PJ Passport နှင့် OWIC မြန်မာနိုင်ငံကူးလက်မှတ် (မနလ) (၉)မျိုး


18 October, 2021

၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဥပဒေအရ ပြည်ပကို လုပ်သားကို့ဆောင်မည်ဆိုလျှင် အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ရအေဂျင်စီမှတစ်ပါး မည်သူမျှ လုပ်သားပို့ဆောင်ခွင့်မရှိပါ။ 
ပြည်ပအလုပ်အကိုင်အေဂျင်စီ လိုင်စင်မရှိပဲ တရားမဝင် ပြည်ပကိုလုပ်သားပို့ဆောင်မည်ဆိုလျှင်လည်း ပြည်ပအလုပ်အကိုင်ဥပဒေပုဒ်မ ၂၆ အရ ထောင်ဒါဏ် ၇ နှစ်အထိကျခံရမှာဖြစ်ပါတယ်။ 
တရားဝင်လိုင်စင်ရ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေဟာလည်း အလုပ်သမားဝန်ကြီးဌာနရဲ့ သတ်မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်းတွေကို အတိအကျလိုက်နာရပါတယ်။ စည်းကမ်းဖောက်ဖျက်ပါက လိုင်စင်ပိတ်သိမ်းခံရခြင်း၊ တည်ဆဲဥပဒေများအရ အရေးယူခံရခြင်းအစရှိတာတွေခံရပါတယ်။
ယခုလက်ရှိ အခြေအနေမှာဖြစ်ပေါ်နေတဲ့ PJ နှင့် OWIC လို့ခေါ်တဲ့ Overseas Worker Identity Card ဆိုတာ ဒီကနေတစ်ဆင့် အခြေခံလာတာပါ။

ယခုမှပေါ်လာတဲ့ဥပဒေမဟုတ်ပါ လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တဲ့ ဥပဒေဖြစ်ပါတယ်။ အဓိကကတော့ တရားမဝင် ပြည်ပသို့ထွက်ခွာခြင်းကြောင့် ကြုံတွေ့ခံစားလာရမည့် အခက်အခဲဒုက္ခတွေကို ကာကွယ်စောင့်ရှောက်ပေးလိုတဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်နှင့် နိုင်ငံတော်မှ ချမှတ်ပေးခဲ့တဲ့ဥပဒေပါ။
ဒီတော့ တရားဝင်ပြည်ပကို အလုပ်နှင့် ထွက်ခွာမည်ဆိုလျှင် အလုပ်သမားဝန်ကြီးဌာနမှာ တရားဝင်မှတ်ပုံတင်လျောက်ထားရပါမယ်။ ထို့နောက်အလုပ်သမားဝန်ကြီးဌာနမှ ခွင့်ပြုချက်ရရှိလျင် အလုပ်သမားဝန်ကြီးဌာနမှဖွင့် လှစ်ထားရှိတဲ့ ပြည်ပသို့ ထွက်ခွာအလုပ်လုပ်မည့် လုပ်သားများအတွက် သိသင့်သိထိုက်တဲ့ ဆောင်ရန်ရှောင်ရန်များ လုပ်ထုံးလုပ်နည်းများကို လေ့လာသင်ကြားစေတဲ့ Overseas worker orientation Course လုပ်ငန်းခွင်အကြိုသင်တန်းကို (၃ ရက် သင်တန်း) အခမဲ့တက်ရောက်ရပါမယ်။သင်တန်းဆင်းလက်မှတ်နှင့်တကွ အခြားလိုအပ်သော စာရွက်စာတမ်းများနှင့် ပြည်ပအလုပ်အကိုင် လုပ်သားသက်သေခံကဒ်ပြားကို လျောက်ထားရပါမယ်။ OWIC ကတ်ပြား ရရှိမှပဲ ပြည်ပကိုတရားဝင် အလုပ်နှင့်ထွက်ခွာလို့ရပါမယ်။ ဒါဟာ OWIC Overseas worker Identity Card ခေါ် Smart Card ပါပဲ။ဒါမပါလျင် သွားခွင့်မရှိပါ။

