သက်တမ်းတိုး ရက်ချိန်းကိစ္စနှင့် စပ်လျဉ်း၍ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက အသိပေး ကြေညာချက် ထုတ်ပြန်


25 October, 2021

နိုင်ငံကူးလက်မှတ် သက်တမ်းတိုး ရက်ချိန်းကိစ္စနှင့် စပ်လျဉ်း၍ စင်ကာပူနိုင်ငံရှိ မြန်မာသံရုံးက ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက် ရက်စွဲဖြင့် အသိပေး ကြေညာချက် ထုတ်ပြန်ထားပါသည်။


ကနဦးသတင်း ဖတ်ရှုရန်
ခေါင်းစဉ်ငယ်ကို ထိလိုက်ပါ

စင်ကာပူက မြန်မာတွေ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး အခက်အခဲကြုံနေ

ကမ္ဘာ့ COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ မြန်မာသံရုံး၊ စင်ကာပူမြို့သည် စင်ကာပူနိုင်ငံအစိုးရ၏ အခါအားလျော်စွာ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ မြန်မာနိုင်ငံသားများ အကျိုးဖြစ်သည့် နိုင်ငံကူးလက်မှတ်သက်တမ်း တိုးမြှင့်ပေးခြင်း၊ မြန်မာနိုင်ငံသားမိဘ(၂)ဦးမှ မွေးဖွားသည့် ကလေးအတွက် နိုင်ငံကူး လက်မှတ်အသစ်ထုတ်ပေးခြင်းထောက်ခံစာများ ထုတ်ပေးခြင်းစသည့် ကိစ္စရပ်များအား Q appointment စနစ်ဖြင့် အရှိန်အဟုန်မပျက် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယင်းကဲ့သို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ၂၀၂၁ခုနှစ်အောက်တိုဘာလအတွင်း၌ မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်း တိုးမြှင့်လိုသည့် လူဦးရေ ပိုမိုများပြားလာသည်ကို တွေ့ရှိရပါသည်။ 

မြန်မာသံရုံးအနေဖြင့် စင်ကာပူနိုင်ငံ၏ သတ်မှတ်ထားသည့် ကိုဗစ်ရောဂါ ကန့်သတ်ချက်များနှင့်အညီသာ လူဦးရေကန့်သတ်၍၊ Social Distancing စည်းကမ်းချက် များနှင့်အညီ အဆင်ပြေအောင် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသော်လည်းQ appointment ရယူပြီးမှ မလာရောက်သူများ၊ နိုင်ငံကူးလက်မှတ် သက်တမ်း(၂)နှစ်ကျော် ရှိနေသေး သော်လည်း လာရောက်သက်တမ်း တိုးခြင်းများ ရှိနေကြောင်း တွေ့ရှိရပါသည်။

မြန်မာသံရုံး၊ စင်ကာပူမြို့အနေဖြင့် နိုင်ငံသားအကျိုးကိစ္စရပ်များ လာရောက် ဆောင်ရွက်ရန်အတွက် Q appointment ကို ကြိုတင်လျှောက်ထား ရယူနိုင်စေရန် (၃)ပတ်အတွက် Online system ဖွင့်လှစ်ပေးထားလျက်ရှိပြီးဆောင်ရွက်ပေးနိုင်သည့် သတ်မှတ်လူဦးရေ ပြည့်သွားပါကနောက်ရက်များ၌ Q appointment ရယူ၍ လာရောက် ဆောင်ရွက်နိုင်ရန် စီစဉ်ထားရှိပါကြောင်း နှင့် Q appointment စနစ်ကို ကန့်သတ် ထိန်းချုပ်ထားခြင်း မရှိပါကြောင်း အသိပေး ဖော်ပြအပ်ပါသည်။

စင်ကာပူနိုင်ငံ၌ ကိုဗစ်ကူးစက်မှုနှုန်း မြှင့်တက်လျက်ရှိသည့် ယခုကဲ့သို့ ကာလတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန် အချိန်နီးကပ်သည့် မြန်မာနိုင်ငံသားများအား အခက်အခဲ မရှိစေရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့်၊ နိုင်ငံကူးလက်မှတ် သတ်တမ်း (၂)နှစ်အထက် ရှိသူများအနေဖြင့် အလုပ်ကိစ္စဖြင့် သက်တမ်းတိုးရန် လိုအပ်ပါက IPA letter / Pass renewal letter တင်ပြနိုင်မှသာ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ပါကြောင်းနှင့် နိုင်ငံကူးလက်မှတ် သို့မဟုတ် နေထိုင်ခွင့်သက်တမ်း (၆)လအောက် သက်တမ်းသာရှိပြီး သက်တမ်းတိုးမြှင့်ရန်အတွက် Q appointment ရယူနိုင်ခြင်း မရှိသူများ အနေဖြင့် လိုအပ်သည့် အချက်အလက်များ ပြည့်စုံစွာဖြင့် သံရုံး e-mail: [email protected] သို့ လျှောက်ထားလာပါက လူဦးရေ အကန့်အသတ် အပေါ်မူတည်၍ အထူးကိစ္စရပ်အနေဖြင့် စိစစ်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်

မြန်မာသံရုံး

 

 

 

 

 

 

Local News Read 445 times