အမျိုးအမည် အတော်များများအပေါ် စည်းကြပ်ခွန်များ လျှော့ချပေးမည်။ ၂၀၂၂ ဇန်နဝါရီလတွင် စတင်သက်ရောက်မည် ဖြစ်သည်။

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Comprehensive Economic Partnership – RCEP) သဘောတူညီချက်ကို စတင်ကျင့်သုံးလိုက်ခြင်း ဖြစ်သည်။

အဆိုပါ ၉ နိုင်ငံမှာ ဂျပန်၊ ဩစတေးလျ၊ နယူးဇီလန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်တို့ ဖြစ်သည်။ 

RCEP အဖွဲ့ဝင်နိုင်ငံတို့အကြား ကုန်သွယ်မှုများတွင် ၉၀% ကျော်သည် အကောက်ခွန်လွတ် ဖြစ်မည် ဖြစ်ရာ ဈေးကွက်အခွင့်အလမ်းအသစ်များ ရရှိကြမည် ဖြစ်သည်။

တရုတ်နိုင်ငံသည် ၂၀၂၂ ဇန်နဝါရီ ၁ ရက်မှစတင်၍ တင်သွင်းသည့် ကုန်ပစ္စည်း ၉၅၄ ခုအတွက် ကြားဖြတ်အကောက်ခွန်နှုန်းထားများ ချမှတ်မည်ဖြစ်သည်။ ဥပမာ ကင်ဆာကုထုံးတွင် အသူံပြုသော ရေဒီယံ ကလိုရိုက် ထိုးဆေးများကို အကောက်ခွန် ကင်းလွတ်ခွင့် ပေးမည် ဖြစ်သည်။ ကလေးဝတ် အဝတ်အစားအပါအဝင် လူသုံးကုန်ပစ္စည်းအချို့ကို စည်းကြပ်ခွန် လျှော့ချပေးမည် ဖြစ်သည်။

Taxation Read 557 times