ဒီနေရာမှာ မေးစရာပေါ်လာတာကတော့ ဒီကဒ်ပြားရရှိဖို့ဘယ်လိုလုပ်ရမလဲ


(၁) Passport ဟာ အလုပ်အတွက်ထုတ်ပေးတဲ့ PJ ဖြစ်ရပါမယ်
(၂) အေဂျင်စီနှင့်အလုပ်လျောက်ထားပြီးသွားသူဆိုလျှင် တရားဝင်ပြည်ပအလုပ်အကိုင်အေဂျင်စီက ပဲသွားလို့ရပါမယ်။
(၃) အလုပ်ရှင်တိုက်ရိုက် အလုပ်ခန့်ထားတဲ့ ကြားပွဲစားလုပ်မယ့်သူဆိုလျှင်တော့ မိမိကိုယ်တိုင် နီးစပ်ရာ အလုပ်သမားဝနိကြီးဌာနရုံးများကတစ်ဆင့်လျောက်ထားနိုင်ပါတယ်။ 
( ဒီအချက်မှာ White Color workers လို့ခေါ်တဲ့ အဆင့်မြင့် ပညာတတ်လုပ်သားတွေပဲရပါမယ်။ Blue Color Workers လို့ခေါ်တဲ့ အခြေခံလုပ်သားတွေကတော့ ပညာအရသော်လည်းကောင်း၊ အလုပ်သဘောအရသောလည်းကောင်း အားနည်းတဲ့အတွက် တာဝန်ယူ စောင့်ရှောက်ပေးမည့် အေဂျင်စီ မဖြစ်မနေလိုအပ်ပါမယ်။ ဒါကြောင့် တရားဝင်အေဂျင်စီများနှင့် ချိတ်ဆက်ပါ) 
(၄) အလုပ်သမားဝန်ကြီးဌာနက တရားဝင်ခွင့်ပြုမထားတဲ့ လုပ်ငန်းများ အတွက်ကတော့ လုံးဝ(လုံးဝ) သွားလို့မရပါ။ 
( ဥပမာ ။ အိမ်အကူလုပ်သား၊ ဖျော်ဖြေရေးလုပ်သား၊ ကြေးစားစစ်မှုထမ်း အစရှိသည်တို့ဖြစ်ပါတယ်။ ကျန်တာတွေလည်း ရှိပါမယ်။) 
(အိမ်အကူလုပ်သားများအတွက် တရားဝင်ထွက်ခွာခွင့်ပြုရေး လက်ရှိဆွေးနွေတးင်ပြနေကြပါတယ်။)

 

တရားဝင်ခြင်းနှင့် တရားမဝင်ခြင်းကြားဘာတွေကွာမလဲ လို့ထပ်မေးလာလျှင်

လက်ရှိတရားမဝင်ပို့ဆောင်နေသူတွေဟာ လုပ်သားလစာရဲ့ ၆ လ ၇ လ အထိဖြတ်တာ ယူတာရှိပါတယ်။ ကွာရန်တင်းစရိတ်ကို လုပ်သားဘက်ကပေးခိုင်းတာ ၊ ပြဿနာတစ်စုံတရာ ပေါ်ပေါက်လာလျှင် ရှောင်ပြေးတာ။ ငွေလိမ်ပြီးထွက်ပြေးတာ အစရှိတဲ့အခက်အခဲတွေအများကြီးကြုံတွေ့နေရတာကြားသိနေကြရမှာပါ။ 

