ကုန်ဈေးနှုန်း မတက်စေရန် သွင်းကုန်ခွန် ဖြေလျော့မှု ဖိလစ်ပိုင် အစိုးရ သက်တမ်းတိုးမြှင့်မည်


08 August, 2023

ကုန်ဈေးနှုန်း မတက်စေရန် သွင်းကုန်ခွန် ဖြေလျော့မှု ဖိလစ်ပိုင် အစိုးရ သက်တမ်းတိုးမြှင့်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ဖိလစ်ပိုင်တွင် ဆန်အပြင်  ပြောင်းနှင့် ဝက်သား တင်သွင်းမှုည်း အကျုံးဝင်သည့် သွင်းကုန်ခွန် အခွန်အကောက်များ လျှော့ချ‌ပေးထားခြင်းသည် ယခုနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။

ဖိလစ်ပိုင်သည် ယခင်လက ရည်မှန်းထားသည်ထက် ကျော်လွန်နေသည့်  ကုန်ဈေနှုန်းများကို ထိန်းရန်အတွက် ဆန်နှင့် အခြားကုန်ပစ္စည်းများ သွင်းကုန်ခွန် လျော့ပေါ့ပေးထားခြင်းကို  ၂၀၂၃ ခုနှစ်ထက် ကျော်လွန်သည်အထိ သက်တမ်းတိုးမြှင့်နိုင်ဖွယ်ရှိကြောင်း  တာဝန်ရှိသူများက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် စတင်ခဲ့သော သွင်းကုန်ခွန်များ လျော့ပေါ့ပေးထားသည့် အစီအစဉ်အရ တင်သွင်းသော ဆန်များအပေါ် သွင်းကုန်ခွန် လျှော့ချပြီး ‌စည်းကြပ်သည်။ 
သွင်းကုန်ခွန်ကြောင့် ကုန်ဈေးနှုန်း မြင့်တက်စေနိုင်သည့် ကုန်စည်များအတွက်လည်း သွင်းကုန်ခွန် လျှော့ချပြီး ‌စည်းကြပ်သည်။ 
Source cna
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Taxation Read 281 times