PJ Passport အတွက် OWIC smart card လျှောက်ထားရန် သိထားသင့်သည့်အချက်များ


19 October, 2021

Passport type PJ (passport for job) ကိုင်ဆောင်ထားတဲ့သူမှန်သမျှ နိုင်ငံခြားထွက်ရင် (Oversea Workers Identification Card) OWIC smart card လိုပါတယ်။ မြန်မာပြည်လေဆိပ် immigration မှာ ပြကိုပြရမှာပါ။ မပြနိုင်ရင် လေယာည်ပေါ်တက်ခွင့်မပြုပါ။ အောက်တိုဘာလ ၁၆  ရက်က MAI ၏ ရန်ကုန်-ဒူဘိုင် Flight မှာ လိုက်ပါမည့် ခရီးသည်များတွင်  Passport type PJ  ကိုင်ဆောင်ထားသူ ၁၇ ဦး လေယာဉ်ဖြင့် လိုက်ပါခွင့် မရခဲ့ပါ။

ယခုမှထွက်တဲ့ အမိန့်အသစ်ပါ။ ရိုးရိုးကတ်မရပါဘူး။ Smart card မှ ရပါမယ်တဲ့။ အဒီကတ်က ရန်ကုန်မှာ လုပ်လို့မရပါ။ နေပြည်တော်ရုံးသို့ လျှောက်ထားရမှာ ဖြစ်ပါတယ်။ 
 
OWIC လျှောက်ဖို့ လိုအပ်တဲ့စာရွက်စာတမ်းတွေနဲ့ လုပ်ရမယ့်အစီအစဉ်

လိုအပ်တဲ့ စာရွက်စာတမ်းများ

1) Offer letter (အလုပ်ခေါ်စာ)
2) Recommendation letter for Covid 19 (အလုပ်ကုမ္ပဏီရဲ့ Covid 19 အတွက် အပြည့်အဝတာဝန်ယူကြောင်း ထောက်ခံစာ)
3) Employment contract (အလုပ်ကုမ္ပဏီနဲ့ဝန်ထမ်းရဲ့ သဘောတူစာချုပ်)
4) Passport copy
5) Visa copy
6) အပေါ်စာ (OWIC ကတ် လျှောက်ထားခွင့်ပြုပါရန် လျှောက်လွှာ၊ လိပ်စာ ဖုန်း email address အပြည့်အစုံပါရမည်) 

ပေးပို့ရန်

ဖော်ပြပါ စာရွက်စာတမ်းအားလုံးကို  စာအိတ်ထဲထည့်ပိတ်ပြီး 
ရုံးအမှတ် ၅၁ 
အလုပ်သမားဝန်ကြီးဌာန၊
နေပြည်တော်

သို့ လိပ်မူပြီး ပို့ပေးရမှာ ဖြစ်ပါတယ်။ 


(စာတိုက်ကြီး, DHL, Royal express စသဖြင့် အသုံးပြုပြီး ပေပို့နိုင်ပါါတယ်) 
လူကိုယ်တိုင် သွားရောက် လုပ်ကိုင်၍ မရပါ။

အသေးစိတ် သိလိုသူများ 067430183 ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

Credit Thae Zarchi Bo

ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ

PJ Passport နှင့် OWIC မြန်မာနိုင်ငံကူးလက်မှတ် (မနလ) (၉)မျိုး

 

Local News Read 2648 times