တရားဝင်သူတွေကတော့ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနရဲ့ သတ်မှတ်ချက် ဖြစ်တဲ့ ယေဘူယအားဖြင့် လုပ်သားလစာရဲ့ ၄ လစာထက်ပိုကောက်လို့မရပါ။ ပိုကောက်လျင်လည်။ ပြည်ပအလုပ်အကိုင်ဥပဒေပုဒ်မ ၂၇ အရ ထောင်ဒါဏ် ၃ နှစ်အထိကျခံရမှာဖြစ်ပါတယ်။ လစာကိုလည်း အမြင့်ဆုံးရအောင်ကြိုးစားပေးရတယ်။ လက်ရှိကွာရန်တင်းစရိတ်ကိုလည်း အလုပ်ရှင်ဘက်ကပဲပေးရပါတယ်။ ငွေလိမ်ပြီးထွက်ပြေးမယ်ဆိုလည်း အာမခံငွေအမြောက်အများ ဆုံးရှုံးရမည့်အပြင် အာမခံအဖြစ်တင်ထားတဲ့ မရွှေ့မပြောင်းနိုင်သော ပိုင်ဆိုင်မှုတွေအသိမ်းခံရမှာပါ။ ဒါ့အပြင် တည်ဆဲဥပဒေများအရ အရေးယူခံရမှာပါ။ ဒါကြောင့် လိမ်လည်ဖို့ အင်မတန်ခက်ခဲပါမယ်။ အလုပ်ရှင်အလုပ်သမားပြဿနာပေါ်ပေါက်လာလျှင်လည်း အဆင်ပြေအောင် တာဝန်ယူမှုတာဝန်ခံမှုနှင့် ဖြေရှင်းပေးရပါတယ်။ ကြားပွဲစားတွေနှင့်လည်း ဆက်ဆံလို့မရပါ။
ဒီလောက်ဆိုရှင်းမယ်ထင်ပါတယ်။
OWIC ကိစ္စက ယခင်ကကြပ်ကြပ်မတ်မတ်မလုပ်ခဲ့ပဲ နားလည်မှုနှင့် ထွက်လို့ရခဲ့တာပါ။
နောက်ပြီး ခွင့်ပြန်လာသူဆိုလျင် အလုပ်ရှင်ထံမှခွင့်စာ၊ သက်တမ်းရှိတစ်ဘက်နိုင်ငံမှ ပါမစ်ကဒ်ပြားအစရှိတာတွေတင်ပြနိုင်လျှင် လွှတ်ပေးပါတယ်။
ထို့အပြင် ကျန်းမာရေး အကြောင်းပြချက်အရဆိုလျှင်လည်း ဆေးရုံက လက်မှတ် အထောက်အထားအပြည့်အစုံနှင့် ရှင်းလင်းပြသပြီး PJ passport ဖြစ်နေပါသော်လည်း ထွက်ခွာခွင့် ပေးနိုင်ပါတယ်။
အလည်သွားခြင်တာတို့ ကျောင်းသွားတက်ခြင်တာတို့ဆို‌လျင်တော့ တည်ဆဲဥပဒေအရ မဖြစ်မနေ PE သို့မဟုတ် PV ပြောင်းပြီးသွားရပါမယ်။
ဒါကြောင့် မသိနားမလည်ပဲ အခက်မတွေ့ရအောင် အပြစ်တင်မစောရအောင် ရှင်းလင်းပေးရခြင်း ဖြစ်ပါတယ်။

Credit Saw Oo

မြန်မာနိုင်ငံကူးလက်မှတ် (မနလ) (၉)မျိုး

PB  Business Passport
PT  Dependent Passport
PJ  Job Passport
PR  Religious Passport
PS  Seaman Passport
PE  Student Passport
PV  Visit Passport
PD  Diplomatic Passport 
PO  Official Passport

အောက်တိုဘာလ ၁၈ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  ၁၇ ယောက် လေယာဉ်ပေးမတက်သည့် ကိစ္စရပ်မှာ 
၁- PJ ကိုင်ထားပြီး labour smart card မပါသဖြင့် ခွင့်မပြု
၂- PJ ကိုင်ထားပြီး smart card လည်းရှိလျှင် လေယာဉ်ပေါ် လိုက်ခွင့်ပေးသည်ဟု သိရသည်။  
၃- PV ကိုင်ထားလျှင် အပြန်ခရီးစဉ်လေယာဉ်လက်မှတ် return ticket + ပြည်ပတွင် နေထိုင်စဉ် သုံးစွဲရန် ငွေ show money + ပြည်ပတွင် နေထိုင်ရန် ကြိုတင် စီစဉ်ထားခြင်း accommodation booking အကုန်ပြနိုင်ရန် လိုအပ်ပါသည်။ 
 

Laws and Regulations Read 1320 times